အရမ်းပူပြင်းလှပါတယ်ဆိုတဲ့ဘန်ကောက်မြို့ ကို ကိုယ်တို့ ရောက်ရှိလာပါတယ်...။
ကိုယ့်အတွက်တော့ဘန်ကောက်မြို့ ဟာသူများတွေပြောသလိုသိပ်မပူသလိုပါပဲ...
နွေမှာမွေးဖွားခဲ့သူမို့ လားမသိ မိန်ရာသီဖွားကိုယ်တယောက် အများတကာတွေ
ချွေးတပြိုက်ပြိုက်ကျနေတဲ့အချိန်မှာကိုယ်ကတော့အေးအေးဆေးဆေးကိုဖြစ်လို့ ... :)
ချွေးတပြိုက်ပြိုက်ကျနေတဲ့အချိန်မှာကိုယ်ကတော့အေးအေးဆေးဆေးကိုဖြစ်လို့ ... :)
သုဝဏ္ဏဘူမိလေဆိပ်ပါ...
******
လေဆိပ်ထဲမှာတွေ့ သမျှ...
Hotel နံရံပေါ်မှာသူတို့ နိုင်ငံရဲ့ဘုရင် Bhumibol (ဘူမိဘောလ်)နဲ့ သူ့ ရဲ့မိဘုရား
Sirikit (သီရိခေတ်)ရဲ့ပုံကိုတခန်းတနားချိတ်ဆွဲထားတာတွေ့ ရပါတယ်...။
ထိုင်းလူမျိုးတွေရဲ့သူတို့ ခေါင်းဆောင်အပေါ်
တန်ဘိုးထားလေးစားတတ်မူ့ ရဲ့သင်္ကေတပါပဲ...။
ဘုရင်ရဲ့မွေးနေ့ မှာဆိုရင်လည်းတတိုင်းတပြည်လုံး
သူတို့ ဘုရင်သက်တော်ရာကျော်ရှည်ဖို့ 
ဆုတွေတောင်းလိုက်ကြတာလှိုက်လှိုက်လှဲလှဲပါ...တွေ့ ဖူးပါတယ်...။
ကိုယ့်မြန်မာနိုင်ငံမှာတော့သူ့ ကျွန်ဘ၀ကနေ မြန်မာပြည်ကြီးလွတ်မြောက်အောင်
အသက်သွေး ချွေးနဲ့ ရင်းပြီးလွတ်လပ်ရေးရယူပေးခဲ့တဲ့
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ ဇနီးဒေါ်ခင်ကြည်ရဲ့ပုံကို
တလေးတစားနဲ့ အဲဒီလိုချိတ်ဆွဲထားသင့်တယ်လို့ စဉ်းစားမိကြဖို့ နေနေသာသာ
ဗိုလ်ချုပ်ပုံကို တီရှပ်အင်္ကျီလေးမှာ ပုံနှိပ်ပြီးဝတ်တာတောင်မှ
မ၀တ်ရလို့ တားမြစ်ခံခဲ့ရတဲ့သူတွေ
ထောင်ချခံခဲ့ရတဲ့သူတွေရှိခဲ့ကြတာပဲလေ...။
သြော်...ကျေးဇူးသိတတ်ကြလေစွ...
မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကား အတုယူစရာကောင်းလေစွ...
အံ့သြစရာကောင်းလေစွတကား......။
******
ဒီ Hotel ကဘန်ကောက်မြို့ ထဲမှာဆိုပေမယ့်
ဆူညံခြင်းအလျှင်းမရှိ တိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းပါတယ်...
No comments:
Post a Comment