လောကကြီးမှာကိုယ်အကြောက်ဆုံးအရာတခုရှိပါတယ်...
သေခြင်းတရားထက်ပိုပြီးကြောက်မိတဲ့အရာပေါ့...
အဲဒါကတော့ "သူယုတ်မာ"နဲ့ တွေ့ ဆုံပေါင်းသင်းဆက်ဆံရမှာကိုပါပဲ...။
ထိုထက်ပိုပြီးကြောက်မိတာကတော့ သူတော်ကောင်းအယောင်ဆောင်ထားတဲ့သူယုတ်မာနဲ့ 
တွေ့ ဆုံပေါင်းသင်းဆက်ဆံရမှာကိုပါ...။
ကိုယ့်ဘ၀မှာ မိတ်ဆွေကောင်းတယောက်မှမရှိရင်နေပါစေ...
သူယုတ်မာနဲ့ တော့မတွေ့ ပါရစေနဲ့ လို့ ကောင်းမူ့ ကုသိုလ်ပြုတိုင်းဆုတောင်းမိပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတယောက်မှာမိတ်ဆွေကောင်းတယောက်မှမရှိလို့ 
အဲဒီလူဘာမှမဖြစ်နိုင်ပေမယ့် သူယုတ်မာတယောက်နဲ့ တွေ့ ရင် အဲဒီလူရဲ့ဘ၀ဟာ
တစ်သံသရာလုံးဒုက္ခရောက်သွားနိုင်ပါတယ်...။
လောကမှာသူယုတ်မာနဲ့ တွေ့ ရကြုံရတဲ့သူတွေ ဘယ်လိုဒုက္ခရောက်ခဲ့ကြလဲဆိုတာ
မရေမတွက်နိုင်တဲ့သာဓကတွေများစွာရှိပါတယ်...။
အရှင်မဟာမောဂ္ဂလ္လာန်မထေရ်ကြီးဟာနုစဉ်ဘ၀မှာ သူယုတ်မာစိတ်ရှိတဲ့မိန်းမနဲ့ တွေ့ ပြီးထိုမိန်းရဲ့
ကုန်းချောပြစ်တင်လိမ်ညာမူ့ တွေကိုနားထောင်ခဲ့မိလို့ သူ့ ရဲ့မျက်မမြင်မိဘနှစ်ပါးကို
သူခိုးဟန်ဆောင်ပြီးရိုက်သတ်တဲ့အပြစ်ကြီးကိုကျူးလွန်ခဲ့မိရှာတယ်...။
အဲဒီအကုသိုလ်က တန်ခိုးက္ကဒ္ဒိပါဒ်နဲ့ တုနှိုင်းမရအောင်ပြည့်စုံလွန်းတဲ့ရဟန္တာမြတ်ကြီးကို
ခိုးသားငါးရာရဲ့ရိုက်နှက်သတ်ဖြတ်ခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်...။
( ဒါဟာသူယုတ်မာနဲ့ တစ်ဘ၀လေးတွေ့ လိုက်ရတာနဲ့ 
တစ်သံသရာလုံးဒုက္ခရောက်သွားရတဲ့ရလာဒ်ပါ...။)
ထို့ အပြင် ဒေ၀ဒတ်နဲ့ တွေ့ ခဲ့ရတဲ့ အဇာတသတ်ဟာလည်း ဖခင်ကိုသတ်တဲ့အပြစ်ကြီးကို
ကျူးလွန်ခဲ့မိပြီး ကြောက်စရာကောင်းတဲ့အ၀ီစိငရဲကိုမရောက်သင့်ပဲရောက်သွားခဲ့ရရှာပါတယ်။
အကယ်၍သာ ဒေ၀ဒတ်လိုသူယုတ်မာနဲ့ မတွေ့ ခဲ့ဘူးဆိုရင်သူငရဲကိုကျခဲ့မှာမဟုတ်ပါဘူး...။
သူအသက်ရှင်နေစဉ်ကံကောင်းထောက်မစွာနဲ့ ဘုရားရှင်ကိုတွေ့ လိုက်ရတဲ့အတွက်
သူပြုခဲ့တဲ့အကုသိုလ်တွေကြောင့်စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတွေနဲ့ ပူလောင် နေတဲ့
သူ့ ဘ၀မှာအကြီးမားဆုံးသောအားကိုးရာ၊ ကိုးကွယ်ရာ၊ ခိုလှုံစရာကိုသူရှာတွေ့ သွားခဲ့ပါတယ်...။
သူယုတ်မာ ဒေ၀ဒတ်နဲ့ တွေ့ ရတဲ့အခါမှာ သူဟာမကောင်းမူ့ ကိုကျူးလွန်ခဲ့ပေမယ့်
မဟာဂရုဏာရှင်အနှိုင်းမဲ့မေတ္တာရှင် မြတ်စွာဘုရားနဲ့ တွေ့ ရတဲ့အခါမှာ
သူ့ အကုသိုလ်တွေကိုဆေးကြောပြီး မြင့်မြတ်တဲ့ ကောင်းမူ့ ကုသိုလ်တွေကိုလုပ်နိုင်ခဲ့ပါတယ်...။
သူယုတ်မာနဲ့ သူတော်ကောင်းကိုကွဲပြားခြားနားစွာတွေ့ မြင်ခဲ့ရတဲ့ အဇာတသတ်ဟာ
မည်သူနဲ့ မှမတူအောင်ဘုရားရှင်အပေါ်ကြည်ညိုလေးစားရိုသေမြတ်နိုးခဲ့ပါတယ်...။
ဒီအတွက်လည်းသူဟာဘုရားရှင်ရဲ့ချီးမွမ်းခြင်းနဲ့ အတူ ဧတဒဂ်ရခဲ့သူပါ...။
သူ့ ဘ၀အတွက်အံ့မခန်းဘွယ်နှိုင်းယှဉ်မူ့ ကြီးကိုရှာတွေ့ ခဲ့တာဆိုရင်လည်းမမှားနိုင်ပါဘူး...။
(ဒါဟာ သူတော်ကောင်းနဲ့ တွေ့ ရတဲ့အတွက်ရရှိလိုက်တဲ့အကျိုးရလာဒ်တွေပါပဲ...)
ဒါတွေကိုကြည့်ခြင်းအားဖြင့် လောကမှာသူတော်ကောင်းနဲ့ တွေ့ ဆုံရဖို့ အင်မတန်မှအရေးကြီးသလို
သူယုတ်မာနဲ့ မတွေ့ ရဖို့ လည်း သိပ်အရေးကြီးပါတယ်...။
သူတော်ကောင်းမှန်ရင် သူယုတ်မာနဲ့ တွေ့ ရမှာသိပ်ကြောက်ပါတယ်...။
ငါးရာ့ငါးဆယ်ဇတ်တော်မှာ သူတော်ကောင်းရသေ့တပါးဖြစ်တဲ့ အကိတ္တိရသေ့၏ဆုတောင်းကို
ဒီလိုတွေ့ ရပါတယ်......
အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -
(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊
(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊
(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊
(အထက်ပါဆုတောင်းခြင်းအပိုဒ်ကို ဆရာတော် အရှင်ကေ၀လ (အလင်းစက်)၏
"ဆုတောင်းခြင်း" ဆောင်းပါးမှကောက်နှုတ်ပါသည်။)
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းနှင့်တွေ့ ဆုံကြပါစေ...
မသူတော်ဘေးမှကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

No comments:
Post a Comment