လူတယောက်မှာသူ့ ရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်း
( self-control ) ရှိတယ်ဆိုရင်
အဲဒီလူမှာသူနဲ့ သက်ဆိုင်ရာမွေးရာပါဗီဇ
(Natural born character)
(သို့ မဟုတ်) သူဖြည့်ဆည်းခဲ့ဖူးတဲ့
ပါရမီ (Virtue) ဆိုတဲ့အကြောင်းတရားရှိနေလို့ ပါပဲ…။
Self-control ဆိုတာပင်ကိုယ်အရည်အသွေးရှိမှ
မိမိကိုယ်မိမိ Control လုပ်လို့ ရတာပါ…။
Self-control ဆိုတာ “ဟန်ဆောင်ခြင်း”
(Pretense) ဆိုတဲ့စကားလုံးနဲ့ လုံးဝမသက်ဆိုင်ပါဘူး…။
ဟန်ဆောင်တယ်ဆိုတာ…လိမ်ညာခြင်းပါပဲ…။
လူတယောက်ဟာဟန်ဆောင်ပြီးကိုယ့်ကိုယ်ကိုထိန်းချုပ်လို့ မရနိုင်ပါဘူး…။
လူတယောက်ဟာဟန်ဆောင်ပြီးကိုယ့်ကိုယ်ကိုထိန်းချုပ်လို့ မရနိုင်ပါဘူး…။
အကယ်၍ဟန်ဆောင်ပြီးထိန်းချုပ်လို
့ရတယ်ဆိုရင်တောင် အဲဒီထိန်းချုပ်မူ့ ဟာ
ခဏတာပဲဖြစ်ပါလိမ့်မယ်…ရေရှည်တည်တံ့နေမယ့်အရာတော့မဟုတ်ပါဘူး…။
ခဏတာပဲဖြစ်ပါလိမ့်မယ်…ရေရှည်တည်တံ့နေမယ့်အရာတော့မဟုတ်ပါဘူး…။
Self-control ရှိတဲ့ပုဂ္ဂိုလ်တွေမှာ
တည်ရှိနေနိုင်တဲ့အရည်အသွေးတွေကတော့
(၁) သည်းခံခြင်း ( Patience)
(၂) သတိ (Self-Awareness)
(၃) ပညာ (Wisdom)
(၄) ဣနြေ္ဒ (Composure)
(၅) သမာဓိ ( Concentration )
(၆) မိမိရဲ့ကိုယ်, နှုတ်, နှလုံး သုံးပါးကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့
(Self-mastery) ဆိုတဲ့အရည်အသွေးတွေပါ။
အဲဒီအရည်အသွေးတွေဟာ သူတော်ကောင်းပုဂ္ဂိုလ်တွေမှာကိန်းအောင်းနေတဲ့
ပင်ကိုယ်အရည်အသွေးတွေပါပဲ…။
ဥပမာအားဖြင့် တန်ဖိုးရှိတဲ့ကျောက်မျက်ရတနာဆိုတာ
ဥပမာအားဖြင့် တန်ဖိုးရှိတဲ့ကျောက်မျက်ရတနာဆိုတာ
အဲဒီကျောက်ရဲ့အတွင်းပိုင်းမှာရှိတဲ့အရည်အသွေးကိုကြည့်ပြီးမှ
ဒီကျောက်ဟာတန်ဘိုးဘယ်လောက်ရှိတယ်ဆိုတာကိုပြောနိုင်တာပါ…။
အပေါ်ယံအရောင်ကိုကြည့်ပြီးတော့တန်ဘိုးရှိတယ်လို
့ပြောလို့ ရတဲ့အရာမဟုတ်ပါဘူး…။
ထို့ အတူပဲ သူတော်ကောင်းရဲ့အရည်အသွေးဟာလည်းသူနဲ
့အတူ
ထာဝရဖျောက်ဖျက်လို့ မရနိုင်ပဲအတူရှိနေတဲ့သူ
့ရဲ့ပင်ကိုယ်ဗီဇအတွင်းသဏ္ဍန်ရဲ့တန်ဘိုးတွေပါပဲ…။
အထက်မှာပြောခဲ့တဲ့အဲဒီအရည်အသွေးတွေဟာလူ
ရဲ့အတွင်းပိုင်း
အဇ္ဈတ္တသန္တာန်မှာကိန်းအောင်းနေလို့ 
Self-control ဆိုတာရှိနေတာပါ…။
လူတယောက်ရဲ့ပင်ကိုယ်ဗီဇဆိုတာ
ဘယ်တော့မှဖျောက်ဖျက်ပြစ်လို
့ရမှာမဟုတ်တဲ့မွေးရာပါသတ္တိတွေပါပဲ။
ကျီးအာသီးကို ပန်းသီးဖြစ်အောင်လုပ်လို
့မရနိုင်သလို
ပန်းသီးကိုလည်း ကျီးအာသီးဖြစ်အောင်လုပ်လို
့မရနိုင်ပါဘူး…။
ဒါဟာဘာလည်းဆိုတော့သူရဲ့ပင်ကိုယ်ဗီဇဆိုတဲ့သတ္တိကြောင့်ပါပဲ…။
ထိုနည်းအတူပဲ လောကမှာ မသူတော်နဲ့ သူတော်ကောင်းဆိုတာဟာလည်း
သူ့ တို့ ရဲ့ပင်ကိုယ်ဗီဇသတ္တိဆိုတာရှိကြပါတယ်။
မသူတော်တယောက်ဟာ ဘယ်လိုပဲသူတော်ကောင်းအယောင်ဆောင်နေပေမယ့်
သူ့ ရဲ့ပင်ကိုယ်အတွင်းစိတ်သန္တာန် က ဆိုးရွားယုတ်ညံ့နေတဲ့အတွက်
သူဟန်ဆောင်နေလည်းခဏပါပဲ…။
သူ့ ရဲ့တကယ့်အတွင်းသန္တာန် မှာကိန်းအောင်းနေကြတဲ့
လောဘ, ဒေါသ,မောဟ,
အတ္တ ,မာန, ရာဂ , တဏှာ, ဣဿာ
မစ္ဆရိယ, ကိလေသာ အစရှိတဲ့ဒီတရားဆိုးတွေဟာ
သူ့ စိတ်အလိုမကျတာနဲ့ တပြိုင်နက် သိုးအရေခြုံထားတဲ့ ၀ံပုလွေလို
သူ့ စိတ်အလိုမကျတာနဲ့ တပြိုင်နက် သိုးအရေခြုံထားတဲ့ ၀ံပုလွေလို
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလို
ဘွားကနဲ့ ပေါ်လာတော့တာပါပဲ…။
Self-control ဆိုတဲ့ထိန်းချုပ်မူ့ မရှိတဲ့
ထိုလူရဲ့စိတ်ဟာ လုပ်သင့်မလုပ်သင့်
ပြောသင့်မပြောသင့် မိမိစောင့်စည်းရမယ့်လူ
့စည်းကမ်းဆိုတာမသိပဲ
ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ရှက်ရကောင်းမှန်းမသိ
ကြောက်ရကောင်းမှန်းမသိ
အကွပ်မရှိတဲ့ကြမ်း ဗရမ်းပတာဆိုသလို
ထိန်းမနိုင်သိမ်းမရ
ကစဥ့်ကလျှား ဖရိုဖရဲနဲ့ ဖြစ်ချင်သလိုဖြစ်နေတော့တာပါပဲ…။
*****
သူတော်ကောင်းတွေရဲ့အတွင်းစိတ်ကိုလေ့လာခြင်း
သူတော်ကောင်းတွေရဲ့အတွင်းစိတ်သန္တာန်တွေကိုလေ့လာကြည့်တဲ့အခါမှာ
သူတော်ကောင်းတွေဟာ မသူတော်တွေနဲ့ သူတို
့ဘ၀မှာကြုံရ ဆုံရ တွေ့ ရတဲ့အခါ
သူတို့ ရဲ့အတွင်းစိတ်သန္တာန်ဟာလည်း ဘွားကနဲ
့ပေါ်လာတတ်တာပါပဲ…။
ဥပမာအားဖြင့် ရွှေအစစ်ဟုတ်မဟုတ်သိချင်ရင်
ရွှေစစ်ဆေးတဲ့ အက်ဆစ်(Acid) နဲ့ 
ရွှေကိုလောင်းလိုက်တဲ့အခါမှာ အခြားသောရွှေမဟုတ်တဲ့အရာတွေကို
အက်ဆစ်ကအလွယ်တကူလောင်ကျွမ်းသွားနိုင်ပေမယ့်
ရွှေအစစ်ကတော့
လောင်ကျွမ်းမူ့ မရှိပဲ သူ့ ရဲ့ပင်ကိုယ်သတ္တိက
ဘွားကနဲ့ ပေါ်လာသလိုမျိုးပါပဲ…။
သာဓကနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓအရှင်ရဲ့လက်ယာရံ
အဂ္ဂသာဝကဖြစ်တဲ့
အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မထေရ်မြတ်ဟာ
ပုဏ္ဏားတယောက်ကအရှင်မြတ်ရဲ့ကျောကုန်းကို
ဘုန်း ကနဲ့ နေအောင်ရိုက်ချလိုက်တဲ့အခါမှာ
အရှင်မြတ်က လှည့်တောင်ကြည့်တော်မမူခဲ့ပါဘူးတဲ့…။
သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ သူတို့ ဘ၀မှာဘယ်လိုပင်ဆိုးရွားတဲ့
အကျင့်စရိုက်နဲ့ လူကိုတွေ့ ရပါစေဦးတော့
သူတို့ ရဲ့အင်မတန်မှမြင့်မြတ်တဲ့အကျင့်သီလတွေ
ပညာတွေ သည်းခံခြင်းတွေဟာ
ဘယ်အရာနဲ့ မှနှိုင်းလို့ မရအောင် ကြီးကျယ်မြင့်မြတ်အံ့သြဖွယ်ရာ
ဘွားကနဲ့ ပေါ်လာကြတော့တာပါ...။
(ပါရမီနည်းရင်နည်းသလို များရင်များသလိုတော့ကွာခြားချက်ရှိမှာပါ)
ဒါပေမယ့် သူတော်ကောင်းတွေရဲ့အရည်အသွေးကတော့
တန်ဘိုးနဲတဲ့ကျောက်နဲ့ တန်ဘိုးများတဲ့ကျောက်လိုမျိုးပဲ
တန်ဘိုးခြင်းသာကွာမယ် အရည်အသွေးတွေကတော့ရှိနေကြတာပါပဲ…။
သာမန်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အရှင်သာရိပုတ္တရာဟာ
ရဟန္တာဖြစ်လို့ 
ခန္တီပါရမီနဲ့ ပြည့်စုံလို့ အခုလိုသည်းခံနိုင်စွမ်းရှိတယ်လို
့ယူဆနိုင်ပါတယ်…
ဒါပေမယ့် အဲဒီသည်းခံခြင်းရဲ့နောက်မှာ
စက္ကန့် မလပ်ရှိနေတဲ့ သတိတရားနဲ့ ပညာတွေဟာ
အရှင်သာရိပုတ္တရာရဲ့ အံ့မခန်းဖွယ် ပင်ကိုယ်ဗီဇနဲ
့ဘ၀အဆက်ဆက်ကဖြည့်ဆည်းခဲ့တဲ့
ပါရမီအရည်အသွေးတွေပါ…။ တနည်းအားဖြင့် The Greatest Self-mastery လို့ ခေါ်တဲ့
အရှင်မြတ်ရဲ့ အနှိုင်းမဲ့သော
Superiority ဆိုတဲ့မြင့်မြတ်ခြင်းပါပဲ…။
“Though one should conquer a thousand times a
thousand men in battle,
he who
conquers his own self, is the greatest of all conquerors.”
(Lord Buddha)


No comments:
Post a Comment