ဒီနေ့  June လ ၃ ရက်နေ့ ဟာအမေရိကန်နိုင်ငံရဲ့ကလေးများနေ့ ဖြစ်ပါတယ်...။
လူတော်တော်များများကတော့ ဒီနေ့ ကိုမသိကြပါဘူး...။
ကလေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုဗဟုသုတအဖြစ်ဖတ်ချင်ရင်တော့
ဒီနေရာ လေးမှာသွားဖတ်လို့ ရပါတယ်...။
ကိုယ်က ကလေးချစ်တတ်တဲ့သူပါ...
ကလေးတွေဟာဒီကမ္ဘာကြီးရဲ့အနာဂတ်ပါပဲ...။
Google မှာရှာတွေ့ တဲ့ သိပ်ချစ်စရာကောင်းတဲ့ကလေးတွေရဲ့ပုံလေးတွေကို
ကလေးများနေ့ အမှတ်တရအဖြစ်မျှဝေလိုက်ပါတယ်...။
ကိုယ်ကအဲဒီမုန့် တွေကိုတယောက်ထဲအကုန်စားပြစ်မှာနော်...
ဘယ်သူ့ မှမကြွေးဘူး...
ဒို့ လည်းကြွေးအုံးလေ...
သူကမကြွေးချင်ဘူးဆိုမှပဲ...
တကယ်ပြောတာလား...
တကယ်ပါဆိုမှပဲ...
ကိုယ်တော့မယုံပါဘူး...
ပန်းပေးရင်ယုံမှာလား...
စဉ်းစားလိုက်အုံးမယ်...ယုံရင်ကောင်းမလားလို့ ...
ကိုယ်ကတော့ယုံတယ်...သူတကယ်စားမယ်ဆိုတာ...
ကောင်းပြီလေ...မကြွေးလဲနေပေါ့...
ကိုယ်တော့ဗိုက်ဆာဆာနဲ့ အိပ်ပြီနော်...Good Night!
ကမ္ဘာပေါ်မှာရှိကြတဲ့ အပြစ်မဲ့ကလေးတွေအားလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေ...












No comments:
Post a Comment