ပြီးခဲ့တဲ့ရက်သတ္တပတ်နွေရာသီအားလပ်ရက်မှာ ဆန်ဖရန်စစ်စကိုနဲ့ လော့စ်အိန်ဂျလိစ်ကို အလည်ရောက်ဖြစ်ခဲ့တယ်...။ ဆန်ဖရန်စစ်စကိုလေဆိပ်ကိုရောက်တာနဲ့ 
နေချင်စဖွယ်မြို့ လို့ မှတ်ချက်ချမိတယ်။
ဆန်ဖရန်စစ်စကိုဟာ အခုလာမယ့် ဇွန်လ ၂၉ ရက်နေ့  မှာမြို့ ရဲ့သက်တမ်း ၂၃၈ နှစ်ရှိသွားပါပြီ။
ဆန်ဖရန်စစ်စကိုဟာ အခုလာမယ့် ဇွန်လ ၂၉ ရက်နေ့  မှာမြို့ ရဲ့သက်တမ်း ၂၃၈ နှစ်ရှိသွားပါပြီ။
စပိန်လူမျိုးတွေ အစောဆုံးဝင်ရောက်အခြေချနေထိုင်ခဲ့တဲ့ဒီမြို့ ဟာ စပိန်ဘာသာစကားအရ
San Francisco ဆိုတာ "Saint Francis" လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။
San Francisco ဆိုတာ "Saint Francis" လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။
ဆန်ဖရန်စစ်စကိုမြို့ မှာ လူဦးရေ ရှစ်သိန်းကျော်ရှိပြီး အမေရိကန်နိုင်ငံရဲ့ နံပါတ် ဆယ့်လေး ခုမြောက်
လူဦးရေအများဆုံးနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နံပါတ်လေးခုမြောက်လူဦးရေအထူထပ်ဆုံးမြို့ လည်းဖြစ်ပါတယ်။
သမိုင်းအစဉ်လာကြီးမားခဲ့တဲ့ဒီမြို့ ဟာ နှစ်ပေါင်းနှစ်ရာကျော်ရှိလာသည့်တိုင်
ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံတို့ ရဲ့ နေထိုင်အခြေချရာ၊ စီးပွားရှာရာ၊ အနားယူရာ၊ လာရောက်လည်ပတ်
လေ့လာစရာတွေနဲ့ ပြည့်နေတဲ့ မြို့ ကြီးအဖြစ် Pacific သမုဒ္ဒယာကြီးရဲ့နဘေးမှာ
ဂုဏ်သရေရှိရှိ ထီးထီးမားမား ခန့် ညားထည်ဝါစွာနဲ့ တည်ရှိနေတဲ့မြို့ ကြီးတမြို့ ပါ ...။
*** *** ***
*** *** ***
ဆန်ဖရန်စစ်စကို ရဲ့ကမ္ဘာကျော် Golden Gate တံတားကြီးကိုညို့ ညို့ ဆိုင်းဆိုင်း
မနက်ခင်းရဲ့ မြူ မှုံတွေကြားထဲမှာတွေ့ လိုက်ရပါတယ်...။
ဒီတံတားကြီးကို ဇန်န၀ါရီ လ ၅ ရက် နေ့ ၁၉၃၃ ခုနှစ်ကနေစတင်တည်ဆောက်ခဲ့ပြီး
ဧပြီ လ ၁၉ ရက် ၁၉၃၇ ခုနှစ်မှာပြီးဆုံးခဲ့ပါတယ်...။
ထိုခေတ်က ကုန်ကျစားရိတ် သန်းတစ်ရာခန့်  ရှိခဲ့ပြီး ယခုခေတ်အနေအထားအရ
၁.၂ ဘီလီယံကုန်ကျစားရိတ်ရှိတယ်လို့ ဆိုပါတယ်...။
မေ လ ၂၇ ရက် ၁၉၃၇ ခုနှစ်မှာဖွှင့်လှစ်ခဲ့တဲ့ဒီတံတားကြီးဟာ ယခုဆိုရင်သက်တမ်း ၇၇ နှစ်ရှိခဲ့ပါပြီ။
အမြင့်ပေ ၇၄၆ ပေ ၊ အနံပေ ၉၀ ၊ အလျှား ၈၉၈၁ ပေ ၊ ပျမ်းမျှခြင်း နှစ်မိုင်နီးပါးရှည်လျှားတယ်လို့ ဆိုပါတယ်။
သက်တမ်းအားဖြင့်အိုမင်းနေပြီလို့ ထင်ရတဲ့ဒီတံတားကြီးဟာ ပြင်းထန်တဲ့ ဒီရေတွေ လှိုင်းလုံးကြီးတွေ
လေပြင်းတွေတိုက်ခတ်တဲ့ ပစစ်ဖိတ်သမုဒ္ဒယာကြီးကိုတော့
ရဲရဲဝံ့ဝံ့ခေါင်းမော့ရင်ကော့လို့ သတ္တိရှိရှိရင်ဆိုင်ရပ်တည်နေဆဲပါပဲ...။
*
*
ဆက်ရန်...
No comments:
Post a Comment