Sunday, July 3, 2011

ဒါဟာသဘာဝနိယာမ


တဦးတယောက်ရဲ့စိတ်မှာ

ငြိမ်းချမ်းမူ့ မရှိဘူးဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး

ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကျွန်တော်တော့နားမလည်ဘူး။

( ဂိုအင်ဂါ )


ဟောဒီစိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးဟာ

လိုအပ်နေတဲ့ အစစ်အမှန်ပြောင်းလဲရေးပါပဲ။

တခြားဘယ်ပြောင်းလဲမူ့ မှအဓိပါယ်မရှိပါဘူး။

( ဂိုအင်ဂါ )


ငါဒေါသထွက်တဲ့အခါ

အမုန်းပွားတဲ့အခါ စိတ်ဆိုးနေတဲ့အခါ

ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်နေတဲ့အခါ

ငါ့ဒေါသရဲ့ ဒုက္ခသားကောင်အရင်ဖြစ်ရပါလား…။

ငါ့သန္တာန်မှာဖြစ်ပေါ်လာတဲ့ မုန်းတီးမူ့  ရက်စက်မူ့ ရဲ့

ဒုက္ခသားကောင်အရင်ဖြစ်ရပါလား

ငါ့ကိုယ်ငါ ပထမဆုံးနှိပ်စက်ဖျက်ဆီးပြီးမှ

သူတပါးကို ဒုက္ခပေးရတာပါလားဆိုတဲ့

ဒီသဘောတရားကို လူတိုင်းလက်ခံနိုင်ပါတယ်။

ဒါဟာသဘာဝနိယာမဖြစ်ပါတယ်။

( ဂိုအင်ဂါ )


သဘာဝဥပဒေကို ချိုးဖေါက်တဲ့သူဟာ

ဒီဘ၀မှာပဲ သူ့ ရဲ့ခန္ခာထဲမှာ ငရဲမီးအပူဒုက္ခကိုခံစားရပါမယ်။

ယခုဘ၀မှာ သူတို့ စိုက်ပျိုးထားတဲ့ ငရဲမျိုးစေ့ဖြစ်ပြီး

နောက်ဘ၀ကနေ သူတို့ ကိုစောင့်နေတာလည်း

ငရဲမီးသာဖြစ်ပါတယ်...

( ဂိုအင်ဂါ )


ဆောင်းပါးရှင် ဘာသာပြန်ရေးသားသူကတော့ အရှင်အာစာရဖြစ်ပါတယ်။

ဆရာတော်ရဲ့ Blog ကနေကူးယူ၍ ကောက်နှုတ်ဖေါ်ပြခြင်းပါ…။

No comments:

Post a Comment