Thursday, August 7, 2014
*~~~ကျွနှ်ပ်၏တပိုင်းတစ ဒဿ နများ(၈)~~~*
 ဘယ်အရာကိုပဲလုပ်လုပ် တနပ်စားဥာဏ်နဲ့  တဘ၀စာ တခဏစာအတွက်ကို မကြည့်ပဲ
သံသရာနဲ့ ချီပြီးတော့ကြည့်တတ်တဲ့အမြင်နဲ့  လုပ်တတ်တဲ့သူဟာပညာရှိသူတော်ကောင်းပါပဲ...။
***~~~***
 လူ့ ဘ၀ဆိုတာအင်မတန်မှရခဲပေမယ့်
ငရဲကျဖို့ တော့အင်မတန်မှလွယ်တယ်...။
***~~~***
  လောကမှာ ပညာမဲ့တဲ့သူတွေဟာ သူတပါးကိုထိုးနှက်ပုတ်ခတ်
 စော်ကားတိုက်ခိုက်ပြီး အချိန်ဖြုန်း လူဖြစ်ရှုံးနေကြပေမယ့်
ပညာရှိသူတော်ကောင်းတွေကတော့ ကိုယ်ဘယ်သူဆိုတာမြင်အောင်ကြည့်
ကိုယ့်ကိုယ်ကိုယ်ပြုပြင် ကိုယ့်ပါရမီကိုယ်ဖြည့် လူဖြစ်ရကြိုးနပ်အောင်
ဘ၀ကိုတန်ဘိုးရှိအောင်နေကြတယ်...။
***~~~***
သူတပါးအပြစ်တွေသာမြင်တတ်ပြီး
ကိုယ့်ရဲ့ ကိုယ် ၊ နှုတ် ၊နှလုံး သုံးပါးရဲ့အပြစ်တွေကို မမြင်တတ်တဲ့သူဟာ
မျက်လုံးသာမြင်ပြီး အသိပညာကန်းနေတဲ့သူဖြစ်တယ်...။
***~~~***
လောကကြီးမှာသူတပါးက ကိုယ့်ကိုကြိုက်တာမကြိုက်တာထက်
ကိုယ့်ကိုယ်ကို ကြိုက်ဖို့ နဲ့ ဘုရားမကြိုက်တဲ့ ငမိုက်သား ဗာလနံမဖြစ်ဖို့ ပဲအရေးကြီးတယ်...။
***~~~***
လူတယောက်မှာ ကိုယ်ကျင့်သီလနဲ့ စာရိတ္တတွေ ပျက်စီးယိုယွင်း သွားပြီဆိုရင်
အဲဒီလူဟာစွန့် ပြစ်ရမယ့် လူ့ အမှိုက်ဖြစ်သွားတော့တာပဲ...။
***~~~***
 ဂုဏ်တွေငွေတွေပေါ်မှာသိပ်အလေးပေးတတ်တဲ့သူဟာ
လူ့ တန်ဘိုးနဲ့ လူ့ ဂုဏ်သိက္ခာကျဆင်းသွားတယ်
တန်ဘိုးမဲ့တဲ့သူဖြစ်သွားတယ်...။
***~~~***
လူပီသတဲ့လူတယောက်ဖြစ်ဖို့ အတွက် 
အဓိကလိုအပ်ချက်ဟာ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားပဲ...။ 
***~~~*** 
 လောကမှာ သူယုတ်မာတစ်သိန်းကိုးသောင်းရဲ့ အကြောင်းတွေကိုသိရှိရတာထက်
သူတော်ကောင်းတယောက်ရဲ့အကြောင်းကို လေ့လာသိရှိရတာကပို၍တန်ဘိုးကြီးမားတယ်...။
***~~~***
အခွှင့်အရေးယူလွန်းတဲ့သူတွေဟာ လူ့ အစွမ်းအစညံ့ဖျင်းသွားတတ်ကြသလို
အစွမ်းအစရှိတဲ့သူများကတော့ အခွှင့်အရေးယူလေ့မရှိကြပါဘူး
သူတို့ အတွက်မလိုအပ်လို့ ပါပဲ...။
***~~~***
အမှားကို အမှားမှန်း သိပြီး အချိန်မလွန်ခင် အမှားပြင်တတ်တဲ့သူဟာသူတော်ကောင်းပဲ...။
***~~~***
အမှားတွေထဲကနေ သင်ခန်းစာမယူတတ်ရင် လူဖြစ်ရကျိုးမနပ်ဘူး...။
***~~~***
 အမှားတွေနဲ့ လုံးထွေးနေရင် ဘ၀ကရှုပ်ထွေးလေ
အမှားတွေနဲ့ ကင်းဝေးလေ ဘ၀ကရှင်းသန့် မွန်မြတ်လေပဲ...။
***~~~***
သူတော်ကောင်းဆိုတာမျိုးက
ကိုယ်သာအနစ်နာခံမယ် သူတပါးကိုယ့်ကြောင့်မနစ်နာစေရဘူး ဆိုတဲ့
မြင့်မြတ်တဲ့စိတ်ဓါတ်တွေရှိတယ်...။
***~~~***
သူယုတ်မာဆိုတာမျိုးက
 မင်းသားကြီးမဖြစ်ရင် ပတ်မကြီးကိုဖေါက်မယ်
ဆိုးရွားယုတ်ညံ့တဲ့စိတ်ဓါတ်တွေရှိတယ်...။
***~~~***
အကုသိုလ်တရားတွေနဲ့ ဝေးသထက်ဝေးသွားခြင်းဟာ
နိဗ္ဗာန်သွားဖို့ နီးသထက်နီးလာတာပါပဲ...။
***~~~***
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... 
*
*
*
No comments:
Post a Comment