Friday, June 28, 2013
*~~~မျက်နှာ~~~*
လောကမှာ မွေးဖွားခြင်းမှသည်...
သေဆုံးသည်အထိ
မျက်နှာတခုနဲ့ လူလုပ်နေကြတဲ့
လူတွေရဲ့မျက်နှာတွေရှိတယ်...
အဲဒီမျက်နှာတွေမှာ...
 ကျက်သရေရှိတဲ့မျက်နှာ
ကျက်သရေမရှိတဲ့မျက်နှာ
မင်္ဂလာရှိတဲ့မျက်နှာ
မင်္ဂလာမရှိတဲ့မျက်နှာ
ချစ်စရာမျက်နှာ
မုန်းစရာမျက်နှာ
ပြုံးတဲ့မျက်နှာ
မဲ့တဲ့မျက်နှာ
လောဘကြီးတဲ့မျက်နှာ
လောဘမကြီးတဲ့မျက်နှာ
ဒေါသထွက်တဲ့မျက်နှာ
ဒေါသကင်းတဲ့မျက်နှာ
အတ္တကြီးတဲ့မျက်နှာ
အတ္တမကြီးတဲ့မျက်နှာ
မင်းသားခေါင်းဆောင်းတဲ့မျက်နှာ
မင်းသားခေါင်းမဆောင်းတဲ့မျက်နှာ
ရိုးသားတဲ့မျက်နှာ
မရိုးသားတဲ့မျက်နှာ
ယုတ်မာရက်စက်တဲ့မျက်နှာ
သနားကြင်နာတဲ့မျက်နှာ
လိမ်ညာလှည့်စားတဲ့မျက်နှာ
ဖြောင့်မတ်မှန်ကန်တဲ့မျက်နှာ
သတ္တိရှိတဲ့မျက်နှာ
သတ္တိမရှိတဲ့မျက်နှာ
ရှင်သန်တဲ့မျက်နှာ
သေဆုံးတဲ့မျက်နှာ
အပြုံးအတုနဲ့ မျက်နှာ
အပြုံးအစစ်နဲ့ မျက်နှာ
မာနကြီးတဲ့မျက်နှာ
မာနမကြီးတဲ့မျက်နှာ
မောက်မာတဲ့မျက်နှာ
မမောက်မာတဲ့မျက်နှာ
ခက်ထန်တဲ့မျက်နှာ
မခက်ထန်တဲ့မျက်နှာ
သူခိုးမျက်နှာ
ဓါးမြမျက်နှာ
လူလိမ်မျက်နှာ
ဗီလိန်မျက်နှာ
အပေါင်းမျက်နှာ
အနှုတ်မျက်နှာ
အမြှောက်မျက်နှာ
အစားမျက်နှာ
သာပေါင်းညာစားတွေရဲ့မျက်နှာ
ခြောက်စားတတ်တဲ့တစ္ဆေမျက်နှာ
လှန့် စားတတ်တဲ့သရဲမျက်နှာ
လူသတ်ကောင်တွေရဲ့မျက်နှာ
မုဒိန်းကောင်တွေရဲ့မျက်နှာ
စက်ဆုပ်ရွံရှာဖွယ်ရာမျက်နှာ
တံတွေးခွက်ထဲကမျက်နှာ
မသတီစရာမျက်နှာ
ကူလီကူမာမျက်နှာ
မူယာမာယာမျက်နှာ
ကြူတဲ့မျက်နှာ
ချူတဲ့မျက်နှာ
မြှူတဲ့မျက်နှာ
တို့ မီး ရှို့ မီးမျက်နှာ
မနုသီဟကိုယ်နှစ်ခွနဲ့ မျက်နှာ
ခေတ်သစ်ဒဿဂီရိတွေရဲ့ခေါင်းအလုံးတစ်ရာမျက်နှာ
ကောက်ကျစ်တဲ့မြေခွေးလိုမျက်နှာ
 အဆိပ်ပြင်းတဲ့မြွေပွေးလိုမျက်နှာ
စဉ်းလဲတဲ့ဝံပလွေလိုမျက်နှာ 
ဖော်-လံ-ဖား တွေရဲ့မျက်နှာ
ခရိုနီတွေရဲ့မျက်နှာ
အာဏာရှင်တွေရဲ့မျက်နှာ
အာဏာရူးတွေရဲ့မျက်နှာ
အရင်းရှင်တွေရဲ့မျက်နှာ
အမြတ်ကြီးစားတွေရဲ့မျက်နှာ
ခေါင်းပုံဖြတ်တွေရဲ့မျက်နှာ
ဂုတ်သွေးစုတ်တွေရဲ့မျက်နှာ
ချမ်းသာတဲ့မျက်နှာ
ဆင်းရဲတဲ့မျက်နှာ 
ထမင်းဝတဲ့မျက်နှာ
ထမင်းငတ်တဲ့မျက်နှာ
တောင်းစားတဲ့မျက်နှာ 
ကိုယ်နဲ့ ရင်းစားတဲ့မျက်နှာ
ဘ၀နဲ့ ရင်းစားတဲ့မျက်နှာ
မြေစာပင်တွေရဲ့မျက်နှာ
အဖိနှိပ်ခံတွေရဲ့မျက်နှာ
အသုံးချခံတွေရဲ့မျက်နှာ
ဝမ်းနည်းတဲ့မျက်နှာ
ပူဆွေးတဲ့မျက်နှာ
ကြေကွဲတဲ့မျက်နှာ
အူမတောင့်မှသီလစောင့်မယ့်မျက်နှာ
အူမ မတောင့်လည်းသီလစောင့်မယ့်မျက်နှာ
အမျိုးချစ်တဲ့မျက်နှာ
အမျိုးဖျက်မယ့်မျက်နှာ
Evil မျက်နှာ
Devil မျက်နှာ
အရှက်မဲ့သူတွေရဲ့လျှပ်ပေါ်လော်လီတဲ့မျက်နှာ
 အရှက်ရှိသူတွေရဲ့သိက္ခာရှိတဲ့မျက်နှာ
ခေါင်းဆောင်မျက်နှာ
ခေါင်းရှောင်မျက်နှာ
လူကောင်းမျက်နှာ
လူဆိုးမျက်နှာ
အကြံအဖန်မျက်နှာ
အမှန်အကန်မျက်နှာ
အလင်းထဲကမျက်နှာ
အမှောင်ထဲကမျက်နှာ
အမှန်တရားမျက်နှာ
မမှန်တရားမျက်နှာ
ဓမ္မမျက်နှာ
အဓမ္မမျက်နှာ 
မျက်နှာများစွာတွေထဲ...
ရှားရှားပါးပါး
လူတစ်သိန်းမှာတယောက်လို့ 
ဆိုရမလား...
သူရဲကောင်းတွေရဲ့
ရဲရင့်တဲ့မျက်နှာ
တည်ကြည်တဲ့မျက်နှာ
ပြတ်သားတဲ့မျက်နှာ
ခန့် ညားတဲ့မျက်နှာ
ဂုဏ်သရေရှိတဲ့မျက်နှာ
ထို့ ထက်ပို၍...
လူတစ်သန်းမှာတယောက်လို့ 
ဆိုရမလောက်အောင်
ရှားပါးလွန်းတဲ့...
မဟာသူတော်ကောင်းတွေရဲ့
ကြည်ညိုစရာမျက်နှာ
လေးစားစရာမျက်နှာ
ရိုသေစရာမျက်နှာ
မြတ်နိုးစရာမျက်နှာ
အတုယူစရာမျက်နှာ
အားကျစရာမျက်နှာ
အားကိုးစရာမျက်နှာ
ဂုဏ်ယူစရာမျက်နှာ...
ကမ္ဘာပေါ်မှာ
7 ဘီလီယံမျက်နှာနဲ့ 
လူလုပ်နေကြတဲ့လူတွေ...
လူ့ စိတ်တွေက
လူ့ မျက်နှာတွေကိုဖန်တီးသတဲ့... 
ဒါဆိုရင်...
မျက်နှာတခုနဲ့ 
မွေးဖွားခြင်းမှသည်...
 သေဆုံးသည်အထိ
လူလုပ်နေရတဲ့
ဟောဒီလောကမှာ
သင့်စိတ်နဲ့ သင်ကိုယ်တိုင်ဖန်တီးထားတဲ့
သင့်မျက်နှာကရော...?
*
*
*
* * * * * * * *
Wednesday, June 26, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၁၁)~~~*
မဲဆောက်မှဘန်ကောက်ကိုပြန်လည်ရောက်ရှိလာပါတယ်...။
ထိုမှတဆင့်ဒုတိယအကြိမ်ဂျပန်နိုင်ငံသို့  Transit ရောက်ရှိပါတယ်။
ထို့ နောက်မှာတော့အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတော့သည်...။
Mississippi  မြစ်ကမ်းနဘေးကမြို့ လေးကိုလေယာဉ်ပေါ်ကနေ
တွေ့ ရတဲ့ပုံပါ...
******
ကိုယ်တို့ ပြည်နယ်က အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ
 Immigration Officer က ကိုယ်တို့ Passport ကိုကြည့်ပြီး 
 မြန်မာနိုင်ငံက Visa အ၀င်အထွက် တုံးထုထားတာတွေ့ တော့
 မြန်မာနိုင်ငံကိုအလည်သွားတာပျော်ခဲ့ရဲ့လားတဲ့...ပြီးတော့သူကတဆက်ထဲမှာပဲ
Welcome Back Home! တဲ့......
သြော်...Welcome Back Home... တဲ့လား....။
 လူ့ တန်ဘိုးဆိုတာကို နားလည်တတ်သူတွေ လူသားချင်းစာနာထောက်ထားတတ်သူတွေ
 လူ့ ဂုဏ်သိက္ခာနဲ့ အညီအုပ်ချုပ်မူ့ အောက်မှာ တန်းတူညီမျှမူ့ ဆိုတာကိုတန်ဘိုးထားတတ်သူတွေရဲ့
နွေးထွေးသောကြိုဆိုမူ့ လို့ ကိုယ်နားလည်ခံစားမိပါတော့တယ်...။ 
*
*
*
ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်းပြီးဆုံးပါပြီ...
မပြီးဆုံးသေးတာကတော့ ခရီးသွားခြင်းကနေရရှိလာတဲ့
ကိုယ့်အတွေ့ အကြုံတွေကို အတွေးတောင်ပံဖြန့် ရင်းတွေးနေမိတာပါပဲ... :)
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
Wednesday, June 19, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၁၀)~~~*
မြ၀တီမြို့ ကိုဘုရားဖူးသွားရာလမ်းတလျှောက်မှာ ကားစီးရတာ
 လမ်းတွေကချိုင့်ခွက်တွေများတော့ ကားထဲကလူတွေအကုန်လုံးဟာ
ကားတံခါးသာပိတ်မထားရင်အပြင်ကိုစင်ကျကုန်မလားပဲ...
ဖုန်လုံးကြီးတွေကလည်းတထောင်းထောင်းနဲ့ ဖြစ်နေတာပါ...။
လူတွေရဲ့ဘ၀အခြေအနေနဲ့ နေထိုင်မူ့ အဆင့်အတန်းဟာလည်း
ကျောက်ခေတ်မှာပဲရှိနေသေးတယ်လို့ ထင်ရလောက်အောင် နိမ့်ကျနေကြတာပါ...။
အချို့ အိမ်တွေဆိုရင်ဖက်နဲ့ ထရံတောင်လုံလောက်အောင်မကာနိုင်ကြပါဘူး။
သွားတဲ့တလမ်းလုံးလည်းသေနတ်ကိုင်ပြီးစောင့်နေကြတဲ့ဂိတ်တွေကိုတွေ့ ရပါတယ်။
ကိုယ်တို့ စီးသွားတဲ့ ကားမောင်းဒရိုင်ဘာက ဂိတ်တွေရောက်တဲ့အခါမှာ
ကားကိုရပ်ပြီးဂိတ်တွေမှာ လက်နက်ကိုင်ပြီးစောင့်နေတဲ့သူတွေကို
ပိုက်ဆံသွားပေးတာတွေ့ ရပါတယ်...။ ဘယ်လောက်ပေးရလဲလို့ မေးကြည့်တော့
တဂိတ်ကိုမြန်မာငွေ အနဲဆုံးတစ်ထောင်ပေးရတယ်လို့ ဆိုပါတယ်။
သူတို့ ခမျာ နေပူကျဲကျဲဖုန်တလူးလူးထဲ ပင်ပင်ပမ်းပမ်းနဲ့ ရှာဖွေလို့ ရတဲ့
ပိုက်ဆံတွေကို သေနတ်ပြပြီးမိုက်ကြေးခွဲစားနေတဲ့သူတွေကို
 ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ ပေးနေရရှာပါတယ်...။
သေနတ်ကြီးတွေကိုင်ပြီး ပြည်သူတွေအတွက်သူတို့ ကိုယ်သူတို့ ကယ်တင်ရှင်ကြီးယောင်ယောင်နဲ့ 
မသိရင် သူတို့ ကပဲပြည်သူတွေကို ကာကွယ်ပေးနေသလိုလို...
တကယ်တော့ပြည်သူတွေကိုအမှန်တကယ်ဒုက္ခပေးနေတာသူတို့ ပါပဲ...။ 
ဘာပဲဖြစ်ဖြစ်ပေါ့...ဒုက္ခပေးသူနဲ့ ဒုက္ခခံရသူဆိုတာ
ဒုက္ခခံရသူကဒီတစ်ဘ၀ပါပဲ...။
သူတပါးကိုဒုက္ခပေးသူတွေကတော့သူတို့ အကုသိုလ်ကံက
သူတို့ နောက်ကိုအရိပ်လိုထပ်ချပ်မကွာလိုက်ပြီး တသံသရာလုံးဒုက္ခပေးမှာပါ...။
 ဒါဟာသဘာဝနိယာမပဲလေ...
******
ညနေ ၆နာရီမထိုးခင်မှာမြ၀တီကနေပြန်လည်ထွက်ခွါခဲ့ပါတယ်...။
အမိမြေကိုခွဲခွါခဲ့ချိန်မှာတော့ အမေမသိနိုင်တဲ့ရင်တွင်းဝေဒနာတွေတနင့်တပိုးနဲ့ 
အမေ့ကိုတိတ်တဆိတ်နှုတ်ဆက်ခဲ့တယ်...။ 
******
ထို့ နောက်...
 ကိုယ်တို့ တည်းခိုတဲ့ မဲဆောက်က တည်းခိုခန်းကိုရောက်လာပါတယ်...။
ဒီနေရာလေးက အခုနကကိုယ်တွေ့ ခဲ့ရတဲ့ အနိဋ္ဌာန်ရုံတွေအားလုံးနဲ့ 
ဆန့် ကျင်ဖက်လို့ ဆိုရမလားပါပဲ...တိတ်ဆိတ်ငြိမ်သက် အေးချမ်းလိုက်တာလေ...
တကယ်ပါပဲ...တရားမျှတမူ့ ရှိတဲ့နေရာ...ဥပဒေစိုးမိုးတဲ့နေရာ...
လူပီသတဲ့လူတွေနေထိုင်တဲ့နေရာက သိပ်ကိုငြိမ်းချမ်းပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်...။
ဖုန်တလူးလူးဖြစ်နေတဲ့ကိုယ်တယောက်ရေချိုးသန့် စင်ပြီးနောက်
ကိုယ်လက်ဆောင်ရခဲ့တဲ့ ဆရာတော်ဓမ္မဘေရီ အရှင်ဝီရိယ {တောင်စွန်း}
ရေးသားတော်မူတဲ့ "ဘယ်ကျောင်းနေမလဲ မောင်ရေခဲ နှင့် အာခံတွင်းကဖွားသူများ" 
ဓမ္မလက်ကမ်းစာအုပ်လေးကို
စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်အတူ
 ငြိမ်းချမ်းစွာဖတ်ရင်း
အနားယူနေပါတော့သည်...။ :)
 *
*
*
ဆက်ရန်...
Saturday, June 15, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၉)~~~*
ထိုင်းမြန်မာချစ်ကြည်ရေးတံတားကနေ ဒီအတိုင်း လမ်းလျှောက်ဝင်သွားပြီး
ဘုရားဝင်ဖူးခွှင့်ရတာတော့မဟုတ်ပါဘူး...။
 ပထမဦးဆုံး ထိုင်းလူဝင်မူ့ ကြီးကြပ်ရေးရုံးမှာ ထိုင်းကနေထွက်တဲ့
ဗီဇာကိုယူရပါတယ်...။ သူတို့ ပေးတဲ့စာရွက်စာတမ်းကိုဖြည့်ပြီးဓါတ်ပုံရိုက်ယူပါတယ်...။
ပြီးတော့ Passport မှာ အထွက်တုံးထုပေးလိုက်ပါတယ်...
ပိုက်ဆံတပြားတချပ်မှပေးစရာမလိုပါဘူး...။
နောက်တဆင့်ကတော့ မြန်မာလူဝင်မူ့ ကြီးကြပ်ရေးရုံးမှာ ပြည်ဝင်ခွှင့်ဗီဇာယူရပါတယ်...။
တခုထူးခြားတာက အမေရိကန် Passport ကိုင်ဆောင်ထားတဲ့ကိုယ်တို့ ကို
သူတို့ က တန်းစီစရာမလိုဘူးလို့ ဆိုပါတယ်...။ ကျေးဇူးပါပဲ...ဘာကြောင့်လဲဆိုတော့
ဟိုဖက်ကမ်းကိုသွားဖို့ အတွက် သူတို့ ဂိတ်က ညနေ၆ နာရီ ပိတ်မှာဆိုတော့အဲဒီမှာ
တန်းစီနေတာနဲ့ အချိန်ကုန်သွားမှာပါ....။
သူတို့ ရဲ့စည်းကမ်းဥပဒေအရ လူတဦးကိုထိုင်းဘတ်ငွေ ၅၀၀ ပေးရပါတယ်...။
 မြန်မာလူဝင်မူ့ ကြီးကြပ်ရေးပါ... ဒါပေမယ့်မြန်မာငွေနဲ့ ယူတာမဟုတ်ပါဘူး...
ထိုင်းငွေနဲ့ ယူပါတယ်...။ ဓါတ်ပုံမရိုက်ပါဘူး... ဒါပေမယ့် Passport ကိုသိမ်းယူထားလိုက်ပြီး
 ငွေလက်ခံရရှိကြောင်း ဖြတ်ပိုင်းလည်းမပေးသလို သယ်ဆောင်သွားဖို့ 
ဘာစာရွက်စာတမ်းတခုမှသက်သေခံ အထောက်အထားအဖြစ်မပေးပါဘူး...။
ညနေ ၆နာရီမထိုးခင် ဒီဖက်ကမ်းကို ပြန်လာဖို့ တော့မှာလိုက်ပါတယ်...။
အမှန်တကယ်ဆိုရင် နိုင်ငံခြားသားဖြစ်တဲ့သူတွေကို သူတို့ ရဲ့ဥပဒေအရ Passport
သိမ်းထားတယ်ဆိုရင်တောင် လိုအပ်တဲ့စာရွက်စာတမ်းတော့ထုတ်ပေးရမှာပါ...။
အကယ်၍တစုံတခုဖြစ်လို့ ရှိရင် အဲဒီနိုင်ငံခြားသားက သူရောက်တဲ့နေရာမှာ
သက်ဆိုင်ရာကို သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အကြောင်း
လက်ထဲမှာဘာမှမရှိပဲနဲ့ ဘယ်လိုသက်သေပြရမှာလဲ?
 ဒါတွေကိုလူဝင်မူ့ ကြီးကြပ်ရေးရုံးကတာဝန်ရှိတဲ့လူတွေစဉ်းစားတတ်ကြပုံမရပါဘူး...။
ဒီနေရာမှာ ကိုယ်တွေ့ ရတာက ထိုင်းနိုင်ငံရဲ့ Immigration Law နဲ့ 
နိုင်ငံခြားသားတွေအပေါ်ထားရှိတဲ့သူတို့ ရဲ့ System က စည်းစနစ်ကျပါတယ်။
ထိုင်းတွေရဲ့ Civilization ကအဆင့်တန်းသိပ်မြင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ Immigration Law ကတော့ ပိုက်ဆံယူပြီး ဘာတာဝန်တခုမှမယူတဲ့
လူတွေကိုဖြစ်သလို ထင်သလိုလုပ်တတ်တဲ့ ဘာ System မှမရှိတဲ့
Uncivilized Law တွေပါ...။ တနည်းအားဖြင့် Stealing System ကို
တိုင်းပြည်အုပ်ချုပ်မူ့  System ထဲထည့်ထားတယ်လို့ ထင်ပါတယ်...။
စာရင်းမရှိ အင်းမရှိ ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်ထင်သလိုကိုယ်လုပ်
ကိုယ်လည်သလိုကိုယ်စား ၊ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားတွေ
လုပ်ပိုင်ခွှင့်အပြည့်အ၀ရနေတဲ့ System မျိုးပါ...။
ဒီနည်းတွေနဲ့ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြလို့ လည်း တိုင်းပြည်က
အုပ်ချုပ်သူလူတန်းစားမှာ Thieves နဲ့  Robberies တွေကိုမွေးထုတ်တဲ့နေရာကြီးလိုဖြစ်နေတာပါ။
( အုပ်ချုပ်သူဆိုလို့ အားလုံးကိုဆိုလိုတာမဟုတ်ပါ...။ 
အကျင့်ပျက်သူများကိုသာတိုက်ရိုက်ဆိုလိုခြင်းဖြစ်ပါတယ်...။ )
 ကျေးဇူးပြု၍ခွဲခြားနားလည်ပေးပါ...။
( မိမိတိုင်းပြည်အတွက် ရိုးသားစွာဖြင့်အမှန်တကယ်အလုပ်လုပ်နေသော
အဖိုးတန် လုပ်သားကောင်းများအား အစဉ်ထာဝရလေးစားပါ၏...။) 
မြ၀တီမြို့ မှာတွေ့ ရတဲ့နေရာအချို့ ......
မြ၀တီမှာ ဒီဆိုင်ကိုတွေ့ တော့ ကိုယ်အသက် ၅နှစ်အရွယ်လောက်တုန်းက
ကိုယ်တို့ ကျောင်းနားက မုန့် ဆိုင်တွေကို အတွေးထဲမှာမြင်ယောင်မိသေးတယ်...။
ဘုရားဖူးဖို့ လာတဲ့လမ်းမှာတွေ့ ရတဲ့မှိုင်းပြပြတောင်ကတုံးတွေပါ...။
မှိုင်းပြပြတောင်တန်းတွေ မဟုတ်တော့ပါဘူး...။
ကုန်သွားပါပြီ...တောတွေလည်းကုန်၊ တောင်တွေလည်းကုန်
ရေတွေလည်းကုန်...မြေတွေလည်းကုန်...
အမျိုးကောင်းသားသမီးတွေလည်းကုန်...
ကုန်ပါပြီအမေရယ်ပေါ့...။
သူတော်ကောင်းတွေတည်ထားကိုးကွယ်တဲ့လွမ်းစေတီခေါ်
တောင်ပေါ်ကဘုရားစေတီလေးကိုရောက်လာပါတယ်...။
အဲဒီတောင်ပေါ်ကနေလှမ်းကြည့်လို့ မြင်ရတဲ့ကိုယ့်ရဲ့အမိမြေက
ကိုယ်ရေးခဲ့ဖူးတဲ့ "ချစ်သောအမေ" ဆိုတဲ့ကဗျာထဲကလိုပါပဲ...
ဘာပဲဖြစ်ဖြစ် အမေကအစဉ်ထာဝရလှပနေဆဲပါ...။
***
စိန္တေမြတ်ဘုရားအရှေ့ မှာလေ
ပြန်လည်ဆုံဆည်းကြဖို့ သပြေခက်တွေ
သားမွေးရက်မနေ့ မနက်မှာတောင်းဆုပြုခဲ့တာမနဲပေ
မေမေရေမငိုနဲ့ နော်လေ...
ရှိခိုးဦးချကန်တော့လျှက်ပါအမေ...
{ ထူးအိမ်သင်ရဲ့...အမေတခုသားတခုမှ...}
*
*
*
ဆက်ရန်...
Thursday, June 13, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၈)~~~*
ကိုယ်တို့ ဟိုတယ်ကိုပြန်ရောက်ပြီးနောက် ခေတ္တအနားယူပါတယ်...။
ည ၈နာရီခွဲလောက်မှာတော့ ဘန်ကောက်ကနေ မဲဆောက်ကိုသွားမယ့် 
ကားဂိတ်ကိုတက္ကစီနဲ့ ထွက်လာခဲ့ပါတယ်...။ကားလက်မှတ်ကကြိုတင်ဝယ်ထားရတာပါ...။
ကားက ည ၁၀နာရီမှာထွက်မယ့်ကားပါ...။
မဲဆောက်ကို မနက် ၆နာရီခွဲလောက်ရောက်မယ်လို့ ဆိုပါတယ်။
ကားဂိတ်ကိုရောက်ပြီးမကြာခင်မှာပဲ ကိုယ်တို့ စီးမယ့်အဝေးပြေး Bus ကားကြီး
ရောက်လာပါတယ်...။ ထို့ နောက် သတင်းတွေထဲမှာဖတ်ဖူးနေလို့ ရောက်ဖူးချင်သော 
မဲဆောက်မြို့ ကို ထွက်ခွာလာခဲ့ပါတယ်...။
******
Bus ကားကသူတို့ ပြောတဲ့အချိန်အတိအကျပါပဲ...
 မနက် ၆နာရီခွဲမှာမဲဆောက်ကားဂိတ်ကိုရောက်ပါတယ်...။ 
အဲဒီကားဂိတ်မှတဆင့် ထိုင်းမြန်မာချစ်ကြည်ရေးတံတား(သူတို့ အခေါ်)ကို 
သွားဖို့ ကားတဆင့်ထပ်စီးရပါသေးတယ်။
သိပ်တော့မကြာပါဘူးအဲဒီနေရာကိုရောက်လာပါတယ်။
ရောက်ရောက်ချင်းကိုယ်သတိထားမိတာက
 မဲဆောက်လို့ သာဆိုတယ် အဲဒီပတ်ဝန်းကျင်မှာ
 တွေ့ နေတာက ကိုယ်တို့ မြန်မာလူမျိုးတွေချည်းပါပဲ...။
 ဈေးဘမ်းခေါင်းပေါ်ရွက်ပြီး ဈေးအော်ရောင်းနေတဲ့သူတွေလည်းတွေ့ ပါတယ်။
ကိုယ်လည်းအနီးအနားက စားသောက်ဆိုင်လေးတဆိုင်မှာဝင်ထိုင်လိုက်ပြီး
ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတဲ့လူတွေကိုကြည့်နေမိပါတယ်...။ 
ကိုယ်ထိုင်တဲ့နေရာကနေလှမ်းမြင်နေရတာကတော့
မြန်မာလူဝင်မူ့ ကြီးကြပ်ရေးရုံးအရှေ့ မှာတန်းစီနေတဲ့လူတန်းကြီးပါပဲ...။
အနားကအမျိုးသမီးတယောက်ကို ကိုယ်လှမ်းမေးကြည့်တယ်
အဲဒီလူတန်းကြီးကဘာလုပ်နေတာလဲဆိုတော့...သူက
"အဲဒီလူတွေက မနက် ၂နာရီ ၃နာရီလောက်ကတည်းက
ဟိုဖက်ကမ်းကိုပြန်ဖို့ တန်းစီနေကြတာလေ" တဲ့
သူဆက်ပြောပြတာက အဲဒီမှာသွားတန်းမစီချင်တဲ့လူတွေက
ပွဲစားနဲ့ တွေ့ ပြီး ပွဲစားကအကုန်စီစဉ်ပေးတယ်လို့ ဆိုတယ်...။
 အံ့သြစရာကောင်းတာက ဒီနေရာမှာလူတွေနေ့ စဉ်နေ့ တိုင်း
အဲဒီလိုပဲတန်းစီနေကြရတာလို့ ဆိုပါတယ်...။ 
ကိုယ်စဉ်းစားမိတာက လူဝင်မူ့ ကြီးကြပ်ရေးရုံးက
အခုလိုမျိုး မနက် ကျီးမနိုးခင်ထဲက တန်းစီပြီးစောင့်နေရတဲ့လူတွေကို
ဒီထက်အဆင်ပြေနိုင်မယ့်နည်းလမ်းတွေနဲ့  ဘာကြောင့်များမကူညီပေးကြတာလဲ?
နေပူပူ မိုးရွာရွာထဲ တနေကုန် ဆင်းရဲဒုက္ခခံပြီး တန်းစီစောင့်နေရတဲ့လူတွေကို
လူလို့ များမသတ်မှတ်ပဲ ဒီအတိုင်းလစ်လျှူရူ့ ထားကြတာလား?...
ဒါမှမဟုတ် သူများနိုင်ငံမှာမျက်နှာငယ်ငယ်နဲ့ 
အစားဆင်းရဲ အနေဆင်းရဲနဲ့ အန္တရာယ်တွေအမျိုးမျိုးကြားထဲက
နည်းမျိုးစုံနဲ့ ကျွန်ခံပြီးရလာတဲ့လူတွေရဲ့ပိုက်ဆံတွေကို မျက်နှာပြောင်ပြောင်နဲ့ 
ပွဲစားတွေကနေတဆင့် တရားဝင်ဓါးမြတိုက်ယူဖို့ 
ဒီလိုအခြေအနေဖြစ်အောင်တမင်တကာဖန်တီးထားတာလားဆိုတာပါ...။
******
 ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ တာလေးတွေဓါတ်ပုံလျှောက်ရိုက်နေတုန်း
 ရင်ဘတ်ပေါ်မှာ ကလေးတယောက်ကိုလွယ်ထားပြီး
မျက်နှာညှိုးငယ်စွာနဲ့ ကိုယ့်ဆီကိုလျှောက်လာနေတဲ့
အမျိုးသမီးလေးတယောက်ကိုတွေ့ လိုက်ပါတယ်...။
ကိုယ့်အနားရောက်တော့သူက "အမရယ် ညီမတို့ သားအမိကို
ထမင်းဖိုးလေး ပေးသနားပါလား"တဲ့...ကိုယ်အရမ်းအံ့သြသွားတယ်လေ...
ကိုယ်ကသူ့ ကို အများသူငှာလို လမ်းသွားလမ်းလာလို့ ပဲထင်နေတာပါ... ။
ဒီနေရာမှာကိုယ့်လူမျိုးတွေဒီအခြေနေရောက်နေတာ ရင်ထဲမှာနာကျင်မိပါတယ်...။
ကိုယ်ပိုက်ဆံကမ်းပေးလိုက်တော့ အခုနက ညှိုးနေတဲ့သူ့ မျက်နှာလေး
ပျော်သွားပုံပါပဲ...ကိုယ့်အရှေ့ ကနေခပ်သုတ်သုတ်လေးထွက်သွားပါတယ်...။
သူတို့ သားအမိကျောပြင်ကိုငေးကြည့်ရင်း ကိုယ်သက်ပြင်းချမိတယ်လေ......
သြော်...ပျောက်ဆုံးနေတဲ့ဘ၀တွေ......
******
ညီမလေးရေ
ဒီလိုပါပဲ...
လောကကြီးမှာ
ဗြဟ္မစိုရ်တရားခေါင်းပါးတဲ့သူတွေ
 မြိန်ရည်ရှက်ရည် စားသောက်ကြတဲ့
အရသာရှိတဲ့အဆီပြန်ဟင်းတွေဆိုတာ
ဘ၀တွေပျောက်ဆုံးနေတဲ့
အဖိနှိပ်ခံလူတန်းစားတွေအားလုံးရဲ့
မျက်ရည်တွေနဲ့ ချက်ပြုတ်ထားတဲ့
ဟင်းလျှာတွေပေါ့...
သူတပါးရဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ
နာကျင်ကြေကွဲမူ့ တွေနဲ့ ရရှိလာတဲ့
အဆီပြန်နေတဲ့ထမင်းဟင်းတွေထက်
သူတပါးရဲ့ မေတ္တာတရား၊ သဒ္ဓါတရား၊
ကရုဏာတရားတွေနဲ့ ပေးကမ်းမျှဝေလိုက်တဲ့
အရောင်မွဲတဲ့ဟင်းချိုလေးတခွက်ကပိုပြီးချိုမြိန်ပါတယ်...
ထို့ အတူပဲ
ကောက်ကျစ်စဉ်းလဲတဲ့လူတန်းစားတွေရဲ့
ဂုဏ်သရေရှိ အထက်တန်းကျတဲ့စည်းစိမ်ချမ်းသာတွေထက်
အပြစ်ကင်းပြီး ပကတိရိုးသားဖြူစင်တဲ့
ညီမလေးရဲ့ ကြယ်မြင်လမြင် 
ယိုင်နဲ့ နဲ့ တဲအိမ်လေးက
ပိုပြီးမွန်မြတ်လှပပါတယ်ညီမလေးရယ်...။
*
*
*
{ ရင်တွင်းခံစားချက်အချို့ ကိုယ့် ဒိုင်ယာရီထဲရေးခြစ်ထားမိတာလေး မျှဝေလိုက်ခြင်းပါ...}
ဆက်ရန်...
*
*
*