Sunday, July 22, 2012
ဖန်တီးရှင် S Gum Aung
ဒီနေ့ youtube မှာကြည့်လိုက်ရတဲ့ video ကတော့ လူတော်တော်များများ
သိပြီးကြပြီးဖြစ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးဘ၀ကနေ ခရစ်ယာန်ဘာသာထဲကို
ကူးပြောင်းသွားတဲ့ တရားဟောဆရာ "S Gum Aung ၏ဘ၀အမှန်" လို့ ဆိုတဲ့
Video ပါပဲ...။ အဲဒီ Video ထဲမှာ S Gum Aung ဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အကြောင်းတွေနဲ့ 
သူရဲ့ပြောဆိုမူ့ တွေဟာ မမှန်ကန်ဘူးဆိုတာတွေကို သက်သေအထောက်အထားတွေနဲ့ 
ရှာဖွေတင်ပြထားတာပါ...။ အဲဒီအထဲမှာကိုယ့်စိတ်ကိုအထိခိုက်ဆုံးမြင်ကွင်းကတော့ S Gum Aung ရဲ့မွေးရပ်ဇာတိကိုသွားပြီး သူ့ ရဲ့မိခင်ကြီးကို သူ့ သားအကြောင်းတွေပြတော့ သူ့ မိခင်ကြီးက
မျက်ရည်တလိမ့်လိမ့်ကျဆင်းပြီးငိုကြွေးရှာတာပါပဲ...။
ကိုယ့်အမြင်နဲ့ ပြောရရင်တော့ သူ့ သားကို လူတွေက လူလိမ်လူညာလို့ ပြောနေတာကို
သူ့ ခမြာဘယ်လိုမျက်နှာ ဘယ်လိုနှလုံးသားနဲ့ ကြည့်ရူ့ ခံစားနိုင်မှာလဲ...။
ရှက်ခြင်း ၀မ်းနည်းခြင်းတွေသူ့ ရင်ထဲမှာတပြိုင်နက်ထဲခံစားနေရမှာပါ...။
နှလုံးသားရှိတဲ့သူတိုင်း သူ့ မိခင်နေရာကနေ၀င်ပြီးခံစားကြည့်ရင်သိမှာပါ...။
အမှန်တော့ ဒီ Video ကိုရိုက်တဲ့သူတွေကသူ့ မိခင်ကိုလူပုံအလယ်မှာသူ့ သားအကြောင်းတွေ
ပြပြီးသူ့ ကိုမေးခွန်းတွေမမေးသင့်ပါဘူး...။ ဒါဟာလူမူ့ ရေးအရ အင်မတန်မှမသင့်တော်ပါဘူး။
မဖြစ်သင့်တဲ့အရာတခုလို့ မြင်မိပါတယ်...။
လူတွေက S Gum Aung ကိုအမျိုးမျိုးပြောဆိုနေကြတာတွေကိုတွေ့ ရပါတယ်...။
သူဟာဘာသာရေးနဲ့ ပတ်သက်ပြီးလိမ်လည်နေတဲ့လူဖြစ်တယ်ဆိုတဲ့အကြောင်းတွေပါပဲ။
ကိုယ့်အနေနဲ့ ကတော့ အဲဒီပုဂ္ဂိုလ်ကို ဘာသာရေးရူ့ ထောင့်ကနေမကြည့်ပဲ လူသားတယောက်ရဲ့
ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ စိတ်ရဲ့သဘောသဘာဝ တနည်းအားဖြင့်စိတ်ပိုင်းဆိုင်ရာကို
ကြည့်တဲ့အကြည့် မြင်တဲ့အမြင်နဲ့ ပြောချင်ပါတယ်...။
စိတ်ပညာရှင်တွေရဲ့ရှာဖွေတွေ့ ရှိပြောဆိုချက်အရ လူဟာမွေးဖွားပြီး ၃ နှစ်အရွယ်ကစလို့ 
လိမ်တတ်လာပါပြီတဲ့... အဲလိုလိမ်ရင်းနဲ့ အသက် ၅နှစ်အရွယ်မှာ သူဟာလိမ်လည်မူ့ ကို
ကျွမ်းကျင်လာပြီလို့ ဆိုပါတယ်။ ထို့ နောက်လူကြီးဖြစ်လာပြီဆိုရင် သူရဲ့ အသက်
သူရဲ့အလုပ်အကိုင် သူရဲ့ဝင်ငွေ သူစီးတဲ့ကား အစရှိသဖြင့်
လိမ်တော့တာပါပဲတဲ့...။ အဲလိုဘာကြောင့်လိမ်ရတာလည်းဆိုတော့ သူအဲဒီလိုလိမ်မှ
သူရဲ့ဘ၀ဟာသူနေထိုင်တဲ့နေရာမှာ ၀င်ဆန့် မယ်လို့ ထင်ကြတယ်လို့ ဆိုပါတယ်။
တချို့ လူများကျတော့ လိမ်လည်ခြင်းဟာ သူတို့ အတွက်ဖန်တီးမူ့ အတတ်ပညာတခုလို
ဖြစ်နေတယ်လို့ ဆိုပါတယ်။ ( ပိပိရိရိလိမ်လည်တတ်ခြင်း ၊ လက်တလုံးခြားလိမ်လည်တတ်ခြင်းနဲ့ 
မျက်နှာပြောင်တိုက်ပြီးဗြောင်လိမ်တတ်ခြင်းတွေကိုဆိုလိုပါတယ်။ )
 နောက်တခုက လူတွေမှာမလိမ်လို့ မဖြစ်တဲ့အတွက်လိမ်ရတယ်လို့ လည်းဆိုပါတယ်...။ 
တချို့ ကျတော့သူတို့ ရဲ့ဘ၀လုံခြုံရေးအတွက်လိမ်ရတယ်လို့ ဆိုပါတယ်။ 
လိမ်တဲ့သူဟာအသိဥာဏ်ပိုင်းဆိုင်ရာကိုအသုံးချရပြီး
 သူဘာတွေလိမ်ရမယ်ဆိုတာကိုတိကျအောင်လည်းမှတ်မိရတယ်လို့ ဆိုပါတယ်...။ 
 ကိုယ်စိတ်ဝင်စားမိတဲ့အကြောင်းအရာကတော့
လူတွေဟာဘာကြောင့်လိမ်ညာရတာလဲ?... သူတို့ ကိုဘယ်အရာကအဲဒီလိုလူလိမ်လူညာ
တယောက်ဖြစ်အောင်တွန်းပို့ လိုက်တာလဲ?... အစရှိတဲ့မေးခွန်းတွေပါပဲ...။
ဘာကြောင့်လဲဆိုတော့ ဘယ်သူတဦးတယောက်မှ အမိဝမ်းထဲကကျွတ်တာနဲ့ 
လိမ်ဖို့ စဉ်းစားပြီးလောကကြီးကိုခြေမချလာပါဘူး...။ သူနေတဲ့ပတ်ဝန်းကျင်
သူဖြတ်သန်းရတဲ့ဘ၀အတွေ့ အကြုံ သူ သင်ကြားရတဲ့အကြောင်းအရာတွေကပဲ
သူ့ ကိုကောင်းသည်လည်းဖြစ်အောင် သို့ မဟုတ် ဆိုးသည်လည်းဖြစ်အောင်
ဖန်တီးလိုက်ကြတာပါပဲ...။ လူကိုမဆိုထားနဲ့ သက်မဲ့ဖြစ်တဲ့ သစ်ပင်တောင်မှ
"အချိုသီး သီးသောအပင်ဖြစ်စေကာမူ ရေခံမြေခံမကောင်းက အချိုသီးမသီးနိုင်"လို့ 
အဆိုရှိပါတယ်..။
အခု S Gum Aung ရဲ့အကြောင်းကို အထက်မှာပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာရူ့ ထောင့်
ကနေကြည့်ရအောင်ပါ....။ ကိုယ့်အမြင်ကိုပြောရရင်တော့ S Gum Aung ဟာသူ့ ကံကြမ္မာက သူ့ ကိုဖန်တီးပြီး နေရာချထားပေးတဲ့ဘ၀ကို သူနှစ်သက်ပုံမရပါဘူး။ 
ဒီတော့သူဟာ သူဖြစ်ချင်တဲ့ဘ၀ သူဖြစ်ချင်တဲ့အခြေအနေတွေကိုဖြစ်အောင် 
သူ့ ရဲ့စိတ်ကူးထဲမှာ ဘ၀တခုကိုရေးသားပြီးပုံဖေါ်ပါတယ်...ပြီးတော့အဲဒီဘ၀ကို
သူ့ ရဲ့လက်တွေ့ ဘ၀မှာအကောင်ထည်ဖေါ် ပြီးသူကိုယ်တိုင်ပဲ
သူဖန်တီးထားတဲ့ဇတ်ကောင်အဖြစ်သရုပ်ဆောင်ပါတော့တယ်။
သူသရုပ်ဆောင်တဲ့ဇတ်ကောင်ဟာ သူဖြတ်သန်းခဲ့တဲ့ ဘ၀ရဲ့တစိတ်တဒေသတွေကို
ဟိုတစဒီတစ ဆွဲထည့်ပြီးသူ့ ရဲ့ဇတ်ကောင်ကိုပုံဖေါ်ဖန်တီးပါတယ်...။ 
တဖြေးဖြေးနဲ့ သူဟာ သူစိတ်ကူးယဉ်ဖန်တီးထားတဲ့သူ့ ရဲ့စိတ်ကူးထဲကဇတ်ကောင်ဖြစ်မှန်းမသိ
ဖြစ်လာခဲ့တော့တာပါပဲ...။ သူကိုယ်တိုင်ကသူ့ စိတ်ရဲ့လှည့်စားမူ့ ကိုလုံးဝမသိနိုင်တော့
လောက်အောင်သူ့ ရဲ့တကယ့်လက်တွေ့ ဘ၀ဟာ အသိစိတ်ထဲမှာပျောက်ကွယ်နေတယ်လို့ 
ယူဆရပါတယ်...။ သူသိနေတယ်ဆိုရင်တောင် အဲဒီအသိကိုလက်မခံနိုင်လောက်အောင်
သူ့ ရဲ့ဘ၀အရင်းအမှန်ကိုဖျောက်ဖျက်မြှုပ်နှံထားလိုက်ပုံရပါတယ်။
သူဟာဘ၀အသစ်မှာသူ ကိုယ်တိုင်ဖန်တီးထားတဲ့ဇတ်ကောင်အဖြစ်သရုပ်ဆောင်နေရတာကိုပဲ
ကျေနပ်လက်ခံထားပုံရပါတယ်...။ ထို့ အတူ  သူ့ စိတ်အစဉ်မှာသူဖြစ်ချင်
တဲ့ပညာတတ် လူတကာကသူ့ ကိုဝိုင်းပြီးချီးမြှောက်တဲ့ ဘ၀မျိုးကိုသူလိုချင်တဲ့အတိုင်း
ဖန်တီးထားပါတယ်...။ နောက်တခုက သူဟာ လူတကာရဲ့သနားကြင်နာမူ့ ကိုခံယူချင်တဲ့
မေတ္တာငတ်နေသူတဦးလည်းဖြစ်ပုံရပါတယ်...။
( သူ့ မိခင် မုဒိန်းကျင့်ခံရပြီး မိဘနှစ်ပါးအသတ်ခံရတယ်
 ပြီးတော့ သူနဲ့ သူ့ ညီမလေးနှစ်ယောက်က ဘ၀ကိုဆင်းဆင်းရဲရဲနဲ့ ပလပ်စတစ်ကောက်
ရေထမ်းရောင်းပြီးအသက်ရှင်ရပ်တည်ခဲ့ရတယ်လို့ သူ့ ဘ၀ကို သနားစဖွယ်ဖြစ်အောင်
သူ့ ဇတ်လမ်းကိုအစပြုထားတာကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။)
ဒီနေရာမှာဖြတ်ပြီးအနည်းငယ်ပြောချင်တဲ့အကြောင်းကတော့
ကမ္ဘာကျော် Harry Potter ၀တ္တုကိုရေးသားတဲ့စာရေးဆရာမ J.K. Rowling ဟာ
 လောကကြီးမှာတကယ်မရှိတဲ့ မှော်အတတ် စုန်းအတတ်
တွေသင်ကြားတဲ့ကျောင်းကြီးတခုကိုဖန်တီးပြီး အဲဒီကျောင်းမှာပညာသင်ကြားမယ့်
 Harry Potter ဆိုတဲ့ကောင်လေးဟာသူ့ မိဘတွေကသူငယ်စဉ် ကလေးဘဝ
ကတည်းကအသတ်ခံခဲ့ရပြီး မိဘမဲ့ဘ၀နဲ့ အနှိမ်ခံပြီးသူတပါးအိမ်မှာနေရတယ်လို့ 
သူ့ ရဲ့ဇတ်ကောင်ကို စိတ်ကူးယဉ်ပြီးသနားစဖွယ်ဖန်တီးထုတ်လုပ်ပါတယ်...။
သူရေးသားတဲ့စာအုပ်ကိုတကမ္ဘာလုံးကကြိုက်နှစ်သက်ကြလို့ 
ပုံနှိပ်ထုတ်ဝေလိုက်ရတဲ့သူ့ စာအုပ်အရေတွက်ကိုဆန့် လိုက်ရင်
ကမ္ဘာကိုပတ်လို့ ရတယ်လို့ ဆိုပါတယ်...။
ကမ္ဘာကျော်စာရေးဆရာကြီး  Shakespeare ဟာလည်း လောကကြီးမှာတကယ်မရှိခဲ့တဲ့
"Romeo and Juliet" ဆိုတဲ့သနားစဖွယ်ချစ်သူနှစ်ဦးအကြောင်းကိုစိတ်ကူးယဉ်ပြီး
ဖန်တီးထုတ်လုပ်ပါတယ်...။
Romeo နဲ့ Juliet ဇတ်ကားဟာ နာမည်ကျော်ကြားလူကြိုက်များတဲ့
ကမ္ဘာကျော်ရုပ်ရှင်ဇတ်ကားဖြစ်ခဲ့ပါတယ်...။
စာရေးဆရာ Sir Arthur Conan Doyle ဟာလည်းလောကကြီးမှာ တကယ်မရှိခဲ့တဲ့
ကမ္ဘာကျော်စုံထောက်ကြီး Sherlock Holmes ကိုစိတ်ကူးယဉ်ပြီးဖန်တီးရေးသားပါတယ်...။
 ဒီဇတ်လမ်းတွေကိုဖန်တီးရေးသားတဲ့လူတွေရဲ့အသိဥာဏ်အဆင့်အတန်းဟာ သာမာန်လူတွေ
နဲ့ မတူအောင်သာလွန်နေတာကိုတွေ့ ရမှာပါ။ ထို့ အတူသူတို့ ရေးသားတဲ့
တကယ်မရှိ တကယ်မဟုတ်တဲ့ ဇတ်လမ်းတွေ ဇတ်ကောင်တွေကို လူတွေကလည်း
အင်မတန်မှကြိုက်နှစ်သက်ပြီး လက်ခံကြ ရူးသွပ်ကြတာကိုတွေ့ ရပါတယ်...။
  ဒါတွေဟာ လူသားတွေရဲ့စိတ်စေတသိတ်ကဖြစ်ပေါ်လာတဲ့ ဖန်တီးမူ့ နဲ့ 
လှည့်စားမူ့ တွေပါပဲ...။
အခုလည်းဒီအတိုင်းပါပဲ ဗုဒ္ဓဘာသာဘုန်းကြီးတဖြစ်လဲ ခရစ်ယာန်တရားဟောဆရာ S Gum Aung ရဲ့
စိတ်ကူးယဉ်ဖန်တီးထားတဲ့ဇတ်လမ်းနဲ့ ဇတ်ကောင်ကိုကြိုက်နှစ်သက်ပြီးလက်ခံကြတဲ့သူတွေလည်း
ရှိကြမှာပါ...။ ဖန်တီးသူတွေရောကြိုက်နှစ်သက်ကြသူတွေအားလုံးဟာ
စိတ်ရဲ့လှည့်စားခြင်းကိုခံရတယ်ဆိုတာမသိနိုင်ကြပါဘူး...။ 
ဘာကြောင့်လဲဆိုတော့လူသားတွေဟာအဲဒီစိတ်ရဲ့လှည့်စားခြင်းကိုပဲ 
ဘ၀လို့ သတ်မှတ်ပြီးမသိစိတ်နဲ့ အသက်ရှင်နေကြလို့ ပါပဲ။
 သာမာန်အမြင်နဲ့ ကြည့်မယ်ဆိုရင်
  S Gum Aung ဟာကမ္ဘာကျော်လိမ်ညာမူ့ ကြီးကိုကျူးလွန်နေတဲ့သူလို့ မြင်ကြမှာပါ။
သို့ သော်လည်းစိတ်ပိုင်းဆိုင်ရာရူ့ ထောင့်ကနေကြည့်မယ်ဆိုရင်တော့
သူကိုယ်တိုင်က သူ့ စိတ်ရဲ့ လှည့်စားခံ သားကောင်ဖြစ်နေတာပါ...။
 S Gum Aung ရဲ့ဖန်တီးမူ့ နဲ့ သူ့ လုပ်ရပ်ဟာသူ့ ရဲ့အသိဥာဏ်
အဆင့်အတန်းနဲ့ သူ့ ရဲ့ပင်ကိုယ်အကျင့်စရိုက် အပေါ်မှာမူတည်နေပါတယ်။
လူတယောက်မှာ အသိဥာဏ်အဆင့်တန်းနိမ့်ကျနေရင် နိမ့်ကျတဲ့အရာကို
ဖန်တီးမှာဖြစ်သလို အသိဥာဏ်အဆင့်အတန်းမြင့်မားနေရင်လည်းသူ့ ရဲ့အသိဥာဏ်အဆင့်တန်းအတိုင်း
ဖန်တီးသွားမှာပါပဲ...။ လောကကြီးမှာ S Gum Aung လိုလူမျိုးတွေအများကြီးရှိနိုင်ပါတယ်။
လူတွေဟာဘ၀ရဲ့အခက်အခဲတွေ ဒုက္ခအဖုံဖုံတွေ လောကဓံတရားတွေကို
ရင်ဆိုင်ကြုံတွေ့ လာရတဲ့အခါမှာ
လူသားတယောက် စောင့်စည်းရမယ့် လူ့ ကျင့်ဝတ်တွေ လူ့ စည်းကမ်းတွေ
လူ့ ဂုဏ်သိက္ခာတွေကိုချိုးဖေါက်ပြီး
မိမိရဲ့ စိတ်ထွက်ပေါက်နဲ့  ဘ၀ထွက်ပေါက်အတွက် 
ဘာသာရေးကိုခုတုံးလုပ်အသုံးချမူ့ တွေ
နိုင်ငံရေးကိုခုတုံးလုပ်အသုံးချမူ့ တွေ
လူသားအချင်းချင်းခုတုံးလုပ်အသုံးချမူ့ တွေ
လိမ်ညာလှည့်စားမူ့ တွေဖြစ်ပေါ်လာတော့တာပါပဲ...။
 ဒါတွေဟာလည်း ဒီကမ္ဘာကြီးတည်ရှိနေသ၍ လူသားတွေရှိနေသ၍ ဒီလိုအဖြစ်အပျက်တွေကရှိနေဦးမှာမလွဲပါဘူး...။
 “All that we are is the result of what we have thought. 
The mind is everything. 
What we think we become.”
(Buddha)
*
*
*
******************
Saturday, July 7, 2012
*~~~အဆိုအမိန့် ဒဿနစကားများ (၁)~~~*
*ကိုယ်ပိုင်တာ*
ဟုတ်ရင်လည်းဟုတ်လို့ လက်ခံလိုက်...
မဟုတ်ရင်လည်းမဟုတ်လို့ သည်းခံလိုက်...
တကယ်တော့ကိုယ့်စေတနာပဲကိုယ်ပိုင်တာမဟုတ်လား...။
Please accept the Truth.
Please forgive the Mistake.
Of course, you will possess only your good will.
*~~~~~~~~~~~~~~~~~~*
*ဒီသုံးချက်*
 သဘာဝတရားကိုနားလည်ပါ...
အမှန်တရားကိုလက်ခံပါ...
အမှားကိုတော့ခွှင့်လွှတ်ပေးလိုက်ပါ။
Understand the nature.
Accept the truth.
Forgive the Mistake.
*~~~~~~~~~~~~~~~~~~*
  *ပျက်နှစ်ပျက်*
မူ မပျက်စေနဲ့ 
မူ ပျက်ရင်လူပါပျက်သွားတတ်တယ်။
Do not destroy the Rule.
If rule is destructed life is also.
*~~~~~~~~~~~~~~~~~~*
*ဆက်လုပ်*
စိတ်မပျက်ပါနဲ့ အားမလျှော့ပါနဲ့ ၊ 
တကယ်လို့ စိတ်ပျက်အားလျှော့နေခဲ့မယ်ဆိုရင်တောင်
လုပ်သင့်တာတွေကို တစိုက်မတ်မတ် ဆက်လုပ်နေပါ။
Don't cause distress.
Don't be anxious.
Even you are suffering from distress,
do continuously for the suitable things.
*~~~~~~~~~~~~~~~~~~*
ရိုးရိုးဖြောင့်ဖြောင့် ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့အတွက်ကြောင့်
သင့်မှာထိခိုက်စရာတွေကြုံရနိုင်ပါတယ်။
ဒါပေမယ့်ရိုးရိုးဖြောင့်ဖြောင့်ပွင့်ပွင့်လင်းလင်းပဲပြောပါ...။
Due to openhearted talks,
you may find disappointed.
But please tell honestly and plainly.
*~~~~~~~~~~~~~~~~~~*
ကြီးကျယ်အမြင့်မားဆုံးပုဂ္ဂိုလ်ကြီးတွေကိုတောင် 
အသေးသိမ်အနုံချာဆုံးပုဂ္ဂိုလ်လေးတွေက ဝေဖန်ကဲ့ရဲ့  ပြစ်တင် အတင်းပြော
အပုတ်ချတာရှိမှာပါပဲ...ဒါပေမယ့် ကြီးကျယ်မြင့်မားအောင်ပဲကြံစည်ပါ...။
Even the noble great persons,
the low class menials can blame them.
But think up to the great.
*~~~~~~~~~~~~~~~~~~*
အောင်မြင်ကြီးပွားလာပြီဆိုရင် သင့်ဘေးနားမှာ
သာပေါင်းညာစားတွေရော ရန်သူတွေပါ ရောက်လာကြပါလိမ့်မယ်။
ဒါပေမယ့် အောင်မြင်ကြီးပွားအောင်ပဲ ကြိုးစားပါ...။
When you become successor, liars and enemies will approach you.
But try until you succeed.
*~~~~~~~~~~~~~~~~~~*
ကမ္ဘာလောကအတွက် အကောင်းဆုံးတွေကိုပဲသင်ပေးခဲ့ပေမယ့်
သင့်ကိုတော့နာကျည်း မုန်းတီးစရာတွေကိုပဲ ပြန်ပေးချင်ပေးကြမှာပါ။
ဒါပေမယ့် အကောင်းဆုံးတွေပဲပေးခဲ့ပါ။
Though you give the best to the people in the world,
they may give you the hatred.
  But you give them the best.
*~~~~~~~~~~~~~~~~~~*
ဒီဘ၀မှာ ဘာအလုပ်ကိုပဲလုပ်ရ လုပ်ရ
အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပါ။
IN LIFE!
Please do the best 
Whatever You DO.
*~~~~~~~~~~~~~~~~~~*
 ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ (စစ်ကိုင်း ရွှေဟင်္သာ)
၏အဆိုအမိန့် ဒဿနများအား ကောက်နှုတ်၍ မျှဝေပါသည်...။
Wednesday, July 4, 2012
ဗုဒ္ဓနဲ့ ယေရူ့ 
လွန်ခဲ့တဲ့နှစ်အတော်ကြာက စာရေးဆရာ Jack Kornfield ရေးသားတဲ့
Jesus and Buddha ; The parallel sayings ဆိုတဲ့စာအုပ်လေးတအုပ်ဖတ်ရပါတယ်...။
အဲဒီစာအုပ်ထဲမှာ  ဗုဒ္ဓနဲ့ ယေရူ့ ရဲ့ အဆုံးအမတွေကိုအခုလိုနှိုင်းယှဉ်ပြထားပါတယ်...။
Consider others as yourself.
Dhammapada 10.1
 ( Buddha )
Do to others as you would have them do to you.
 Luke 6.31
( Jesus )
If anyone should give you a blow with his hand, with a stick, or with a knife,
you should abandon any desires and utter no evil words.
Majjhima Nikaya 21.6
( Buddha )
 If anyone strikes on the cheek, offer the other also.
Luke 6.29
( Jesus )
Hatreds do not ever cease in this world by hating, but by love;
this is an eternal truth......
Overcome anger by love, overcome evil by good.
Over come the miser by giving, overcome the liar by truth.
Dhammapada 1.5 & 17.3
( Buddha )
Love your enemies, do good to those who hate you, bless those who curse you,
pray for those who abuse you. From anyone who takes away your coat do not withhold
even your shirt. Give to everyone who begs from you; and if anyone takes away your goods, do not ask for them again.
Luke 6.27,30
( Jesus )
ထို့ အတူသူ့ ရဲ့အမှာစာထဲမှာရေးသားထားတဲ့စာပိုဒ်တပိုဒ်က......
To return to the similarity between Jesus and Buddha, which resides primarily
in their wisdom teaching: How does one account for it? The similarity is so strong
that some scholars have suggested direct contact or cultural borrowing as the explanation.
Because the Buddha lived about five hundred years earlier than Jesus, the direction of
borrowing would have been from the Buddha to Jesus.
Popular speculation speaks of Jesus having traveled to India during "The missing years"
the decades before he emerged on the stage of history. There, it is suggested, he came in
contact with Buddhist teachings.   လို့ သူကဆိုပါတယ်...။
ဒီစာအုပ်ကိုဖတ်ပြီးကိုယ်စိတ်ဝင်စားခဲ့မိတဲ့အချက်က Jesus ဟာသူတို့ ပြောသလို
ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုသူပျောက်ဆုံးနေတဲ့နှစ်ကာလတွေမှာ
လေ့လာသင်ယူခဲ့သလားဆိုတာပါပဲ...။
အခု "Jesus was a Buddhist Monk"
လို့ ဆိုတဲ့ BBC Documentary ကိုကြည့်လိုက်ရပါတယ်...။
ကိုယ့်လိုပဲစိတ်ဝင်စားသူများအတွက် ဗဟုသုတအဖြစ်လေ့လာနိုင်ရန်
မျှဝေလိုက်ပါတယ်...။
 * 
*
*