ဘန်ကောက်မြို့ ရဲ့မနက်ခင်းလေးကစိတ်ချမ်းမြေ့စရာကောင်းပါတယ်...
နေမင်းကြီးကအရှေ့ အရပ်ဆီမှ ရောင်နီလေး သန်းပြီးထွက်လာချိန်မှာ
အစာရှာထွက်မယ့်ငှက်ကလေးတွေလည်း ဟိုမှဒီသို့ ပျံသန်းကာတေးသီနေကြသလိုပါပဲ...။
သဘာဝလောကကြီးက ရိုးရှင်းတဲ့ပန်းချီကားတချပ်လို လှပတင့်တယ်လို့ နေတယ်...။
မနက်ခင်းလေးကိုငေးကြည့်ရတာမင်္ဂလာရှိလိုက်တာလေ...ကောင်းသောနံနက်ခင်းပါ Siam!...။
******
******
ခဏကြာတော့ကိုယ့်မိတ်ဆွေတွေ ကိုယ့်ဆီကိုအလည်ရောက်လာကြပါတယ်...။
ဘန်ကောက်မှာကားစီးရတာ Traffic အရမ်းများတာမို့  ကားတွေ Traffic jam မဖြစ်ခင်
စောစောစီးစီးအလည်လာကြတာပါ...။ သူတို့ ကကိုယ့်အတွက်အထူးလက်ဆောင်တခု
ယူလာခဲ့တယ်တဲ့... ဘာလက်ဆောင်ပါလိမ့်ဆိုတော့ ကိုယ်သိပ်ကြိုက်တဲ့လက်ဆောင်တဲ့
ပြီးတော့မှ လက်ကိုအနောက်မှာကိုယ်နဲ့ ကွယ်ပြီးဖွက်ထားရာကနေအရှေ့ ကိုထုတ်ပြတော့
"ဟာ...ပိတောက်ပန်းလေးတခက်"...ကိုယ်တယောက်ပျော်လိုက်သည့်ဖြစ်ခြင်း...
အဲဒီပိတောက်ပန်းလေးဘယ်လို ရလာတာလဲဆိုတော့...
မနေ့ ကသူတို့ လျှောက်သွားတဲ့လမ်းမှာပိတောက်တွေဖူးနေတာတွေ့ တယ်တဲ့...
မနေ့ ကသူတို့ လျှောက်သွားတဲ့လမ်းမှာပိတောက်တွေဖူးနေတာတွေ့ တယ်တဲ့...
ပိတောက်တွေပွင့်ရင်သိပ်ကောင်းမှာပဲ
ကိုယ့်ကိုလက်ဆောင်ပေးချင်လို့ ဆိုပြီးတယောက်ကပြောတယ်တဲ့...
နောက်နေ့ သူတို့ အဲဒီကနေဖြတ်လျှောက်လာတော့
ပိတောက်ပန်းလေးတွေပွင့်နေတော့တယ်တဲ့...။
ပိတောက်ပန်းလေးတွေပွင့်နေတော့တယ်တဲ့...။
မိုးလည်းမရွာပဲနဲ့ ပိတောက်ပန်းလေးတွေပွင့်လာတော့
သူတို့ သိပ်အံ့သြသွားတယ်လို့ ဆိုတယ်...
သူတို့ သိပ်အံ့သြသွားတယ်လို့ ဆိုတယ်...
ဒီလိုပဲလေ...ပိတောက်ချစ်သူလာတော့ ပိတောက်ကကိုယ့်ကိုကြိုတာပါလို့ ...... :)
"ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်လေ..."
ကိုယ်သိပ်ကြိုက်တဲ့ပိတောက်ပန်းလေးပါ...
ခြုံပေါ်မတင်မြေပေါ်မချရက်တာနဲ့ 
အိပ်ယာပေါ်တယုတယတင်ထားမိတယ်...
ပိတောက်ရနံ့ လေးကကိုယ့်အိပ်ယာပေါ်မှာသင်းပျံ့ လို့ နေတော့တယ်...
*
*
*
နှစ်သစ်မှာအားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး
ပိတောက်ပန်းလေးတွေလိုလန်းဆန်းလှပ၍
အတာသင်္ကြန်ရေလိုအေးမြကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
နှုတ်ခွန်းဆက်လိုက်ပါတယ်......
