Wednesday, December 25, 2013
*~~~Merry Christmas!~~~*
 "Peace on earth will come to stay, 
when we live Christmas everyday."
(Helen Steiner Rice)
Merry Christmas!
***~~~***
Christmas Eve မှာလျှောက်လည်ရင်းရိုက်ဖြစ်ခဲ့တဲ့ပုံလေးတွေ......
*
*
*
*
*
*
Saturday, November 30, 2013
*~~~ပေါက်နေတဲ့ရေပုံးကလေး~~~*
တခါတုန်းက တောရွာလေးတရွာမှာ အဖိုးအိုတယောက်ရှိသတဲ့...။
သူဟာနေ့ စဉ်နေ့ တိုင်း ရေပုံးလေးနှစ်ပုံးကို ပုခုံးနဲ့ ထမ်းပြီး စမ်းချောင်းလေးတခုကနေ
သူ့ ရဲ့အိမ်ကလေးဆီကို ရေတွေသယ်လာလေ့ရှိတယ်...။
အဲဒီလိုသူသယ်လာတဲ့ ရေပုံးလေးနှစ်ပုံးမှာ တခုသောရေပုံးလေးက
ရေတွေစိမ့်ထွက်နေတဲ့ အပေါက်ကလေးတွေပေါက်နေတဲ့ ရေပုံးကလေးပေါ့...။
အဖိုးအို အိမ်ပြန်ရောက်တိုင်းမှာ အဲဒီပေါက်နေတဲ့ရေပုံးကလေးထဲမှာ
ရေတ၀က်ပဲအမြဲတမ်းပါလာခဲ့သတဲ့...။
အခြားတခုသောရေပုံးလေးကတော့ ရေတွေအပြည့်နဲ့ အိမ်ကိုအမြဲတမ်းပါလာတတ်တယ်...။
ရေအပြည့်ပါလာတဲ့ရေပုံးလေးက သူသယ်ဆောင်လာတဲ့ရေတွေအတွက်
သူ့ ကိုယ်သူအလွန်ပဲဂုဏ်ယူနေသတဲ့ ...။
 ရေတ၀က်ပဲပါလာခဲ့တဲ့ရေပုံးလေးကတော့ ရေအပြည့်ပါလာတဲ့ရေပုံးလေးလို
သူ့ ဆီမှာစွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် နေ့ စဉ်နေ့ တိုင်းပဲဝမ်းနည်းနေမိသတဲ့...။
ဒီလိုနဲ့  ရက်တွေလတွေအတော်ကြာလာတဲ့အခါမှာအဲဒီပေါက်နေတဲ့ရေပုံးကလေးက
အဖိုးအိုကိုပြောသတဲ့  "အဖိုးရယ် ကျနော်ကပေါက်နေတဲ့ရေပုံးကလေးဖြစ်နေတော့
အဖိုးရဲ့အိမ်ကိုရေတွေအများကြီးသယ်မပေးနိုင်တာကို
ရှက်လည်းရှက်မိ ၀မ်းလည်းနည်းမိပါတယ်" လို့ ပြောရှာသတဲ့...။
ဒါနဲ့ အဖိုးအိုက ရေပုံးလေးကိုဒီလိုပြန်ပြောသတဲ့ ...
"ရေပုံးကလေးရေ... အိမ်အပြန်လမ်းတလျှောက်မှာ မင်းသတိထားမိသလား...
ရေတွေတစိမ့်စိမ့်နဲ့ ပေါက်ကျနေတဲ့ မင်းရှိတဲ့အခြမ်းဖက်မှာ ပန်းပွင့်လေးတွေ
ဝေဆာဖူးပွင့်နေတာလေ...အဲဒါမင်းရေလောင်းခဲ့တာပေါ့...။
 မင်းမှာ အဲဒီလိုရေတွေပေါက်ကျနေတာသိလို့ ပန်းပင်လေးတွေကို ငါစိုက်ပျိုးထားခဲ့တာလေ...။
အကယ်၍ မင်းက ပန်းပင်လေးတွေပေါ်ကို ရေတွေပေါက်ကျမနေခဲ့ဘူးဆိုရင်
အဲဒီပန်းပင်လေးတွေ အခုလိုဖူးပွင့်နေမှာမဟုတ်ဘူးလေ...
အခုတော့ ငါ့အိမ်ကလေးမှာ လှပတဲ့ပန်းပွင့်ကလေးတွေနဲ့ အလှဆင်နိုင်ခဲ့တာ
မင်းကြောင့်ပါပဲ" လို့ ပြန်ပြောခဲ့သတဲ့...။
ဒီတော့မှ ရေပုံးကလေးက သူဟာ လောကကြီးအတွက် လှပတဲ့ပန်းပွင့်ကလေးတွေကို
ရှင်သန်အောင် ရေလောင်းပေးခဲ့တဲ့သူ...ပြီးတော့ အဖိုးအိုရဲ့အိမ်ကလေးကိုလည်း
ပန်းပွင့်ကလေးတွေနဲ့ အလှဆင်ပေးနိုင်တဲ့သူဆိုတာ နားလည်သွားပြီး
သိပ်ကိုပျော်ရွှင်သွားတော့တယ်...။
ပုံပြင်လေးကတော့ဒါပါပဲ...။
အဲဒီပုံပြင်လေးထဲကလိုပါပဲ...
အကယ်၍ သင့်ကိုယ်သင်တန်ဘိုးထားပြီးကြည့်တတ်မယ်ဆိုရင်
သင်ဟာအများတကာလို မစွမ်းဆောင်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုထင်နေပေမယ့်
အလွန်ပဲလှပတဲ့အရာတွေ ဖန်တီးဖြစ်ပေါ်လာနိုင်သလို လောကကြီးအတွက်
လူသားတွေအတွက် တထောင့်တနေရာမှာ သင်ကိုယ်တိုင်အကျိုးပြုတဲ့သူဖြစ်နေမှာပါ...။
(မှတ်ချက်)  အင်္ဂလိပ်လိုရေးသားထားသောပုံပြင်လေးတပုဒ်ကို
ဆီလျှော်အောင်အနည်းငယ်ပြု ပြင်၍ဘာသာပြန်ဆိုခြင်းပါ...
***~~~***
 ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
 photo ButterfliesGlidingFlowersPink_zps54c09db5.gif
Friday, October 25, 2013
*~~~သူတော်ကောင်းတို့ ၏မြင့်မြတ်သောနှလုံးသား(၁)~~~*
လူတယောက်မှာသူ့ ရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်း ( self-control ) ရှိတယ်ဆိုရင်
အဲဒီလူမှာသူနဲ့ သက်ဆိုင်ရာမွေးရာပါဗီဇ (Natural born character)
(သို့ မဟုတ်) သူဖြည့်ဆည်းခဲ့ဖူးတဲ့ ပါရမီ (Virtue) ဆိုတဲ့အကြောင်းတရားရှိနေလို့ ပါပဲ…။
Self-control ဆိုတာပင်ကိုယ်အရည်အသွေးရှိမှ မိမိကိုယ်မိမိ Control လုပ်လို့ ရတာပါ…။
Self-control ဆိုတာ “ဟန်ဆောင်ခြင်း” (Pretense) ဆိုတဲ့စကားလုံးနဲ့ လုံးဝမသက်ဆိုင်ပါဘူး…။
ဟန်ဆောင်တယ်ဆိုတာ…လိမ်ညာခြင်းပါပဲ…။ 
လူတယောက်ဟာဟန်ဆောင်ပြီးကိုယ့်ကိုယ်ကိုထိန်းချုပ်လို့ မရနိုင်ပါဘူး…။ 
အကယ်၍ဟန်ဆောင်ပြီးထိန်းချုပ်လို့ ရတယ်ဆိုရင်တောင် အဲဒီထိန်းချုပ်မူ့ ဟာ
ခဏတာပဲဖြစ်ပါလိမ့်မယ်…ရေရှည်တည်တံ့နေမယ့်အရာတော့မဟုတ်ပါဘူး…။
Self-control ရှိတဲ့ပုဂ္ဂိုလ်တွေမှာ တည်ရှိနေနိုင်တဲ့အရည်အသွေးတွေကတော့
(၁) သည်းခံခြင်း ( Patience)
(၂) သတိ (Self-Awareness)
(၃) ပညာ (Wisdom)
(၄) ဣနြေ္ဒ (Composure)
(၅) သမာဓိ ( Concentration )
(၆) မိမိရဲ့ကိုယ်, နှုတ်, နှလုံး သုံးပါးကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ (Self-mastery) ဆိုတဲ့အရည်အသွေးတွေပါ။
အဲဒီအရည်အသွေးတွေဟာ သူတော်ကောင်းပုဂ္ဂိုလ်တွေမှာကိန်းအောင်းနေတဲ့
ပင်ကိုယ်အရည်အသွေးတွေပါပဲ…။ 
ဥပမာအားဖြင့် တန်ဖိုးရှိတဲ့ကျောက်မျက်ရတနာဆိုတာ
အဲဒီကျောက်ရဲ့အတွင်းပိုင်းမှာရှိတဲ့အရည်အသွေးကိုကြည့်ပြီးမှ
ဒီကျောက်ဟာတန်ဘိုးဘယ်လောက်ရှိတယ်ဆိုတာကိုပြောနိုင်တာပါ…။
အပေါ်ယံအရောင်ကိုကြည့်ပြီးတော့တန်ဘိုးရှိတယ်လို့ ပြောလို့ ရတဲ့အရာမဟုတ်ပါဘူး…။
ထို့ အတူပဲ သူတော်ကောင်းရဲ့အရည်အသွေးဟာလည်းသူနဲ့ အတူ
ထာဝရဖျောက်ဖျက်လို့ မရနိုင်ပဲအတူရှိနေတဲ့သူ့ ရဲ့ပင်ကိုယ်ဗီဇအတွင်းသဏ္ဍန်ရဲ့တန်ဘိုးတွေပါပဲ…။
အထက်မှာပြောခဲ့တဲ့အဲဒီအရည်အသွေးတွေဟာလူ ရဲ့အတွင်းပိုင်း
အဇ္ဈတ္တသန္တာန်မှာကိန်းအောင်းနေလို့  Self-control ဆိုတာရှိနေတာပါ…။
လူတယောက်ရဲ့ပင်ကိုယ်ဗီဇဆိုတာ
ဘယ်တော့မှဖျောက်ဖျက်ပြစ်လို့ ရမှာမဟုတ်တဲ့မွေးရာပါသတ္တိတွေပါပဲ။
ကျီးအာသီးကို ပန်းသီးဖြစ်အောင်လုပ်လို့ မရနိုင်သလို
ပန်းသီးကိုလည်း ကျီးအာသီးဖြစ်အောင်လုပ်လို့ မရနိုင်ပါဘူး…။
ဒါဟာဘာလည်းဆိုတော့သူရဲ့ပင်ကိုယ်ဗီဇဆိုတဲ့သတ္တိကြောင့်ပါပဲ…။
ထိုနည်းအတူပဲ လောကမှာ မသူတော်နဲ့ သူတော်ကောင်းဆိုတာဟာလည်း
သူ့ တို့ ရဲ့ပင်ကိုယ်ဗီဇသတ္တိဆိုတာရှိကြပါတယ်။
မသူတော်တယောက်ဟာ ဘယ်လိုပဲသူတော်ကောင်းအယောင်ဆောင်နေပေမယ့်
သူ့ ရဲ့ပင်ကိုယ်အတွင်းစိတ်သန္တာန် က ဆိုးရွားယုတ်ညံ့နေတဲ့အတွက် 
သူဟန်ဆောင်နေလည်းခဏပါပဲ…။
သူ့ ရဲ့တကယ့်အတွင်းသန္တာန် မှာကိန်းအောင်းနေကြတဲ့ လောဘ, ဒေါသ,မောဟ,
အတ္တ ,မာန, ရာဂ , တဏှာ, ဣဿာ
 မစ္ဆရိယ, ကိလေသာ အစရှိတဲ့ဒီတရားဆိုးတွေဟာ
သူ့ စိတ်အလိုမကျတာနဲ့ တပြိုင်နက် သိုးအရေခြုံထားတဲ့ ၀ံပုလွေလို
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလို ဘွားကနဲ့ ပေါ်လာတော့တာပါပဲ…။
Self-control ဆိုတဲ့ထိန်းချုပ်မူ့ မရှိတဲ့ ထိုလူရဲ့စိတ်ဟာ လုပ်သင့်မလုပ်သင့်
ပြောသင့်မပြောသင့် မိမိစောင့်စည်းရမယ့်လူ့ စည်းကမ်းဆိုတာမသိပဲ 
ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ရှက်ရကောင်းမှန်းမသိ
 ကြောက်ရကောင်းမှန်းမသိ အကွပ်မရှိတဲ့ကြမ်း ဗရမ်းပတာဆိုသလို 
ထိန်းမနိုင်သိမ်းမရ ကစဥ့်ကလျှား ဖရိုဖရဲနဲ့ ဖြစ်ချင်သလိုဖြစ်နေတော့တာပါပဲ…။
*****
သူတော်ကောင်းတွေရဲ့အတွင်းစိတ်ကိုလေ့လာခြင်း
 သူတော်ကောင်းတွေရဲ့အတွင်းစိတ်သန္တာန်တွေကိုလေ့လာကြည့်တဲ့အခါမှာ
သူတော်ကောင်းတွေဟာ မသူတော်တွေနဲ့ သူတို့ ဘ၀မှာကြုံရ ဆုံရ တွေ့ ရတဲ့အခါ
သူတို့ ရဲ့အတွင်းစိတ်သန္တာန်ဟာလည်း ဘွားကနဲ့ ပေါ်လာတတ်တာပါပဲ…။
ဥပမာအားဖြင့် ရွှေအစစ်ဟုတ်မဟုတ်သိချင်ရင် ရွှေစစ်ဆေးတဲ့ အက်ဆစ်(Acid) နဲ့ 
ရွှေကိုလောင်းလိုက်တဲ့အခါမှာ အခြားသောရွှေမဟုတ်တဲ့အရာတွေကို
အက်ဆစ်ကအလွယ်တကူလောင်ကျွမ်းသွားနိုင်ပေမယ့် ရွှေအစစ်ကတော့
လောင်ကျွမ်းမူ့ မရှိပဲ သူ့ ရဲ့ပင်ကိုယ်သတ္တိက ဘွားကနဲ့ ပေါ်လာသလိုမျိုးပါပဲ…။
သာဓကနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓအရှင်ရဲ့လက်ယာရံ အဂ္ဂသာဝကဖြစ်တဲ့
အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မထေရ်မြတ်ဟာ
ပုဏ္ဏားတယောက်ကအရှင်မြတ်ရဲ့ကျောကုန်းကို ဘုန်း ကနဲ့ နေအောင်ရိုက်ချလိုက်တဲ့အခါမှာ
အရှင်မြတ်က လှည့်တောင်ကြည့်တော်မမူခဲ့ပါဘူးတဲ့…။ 
သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ သူတို့ ဘ၀မှာဘယ်လိုပင်ဆိုးရွားတဲ့
အကျင့်စရိုက်နဲ့ လူကိုတွေ့ ရပါစေဦးတော့
သူတို့ ရဲ့အင်မတန်မှမြင့်မြတ်တဲ့အကျင့်သီလတွေ ပညာတွေ သည်းခံခြင်းတွေဟာ
ဘယ်အရာနဲ့ မှနှိုင်းလို့ မရအောင် ကြီးကျယ်မြင့်မြတ်အံ့သြဖွယ်ရာ 
ဘွားကနဲ့ ပေါ်လာကြတော့တာပါ...။
(ပါရမီနည်းရင်နည်းသလို များရင်များသလိုတော့ကွာခြားချက်ရှိမှာပါ)
ဒါပေမယ့် သူတော်ကောင်းတွေရဲ့အရည်အသွေးကတော့
တန်ဘိုးနဲတဲ့ကျောက်နဲ့ တန်ဘိုးများတဲ့ကျောက်လိုမျိုးပဲ တန်ဘိုးခြင်းသာကွာမယ် အရည်အသွေးတွေကတော့ရှိနေကြတာပါပဲ…။
သာမန်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အရှင်သာရိပုတ္တရာဟာ ရဟန္တာဖြစ်လို့ 
ခန္တီပါရမီနဲ့ ပြည့်စုံလို့ အခုလိုသည်းခံနိုင်စွမ်းရှိတယ်လို့ ယူဆနိုင်ပါတယ်…
ဒါပေမယ့် အဲဒီသည်းခံခြင်းရဲ့နောက်မှာ စက္ကန့် မလပ်ရှိနေတဲ့ သတိတရားနဲ့ ပညာတွေဟာ
အရှင်သာရိပုတ္တရာရဲ့ အံ့မခန်းဖွယ် ပင်ကိုယ်ဗီဇနဲ့ ဘ၀အဆက်ဆက်ကဖြည့်ဆည်းခဲ့တဲ့
ပါရမီအရည်အသွေးတွေပါ…။ တနည်းအားဖြင့်  The Greatest Self-mastery လို့ ခေါ်တဲ့
အရှင်မြတ်ရဲ့ အနှိုင်းမဲ့သော Superiority ဆိုတဲ့မြင့်မြတ်ခြင်းပါပဲ…။
 “Though one should conquer a thousand times a thousand men in battle,
he who conquers his own self, is the greatest of all conquerors.”  
(Lord Buddha)
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
Sunday, September 29, 2013
*~~~ကိုယ်နဲ့ ယုန်ကလေးတွေအကြောင်း~~~*
ကလေးဘ၀တုန်းက ဖတ်စာအုပ်ထဲမှာ
ကဗျာလေးတပုဒ်ဖတ်ဖူးပါတယ်...
 ယုန်ကလေးတကောင်အကြောင်းဖွဲ့ ဆိုထားတဲ့ကဗျာလေးပါ...။
ကဗျာလေးကဒီလိုလေ...
"ယုန်ကလေးတကောင်
တောင်ကုန်းနားမှာ
ခုန်၍ပြေးနေသည်
မယုံလျှင်သွားကြည့်ပါ
မကြုံစဖူးလှသည်တဲ့...။"
ငယ်ငယ်တုန်းကအဲဒီကဗျာလေးဖတ်ပြီးတော့
ယုန်ကလေးတွေကိုအရမ်းတွေ့ ဖူးချင်ခဲ့တယ်...။
******
ဆည်းဆာချိန်မိုးကောင်းကင်တခုလုံးအရောင်မျိုးစုံနဲ့ 
သဘာဝရဲ့ပန်းချီကားချပ်ပမာလှပတဲ့နွေညနေခင်းလေးတခုမှာပေါ့...
ကိုယ်တယောက်အိမ်နောက်ဖက်က မြက်ခင်းပြင်ပေါ်မှာ
ဘော်လုံးလေးတလုံးကို အပေါ်မြှောက်ပြစ်လိုက် ပြီးတော့အဲဒီဘော်လုံးလေးကို
ပြန်ဖမ်းလိုက်နဲ့ လုပ်နေတုန်း ကိုယ်ပြန်ဖမ်းတဲ့ဘော်လုံးလေးကိုမမိပဲအရှိန်လွန်ပြီး
ဘော်လုံးကလေးက ကိုယ်စိုက်ထားတဲ့ ဇီရာချုံထဲကိုကျသွားတော့တယ်...
ကိုယ်လည်းချုံကိုဖယ်ပြီးလိုက်ရှာတော့ ဘော်လုံးလေးကိုတွေ့ ပြီဆိုပြီး
ကောက်မယ်လုပ်တဲ့ကိုယ့်လက်ကို အလန့် တကြားနဲ့ ပြန်ရုတ်လိုက်မိတယ်...
ကိုယ်တွေ့ လိုက်တာ ဘော်လုံးတခုထဲမဟုတ် 
ဘာသတ္တ၀ါလေးတွေလည်းမသိချုံထဲမှာတစုတရုံးနဲ့ လေ...။ 
ရုတ်တရက်တွေ့ လိုက်တဲ့သတ္တ၀ါလေးတွေကို လန့် သွားပေမယ့် 
စိတ်ထဲမှာ ဘာသတ္တ၀ါလေးတွေပါလိမ့်လို့ သိချင်နေမိပြန်ရော...
ဒါနဲ့ ချုံထဲကိုမလန့် တလန့် နဲ့ သေချာပြန်ကြည့်တော့ 
"ဟာ...ယုန်ကလေးတွေ"  
ကိုယ်အရမ်းအံ့သြသွားမိတယ်...
ပြီးတော့ကိုယ်စိုက်ထားတဲ့ဇီရာချုံလေးက ယုန်ကလေးတွေနေဖို့ 
အိမ်ဂေဟာလေးဖြစ်နေတာကိုလည်းအရမ်းပဲဝမ်းသာသွားမိပြန်တယ်...။
ဒီလိုနဲ့ ......
ကိုယ်တယောက်ယုန်ကလေးတွေကို ခနခဏချုံထဲမှာသွားကြည့်ရတဲ့အလုပ်
သူတို့ စားမယ်ထင်တဲ့မုံလာဥအ၀ါလေးတွေကြွေးရတဲ့အလုပ်
 မိုးတွေရွာရင်လည်းသူတို့ လေးတွေမိုးမစိုအောင်
ချုံပေါ်မှာထီးတချောင်းနဲ့ ချုံကိုထီးအရိုးနဲ့ တွဲချည်ပြီးအုပ်မိုးပေးရတာလဲတဖုံ...
အလုပ်တွေကစုံလို့ ......။
သြော်...ငယ်ငယ်တုန်းကယုန်လေးတွေကိုတွေ့ ဖူးချင်ခဲ့တယ်မဟုတ်လား...
အခုတော့တွေ့ ပြီလေ နှဖူးတွေ့ ဒူးတွေ့ လို့ ကိုယ့်ဟာကိုယ်တွေးမိသေးတော့တယ်...။
  ဇီရာချုံ
 ချုံထဲမှာမုန်လာဥအ၀ါလေးတွေကြွေးထားတာပါ...
 ****** 
ဒီလိုနဲ့ ရက်တွေအတော်ကြာလာတယ်...
ယုန်လေးတွေလည်းတဖြေးဖြေးအရွယ်ရောက်လာတော့တယ်...။
ကိုယ်လည်းအလုပ်တွေများနေတာနဲ့ သုံးရက်လောက်
ကိုယ်စိုက်ထားတဲ့အပင်တွေကိုရေမလောင်းဖြစ်ဘူး...။
ဒီနေ့ တော့ရေလောင်းမယ်ဆိုပြီးအိမ်နောက်ဖက်ထွက်လာတော့
အိုး ......ကိုယ်ရေလောင်းစရာမလိုတော့...
ဟိုမှာကိုယ်စိုက်ထားတဲ့အပင်လေးတွေတပင်မှမရှိတော့ဘူးလေ...
"တားတားတို့ ...မီးမီးတို့ ဗိုက်ချာလို့ စားလိုက်တာကုန်တွားဘီတဲ့"
ချုံထဲကနေကိုယ့်ကျေးဇူးရှင်ကလေးတွေစကားပြောသံကြားလိုက်သလိုပဲ...   :)
ယုန်လေးတွေအားလုံး
အသက်ထက်ဆုံးပျော်ရွှင်ချမ်းမြေ့စွာ
ခုန်ပေါက်ပြေးလွှားကစားနိုင်ကြပါစေ...
*
*
*