Friday, September 3, 2010

သိစရာ ၊ တွေးစရာ


ချစ်ခင်တယ်၊ ယုံကြည်တယ်၊
လေးစားတယ်၊ အားကိုးတယ်ဆိုတာ၊
ချစ်ခင်ထိုက်၊ ယုံကြည်ထိုက်၊ လေးစားထိုက်
အားကိုးထိုက်မှပဲ တကယ်ရနိုင်တယ်။
အဲသလိုချစ်ခင် ယုံကြည် လေးစား အားကိုးထိုက်တဲ့သူဖြစ်ဖို့ ဆိုတာ
ကိုယ်ကျင့်သိက္ခာရှိမှ ပေးထားတဲ့ကတိတည်မှ
အကျိုးစီးပွားကို မျှဝေခံစားမှ တတ်နိုင်တာကို
အကူညီပေးမှရတယ်။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*

တချို့ လူတွေနဲ့ တွေ့ ရသိရပြီးတော့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံရတဲ့အတွက်
ကိုယ့်မှာအသိအမြင်အသစ်တွေ
ရတယ်၊
စိတ်ထားတွေမြင့်လာတယ်၊ ရည်မှန်းချက်တွေမြင့်လာတယ်။

ကိုယ့်မှာလူသစ် စိတ်သစ်တွေ ဖြစ်သွားသလိုခံစားရတယ် ။
အဲသလို ဆက်ဆံရေးမျိုးကို Transformational
Relationship လို့ ခေါ်တယ်။
ပြောင်းလဲသွားစေတဲ့ဆက်ဆံရေးဖြစ်တယ်။
နှစ်ဦးနှစ်ဖက်လုံးပြောင်းလဲသွားတယ်။
ဒါပေမယ့်တယောက်ကိုတယောက်လွှမ်းမိုးဖို့ တော့လုံးဝမကြိုးစားဘူး။

အဲသလိုဆက်ဆံရေးမျိုးကိုရတယ်ဆိုရင် လူ့ ဘ၀မှာတန်ဖိုးအရှိဆုံး အရာကိုရသလိုပဲ။
ငွေနဲ့ တိုင်းတာပြီး
တန်ဖိုးဖြတ်လို့ မရဘူး။
ဘာနဲ့ မှတိုင်းတာပြီးတန်ဖိုးဖြတ်လို့ မရဘူး။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ရာခိုင်နှုန်းပြည့်ရိုးသားမူ့ နဲ့ 
ကိုယ့်ဘ၀ကိုအဆင်ပြေအောင်နေလို့ ရတယ်ဆိုတာကို ယုံကြည်တဲ့သူနဲတယ်။

မုသားမပါ လင်္ကာမချော ဆိုတာကို လက်ခံတဲ့သူ ကျင့်သုံးတဲ့သူများတယ်။

ဘာဖြစ်လို့ လဲ...ကြောက်လို့ .... ဘာကိုကြောက်တာလဲ...
မရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ

ခင်မင်မူ့ ကိုမရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ...ခင်မင်မူ့ ကိုမရမှာကြောက်တယ်။
ကျောင်းသားတွေဆိုရင်လည်း အမှတ်များများမရမှာကြောက်တယ်။
ငွေများများမရမှာကြောက်တယ်။
မတိုးတက်မှာကြောက်တယ်။
လူအများရဲ့ ထိုက်ထိုက်တန်တန် ယုံကြည်မူ့ ကိုမရမှာ မကြောက်ဘူးလား။

မရိုးသားတဲ့လူ၊ မယုံကြည်ရတဲ့သူလို့ အထင်ခံရမှာမကြောက်ဘူးလား။


*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ကိုယ့်ဘ၀မှာ အခက်အခဲတခု သို့ မဟုတ်
ဒုက္ခတခုကို ထပ်ခါထပ်ခါ ကြုံနေရရင်

ကိုယ်တခုခုမှားနေပြီ...
စိတ်နေသဘောထားဖြစ်ချင်ဖြစ်မယ်
ပြောပုံဆိုပုံဖြစ်ချင်ဖြစ်မယ်၊
လုပ်ပုံကိုင်ပုံမှားနေတာလည်းဖြစ်နိုင်တယ်

မလုပ်သင့်တာကို လုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကိုစားနေလို့ ဖြစ်မယ်။

မတွေးသင့်တာကိုတွေးနေလို့ လည်းဖြစ်နိုင်တာပဲ

ဒုက္ခတွေက အမှားပြင်ပါလို့ 
ကိုယ့်ကိုပြောနေတယ်။

*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*


ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိစရာတွေးစရာ မှကောက်နှုတ်ဖေါ်ပြသည်။

Thursday, September 2, 2010

*~~~ငြိမ်းချမ်းပါစေ~~~*

Richard Clayderman - Love Story


ကိုယ်တိုင်က Nature ကိုအလွန်မြတ်နိုးသူပါ...။
အထူးသဖြင့်သစ်ရွက်ကလေးတွေဝါပြီး
တဖွဲဖွဲကြွေလွင့်နေတတ်တဲ့ Autumn ဆိုတဲ့နွေအကုန်
ဆောင်းအကူးရာသီအချိန်လေးမှာ ရော်ရွက်ဝါလေးတွေ
တနှစ်တာအားဖြင့်အားလုံးနဲ့ ခွဲခွာနှုတ်ဆက်ချိန်အခါမျိုးကို
တွေ့ ရတဲ့အခါ...သဘာဝတရားအရ အရာရာဟာ
ဖြစ်ပြီးရင်ပျက်သွားကြပြီပဲလို့ ....တရားလည်းကျမိသလို
ပုထုဇဉ်တယောက်ရဲ့ အဝေးကအရာရာကိုလည်း
လွမ်းဆွတ်တမ်းတမိပြန်တယ်....။
အခု Nature နဲ့ သရုပ်ဖေါ်ထားတဲ့သိပ်ကိုငြိမ်းချမ်းတဲ့
သံစဉ်သက်သက်နဲ့ သီချင်းတပုဒ်တွေ့ လို့ မျှဝေလိုက်ပါတယ်...။
တောတောင်ရေမြေသဘာဝတရားဆိုတာ
အမြဲတမ်းပဲလူတွေရဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။
လှပတဲ့ပန်းကလေးတွေ...
တသွင်သွင်စီးဆင်းနေတတ်တဲ့စမ်းချောင်းလေးတွေ...
စိမ့်စမ်း ရေတံခွန်လေးတွေက သဘာဝရဲ့ ချစ်စရာပန်းချီကားတချပ်ပါပဲ..။
အားလုံးပဲ ငြိမ်းချမ်းကြပါစေ......။