Friday, September 3, 2010

သိစရာ ၊ တွေးစရာ


ချစ်ခင်တယ်၊ ယုံကြည်တယ်၊
လေးစားတယ်၊ အားကိုးတယ်ဆိုတာ၊
ချစ်ခင်ထိုက်၊ ယုံကြည်ထိုက်၊ လေးစားထိုက်
အားကိုးထိုက်မှပဲ တကယ်ရနိုင်တယ်။
အဲသလိုချစ်ခင် ယုံကြည် လေးစား အားကိုးထိုက်တဲ့သူဖြစ်ဖို့ ဆိုတာ
ကိုယ်ကျင့်သိက္ခာရှိမှ ပေးထားတဲ့ကတိတည်မှ
အကျိုးစီးပွားကို မျှဝေခံစားမှ တတ်နိုင်တာကို
အကူညီပေးမှရတယ်။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*

တချို့ လူတွေနဲ့ တွေ့ ရသိရပြီးတော့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံရတဲ့အတွက်
ကိုယ့်မှာအသိအမြင်အသစ်တွေ
ရတယ်၊
စိတ်ထားတွေမြင့်လာတယ်၊ ရည်မှန်းချက်တွေမြင့်လာတယ်။

ကိုယ့်မှာလူသစ် စိတ်သစ်တွေ ဖြစ်သွားသလိုခံစားရတယ် ။
အဲသလို ဆက်ဆံရေးမျိုးကို Transformational
Relationship လို့ ခေါ်တယ်။
ပြောင်းလဲသွားစေတဲ့ဆက်ဆံရေးဖြစ်တယ်။
နှစ်ဦးနှစ်ဖက်လုံးပြောင်းလဲသွားတယ်။
ဒါပေမယ့်တယောက်ကိုတယောက်လွှမ်းမိုးဖို့ တော့လုံးဝမကြိုးစားဘူး။

အဲသလိုဆက်ဆံရေးမျိုးကိုရတယ်ဆိုရင် လူ့ ဘ၀မှာတန်ဖိုးအရှိဆုံး အရာကိုရသလိုပဲ။
ငွေနဲ့ တိုင်းတာပြီး
တန်ဖိုးဖြတ်လို့ မရဘူး။
ဘာနဲ့ မှတိုင်းတာပြီးတန်ဖိုးဖြတ်လို့ မရဘူး။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ရာခိုင်နှုန်းပြည့်ရိုးသားမူ့ နဲ့ 
ကိုယ့်ဘ၀ကိုအဆင်ပြေအောင်နေလို့ ရတယ်ဆိုတာကို ယုံကြည်တဲ့သူနဲတယ်။

မုသားမပါ လင်္ကာမချော ဆိုတာကို လက်ခံတဲ့သူ ကျင့်သုံးတဲ့သူများတယ်။

ဘာဖြစ်လို့ လဲ...ကြောက်လို့ .... ဘာကိုကြောက်တာလဲ...
မရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ

ခင်မင်မူ့ ကိုမရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ...ခင်မင်မူ့ ကိုမရမှာကြောက်တယ်။
ကျောင်းသားတွေဆိုရင်လည်း အမှတ်များများမရမှာကြောက်တယ်။
ငွေများများမရမှာကြောက်တယ်။
မတိုးတက်မှာကြောက်တယ်။
လူအများရဲ့ ထိုက်ထိုက်တန်တန် ယုံကြည်မူ့ ကိုမရမှာ မကြောက်ဘူးလား။

မရိုးသားတဲ့လူ၊ မယုံကြည်ရတဲ့သူလို့ အထင်ခံရမှာမကြောက်ဘူးလား။


*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ကိုယ့်ဘ၀မှာ အခက်အခဲတခု သို့ မဟုတ်
ဒုက္ခတခုကို ထပ်ခါထပ်ခါ ကြုံနေရရင်

ကိုယ်တခုခုမှားနေပြီ...
စိတ်နေသဘောထားဖြစ်ချင်ဖြစ်မယ်
ပြောပုံဆိုပုံဖြစ်ချင်ဖြစ်မယ်၊
လုပ်ပုံကိုင်ပုံမှားနေတာလည်းဖြစ်နိုင်တယ်

မလုပ်သင့်တာကို လုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကိုစားနေလို့ ဖြစ်မယ်။

မတွေးသင့်တာကိုတွေးနေလို့ လည်းဖြစ်နိုင်တာပဲ

ဒုက္ခတွေက အမှားပြင်ပါလို့ 
ကိုယ့်ကိုပြောနေတယ်။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိစရာတွေးစရာ မှကောက်နှုတ်ဖေါ်ပြသည်။

No comments:

Post a Comment