Wednesday, June 20, 2012

ထူးဆန်းထွေလာဤကမ္ဘာဝယ်(၃)

အိန္ဒိယနိုင်ငံက  Yogi ကျင့်စဉ်ကိုကျင့်နေတဲ့ Rambhau လို့ ခေါ်တဲ့ ယောဂီကြီးဟာ
၁၉၇၇ ခုနှစ်ကစ၍  ငှက်ပျောသီးနှစ်လုံးနဲ့  နို့ တခွက်ကို တနေ့ နှစ်ကြိမ်စားပြီး
 နေလာခဲ့တာ ၂၆နှစ်ကြာခဲ့ပါပြီ။ အိပ်ချိန်ဆိုရင်လည်း တနေ့ ကို ၃ နာရီပဲရှိပါတယ်။
သို့ သော်လည်းသူဟာ ကျန်းမာသွက်လက်စွာနဲ့ ရှိနေနိုင်တယ်လို့ ဆိုပါတယ်...။
အလွန်အံ့သြဘွယ်ကောင်း တာကတော့ သူ့ ကိုယ်ခန္တာကို အရှိန်ပြင်းပြစွာတောက်လောင်နေတဲ့
မီးတောက်ကြီးထဲမှာအိပ်ပြပြီးအလောင်ခံပေမယ့် မီးကသူ့ ခန္တာကိုယ်ကိုလောင်ကျွမ်းမသွားတာပါပဲ။
ဒီလိုဆိုရင်သူ ၀တ်တဲ့အ၀တ်တွေက မီးလောင်ခံတဲ့ပစ္စည်းတွေနဲ့ လုပ်ထားတာလားလို့ 
သူ့ အ၀တ်တွေကို အိန္ဒိယမှ အမေရိကန်နိုင်ငံကိုယူလာခဲ့ပြီးထင်ရှားတဲ့ ပညာရှင်တွေနဲ့ 
စမ်းသပ်ကြည့်ပေမယ့် အဲဒီလို အထူးစီမံထားတာမဟုတ်ပဲ သာမန် မီးလောင်နိုင်တဲ့အ၀တ်အထည်
မျိုးဆိုတာကိုလည်း စမ်းသပ်တွေ့ ရှိတယ်လို့ ဆိုပါတယ်။
အသက် ၆၃နှစ် ရက်ပေါင်း တထောင်မီးလောင်ခံပြခဲ့တဲ့ Rambhau ရဲ့အကြောင်းကို
မတွေ့ ဖူးသေးတဲ့ ဓမ္မမိတ်ဆွေများအတွက်ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။
 (သူ့ ကိုယ်ခန္တာကိုမီးပုံပေါ်မှာအိပ်ပြနေတဲ့ part 3 video ပါ။)

 Part 3




Part 4


Part 5


Part 2


Part 1

No comments:

Post a Comment