အခက်အခဲနဲ့ ကြုံတိုင်းကြုံတိုင်း
မရိုးသားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတဲ့သူဟာ
ကြာလေလေအဆင့်နိမ့်သွားလေလေပဲ။
*~~~~~~~~~~~~~~~~~~*
ကိုယ်မြင်ရတဲ့လောကကြီးဟာ
ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်မူ့ ပဲ။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ရဲ့တည်ငြိမ်အေးဆေးမူ့ ဟာ
ပတ်ဝန်းကျင်ကို တည်ငြိမ်အောင်
အထောက်အကူပေးတယ်။
*~~~~~~~~~~~~~~~~~~*
စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ
စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ
သူတပါးကိုအနိုင်ကျင့်တဲ့သူဖြစ်လာတယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ရဲ့ဆုံးဖြတ်ချက်က
ကိုယ့်ကိုဖန်တီးတာပဲ။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်
ကိုယ့်ဘ၀ကိုအကောင်းဆုံးနေသွားနိုင်တဲ့လူဟာ
လောကကြီးကိုလည်း အများဆုံး အကျိုးပြုနိုင်တဲ့သူဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ်လုပ်တဲ့အလုပ်ဟာ
ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့ 
အကောင်းဆုံးအရည်အချင်းကို ဖေါ်ပြနေတာဖြစ်ရမယ်။
*~~~~~~~~~~~~~~~~~~*
အပြင်မှာရှိနေတာကို ရင်ဆိုင်ဖို့ ထက်
ကိုယ့်အတွင်းစိတ်ထဲမှာရှိနေတာကို ရင်ဆိုင်ဖို့ က
သတ္တိပိုပြီးလိုအပ်ပါတယ်။
*~~~~~~~~~~~~~~~~~~*
ငါဟာအများကို အကျိုးပြုနေတဲ့သူလား
အများကို အသုံးချပြီးတော့ ကိုယ်ကျိုးရှာနေတဲ့သူလား။
*~~~~~~~~~~~~~~~~~~*
လူ့ အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး
ကောင်းလာဖို့ ဆိုတာ မှန်ကန်တဲ့အသိအမြင်
မှန်ကန်တဲ့သဘောထား မှန်ကန်တဲ့စေတနာအပေါ်မှာ
အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို
လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
*~~~~~~~~~~~~~~~~~~*
အများအကျိုးကို
ထိထိရောက်ရောက်မဆောင်ရွက်နိုင်ရင်
ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူး။
*~~~~~~~~~~~~~~~~~~*
အဖွဲ့ အစည်းတခုထဲမှာ ပါဝင်နေတဲ့သူတဦးချင်းဟာ
ယုံကြည်လေးစားထိုက်တဲ့သူဖြစ်မှသာ အဲဒီအဖွဲ့ အစည်းဟာ
ယုံကြည်လေးစားထိုက်တဲ့အဖွဲ့ အစည်းဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
လူများစုအတွက် တကယ်အကျိုးရှိတဲ့ကိစ္စ၊
လူများစုကနှစ်သက်တဲ့ကိစ္စ၊ လူများစု ပူးပေါင်းဆောင်ရွက်တဲ့
ကိစ္စမျိုးကိုလုပ်မှ ရေရှည် တည်တံ့တဲ့အကျိုးကိုရမယ်။
*~~~~~~~~~~~~~~~~~~*
ပြဿနာကြီးလေလေ အဲဒီပြဿနာကို
ဖြေရှင်းဖို့ အဖြေရှာတဲ့အခါမှာ
လူများစုရဲ့ ပူးပေါင်းဆောင်ရွက်မူ့ ကိုလိုအပ်လေလေပါပဲ။
*~~~~~~~~~~~~~~~~~~*
အခြေခံမူက လွဲနေရင်
ဘယ်လောက်ပဲ ကြိုးစားပြီးလုပ်လုပ်
ပြည့်ပြည့်၀၀ အကျိုးခံစားရမှာမဟုတ်ဘူး။
*~~~~~~~~~~~~~~~~~~*
ဘယ်လောက်ပဲပညာတတ်တဲ့သူဖြစ်ဖြစ်
သူတယောက်တည်းရဲ့အမြင်ဟာ
ဘယ်တော့မှ မပြည့်စုံနိုင်ဘူး။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ရှေ့ ကလုပ်သွားတဲ့သူတွေရဲ့
ကောင်းမွေဆိုးမွေတွေကို ကိုယ်ခံရတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ကောင်းမွေဆိုးမွေတွေကိုလည်း
ကိုယ့်သားစဉ်မြေးဆက်ခံကြရမယ်။
ဒါကြောင့်ကိုယ်လုပ်တဲ့အလုပ်ရဲ့ကောင်းကျိုး ဆိုးကျိုးကို
ကိုယ့်တယောက်ထဲခံစားရတာ မဟုတ်ဘူးဆိုတဲ့ အသိစိတ်နဲ့ 
တာဝန်သိသိလုပ်သင့်တယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ့်အခက်အခဲ ကိုယ့်ပြဿနာကို
ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ
အများအတွက်အဆင်ပြေဖို့ ကိုပါ ထည့်စဉ်းစားမှသာ
ရေရှည်ပြေလည်တဲ့အဖြေကိုရမယ်။
*~~~~~~~~~~~~~~~~~~*
နည်းနည်းပေးပြီး
များများရချင်တဲ့စိတ်ဓါတ်မျိုးဟာ
ဘ၀ကိုဖျက်ဆီးမယ့်စိတ်ဓါတ်မျိုးဖြစ်တယ်။
လောကကိုဖျက်ဆီးမယ့်စိတ်ဓါတ်မျိုးဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ကိုယ်ကို တကယ်ယုံကြည်မူ့ မရှိတဲ့သူဟာ
သူများပြောတာကိုလည်း တကယ်ယုံကြည်မူ့ မရှိဘူး။
*~~~~~~~~~~~~~~~~~~*
ကိုယ်က တန်ဖိုးထားတတ်တဲ့သူဖြစ်မှ
တန်ဖိုးထားနိုင်တဲ့စိတ်ထားရှိမှ
ကိုယ်တန်ဖိုးထားတဲ့အရာက
ကိုယ့်ကို အားရှိစေမယ်။
*~~~~~~~~~~~~~~~~~~*
*
*
*
*
*
*
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတော်မူသော
"သိစရာတွေးစရာ" စာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...







