Sunday, August 1, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၇ )


မိမိထက် အသက်၊ သိက္ခာ ၊ ၀ါကြီးသော သူတို့ ကို အမြဲအရိုအသေပြုလေ့ ရှိခိုးလေ့ရှိသူမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသောအကျိုးထူးတရားလေးပါးတို့ သည်တိုးပွားကုန်၏။

သီလလည်းမရှိ၊ တည်ကြည်ခြင်းလည်းမရှိသောသူ၏ အနှစ်တစ်ရာပတ်လုံးအသက်ရှည်ခြင်းထက်
သီလရှိ၍ ကမ္မဋ္ဌာန်း ရူသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည်သာ၍မြတ်၏..။

ခန္တာငါးပါးတို့ ၏ အဖြစ်အပျက်ကို မရူမဆင်ခြင်၍ အနှစ်တစ်ရာပတ်လုံးအသက်ရှည်ခြင်းထက်
ထိုခန္တာငါးပါးတို့ ၏ အဖြစ်အပျက်ကို ကောင်းစွာဆင်ခြင်မြင်သောသူ၏ တစ်ရက်အသက်ရှည်ခြင်းသည် သာ၍မြတ်၏။

ရှက်ဖွယ်ရာမဟုတ်ရာ၌ ရှက်တတ်သော၊ ရှက်ဖွယ်ရာ၌ မရှက်တတ်သော မှားသောအယူရှိကုန်သော

သူတို့ သည် မကောင်းသောဘ၀သို့ သွားကုန်၏။


အပြစ်မဟုတ်သည်၌အပြစ်ဟုမှတ်ထင်တတ်၊ အပြစ်ဟုတ်သည်၌ အပြစ်မဟုတ်ဟုမှတ်ထင်တတ်သော
မှားသောအယူရှိကုန်သောသူတို့ သည် မကောင်းသောဘ၀သို့ သွားကုန်၏။

လုံခြုံစွာစောင့်ရှောက်အပ်သောစိတ်သည် ချမ်းသာကိုဆောင်တတ်၏။


နိဗ္ဗာန်ရောက်ကြောင်းနှင့်မဆိုင်၊ တောဘွဲ့ တောင်ဘွဲ့ အကျိုးမဲ့ နှင့်သာဆိုင်သော စကားအခွန်းတထောင်ထက်
ကြားနာရ၍ရာဂစသည့် ကိလေသာအပူငြိမ်းကြောင်းဖြစ်သော စကားတစ်ခွန်းသည် သာ၍မြတ်၏။

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၍ မိမိသည်သာလျှင် မိမိ၏ မှီခိုရာဖြစ်၏


သုတေသီ
ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

No comments:

Post a Comment