Friday, April 30, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၆ )


ပညာရှိသောသူသည် မည်းညစ်သောဒုစရိုက်ကိုပယ်စွန့် ၍ ဖြူစင်သောသုစရိုက်တရားကိုပွားများရာ၏။ တဏှာ၏ အရာဖြစ်သော ကာမဂုဏ်မှ တရားကင်းရာ နိဗာန်ကိုရည်မှန်း၍ လူသာမန်တို့  မွေ့ လျှော်နိုင် ခဲသောဆိတ်ငြိမ်ရာအရပ်၌မွေ့ လျှော်ရာ၏။

ပညာရှိသည် စိတ်ကိုညစ်ညူးစေတတ်ကုန်သော အနှောင့်အယှက်တို့ မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။

များစွာ စကားပြောကာမျှဖြင့် ပညာရှိမဖြစ်။ သည်းလည်းခံတတ်၊ မုန်းသောရန်သူဟူ၍လည်းမထား၊ အကြောက်လည်းမရှိသောသူကို ပညာရှိဟုခေါ်၏။

မကောင်းမူ့ ဟူသမျှကိုမပြုရာ၊ ကုသိုလ်ကောင်းမူ့ နှင့်ပြည့်စုံစေရာ၏။ မိမိစိတ်ကိုဖြူစင်စေရာ၏။
ဤသည်ကားဘုရားရှင်တို့ ၏အဆုံးအမပေတည်း။

မိမိကိုယ်ကိုချစ်လျှင် ( အကုသိုလ် မဖြစ်စေရအောင် ကုသိုလ်ပွားများအောင် ) မိမိကိုယ်ကိုကောင်းစွာစောင့်
ရှောက်ရာ၏။ အရွယ်သုံးပါးတို့ တွင် ( အနည်းဆုံး ) တစ်ပါးပါးသောအရွယ်၌ ပညာရှိသည် မိမိကိုယ်ကို အကုသိုလ်မှစင်ကြယ်အောင်စောင့်ရှောက်ရာ၏။

မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်၏။ သူတပါးသည် မိမိ၏ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်ရာအံ့
နည်း။ မိမိကိုယ်ကို ကောင်းစွာဆုံးမခြင်းအားဖြင့် ရခဲလှသည့် နိဗာန်တည်းဟူသောကိုးကွယ်ရာကိုရလေ၏။

ပညာရှိသည် မမေ့လျှော့သောသတိဖြင့် မေ့လျှော့ခြင်းကို ပယ်ဖျောက်၍ စိုးရိမ်ကြောင့်ကြကင်းစွာ ပညာတည်း
ဟူသော ပြသာဒ်ပေါ်သို့ တက်ကာ စိုးရိမ်ကြောင့်ကြရှိကြသောသတ္တ၀ါအပေါင်းတို့ ကိုကြည့်ရူ့ လေ။

နတ်ချမ်းသာ၊ဈာန်သမာပတ်ချမ်းသာ၊နိဗာန်ချမ်းသာကိုမိခင်သည်လည်းမပေးနိုင်၊ ဖခင်သည်လည်းမပေးနိုင်၊ကောင်းစွာ စောင့်ရှောက် ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုး
ထက်ပိုလွန်၍ လူ၊ နတ်၊ နိဗာန် သုံးတန်သောချမ်းသာကိုပေးနိုင်၏။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Tuesday, April 20, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၅ )



လောက၌ မကောင်းမူ့ ကိုသာလုပ်နေသူ၊ ကောင်းမူ့  မကောင်းမူ့ ရောပြွမ်းလုပ်နေသူ၊ ကောင်းမူ့ ချည်းသာလုပ်
နေသူဟူ၍ လူသုံးမျိုးရှိရာ မိမိသည် မည်သည့်လူမျိုးဖြစ်ကြောင်းစဉ်းစားပါ။
( ပညာရှင်တဦး )

အသေးအမွှား မိုက်ပြစ်ကလေးတွေ အရေအတွက်များလာတာနဲ့ အမျှ လူမိုက်ဖြစ်လာတော့မှာပဲ။

( သုတေသီသွေး )

ဒေါသဟာ မိုက်ရူးမူ့ ကပေါ်လာပြီး နောင်တနဲ့ အဆုံးသတ်ရတယ်။
( ပိုင်သာရိရက် )

ကျေးဇူးသိသူမှာတရားရှိသူဖြစ်၍ ကျေးဇူးမသိသူမှာ တရားမဲ့သူပင်ဖြစ်သည်။ ကျေးဇူးရှင်ကိုကျေးဇူးကန်းခြင်းသည်သူယုတ်မာတို့ ၏အလုပ်ဖြစ်၍ ကျေးဇူးရှင်ကိုကျေးဇူးတင်ခြင်းသည် သူတော်ကောင်းတို့ ၏အလုပ်ဖြစ်၏။ ကျေးဇူးမသိတတ်လျှင် လောကအကျိုး သံသရာအကျိုးယုတ်စေသည်။
( တက္ကသိုလ်နှင်းဝေ )

မိုက်ကြေးခွဲ၍ မတရားသောနည်းနှင့် ရနိုင်သောပစ္စည်း၊ ငွေကြေးသည်မသန့် ရှင်းပေ။ မသန့် ရှင်းသော ကြောင့်သုံးစွဲရာ၌ လိပ်ပြာမသန့် ပေ။ လောက၌ သန့် ရှင်းမူ့ နှင့်ညစ်ပတ်မူ့ တွဲ၍မရချေ။
( သုတေသီသွေး )

လူမိုက်ရှေ့ မှာ ပညာမဲ့ရှေ့ မှာ ပညာစကားမပြောနဲ့ ၊ သင့်ရဲ့စကားကိုသူကတန်ဖိုးမထားဘူး။

( ၀င်းအောင် )

ငါတကော ကောတတ်သူအားလည်းကောင်း၊ ဆိုဆုံးမခက် သူအားလည်းကောင်း၊ ကြောင်းကျိုးမသိတတ်သူအားလည်းကောင်း သင်မနှီးနှော မဆက်ဆံ ပါလေနှင့်။ သင်၌သာဒုက္ခခံရမြဲဖြစ်၏။
( ညောင်ရမ်းဇေယျပဏိတ )

အလုံးစုံသော ရုပ်တရားတို့ ကို နာမ်တရားကသာ အစိုးရဖန်ဆင်းသဖြင့် စိတ်တခုကို ဆုံးမပြုပြင် ထက်မြက် ထွန်းတောက်စေရာ၏။ ရုပ်တရားတို့ အလိုသဘောအတိုင်းသာနာမ်တရားကခံရပါမူ သင်မုချရှုံးလေပြီ။
( ညောင်ရမ်းဇေယျပဏိတ )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Friday, April 16, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၄ )



သစ်ကောက် ၀ါးကောက်သာမြင်နိုင်၏ ။ လူအများ၏ကောက်ကျစ်စဉ်းလဲသော စိတ်ကိုမမြင်နိုင်။ လူ့ စိတ်သည် တနေရာ၌ကောင်း၍ အခြားတနေရာ၌ ဆိုးတတ်၏ ။ ထို့ ကြောင့်မည်သူ့ စိတ်ကိုမှ မိမိက အာမခံ မရဲလေနှင့်။
( သုတေသီသွေး )

သူတပါးအကျိုးယုတ်အောင် မလုပ်ပေမယ်လို့ ကိုယ့်ဟာကိုယ်အကျိုးယုတ်အောင်လုပ်ရင် အကုသိုလ်ဖြစ်တယ် လို့ ယူဆနိုင်ပါတယ်။
( ဦးသာချို )

အကြင်သူသည်လူဟူ၍အခေါ်ခံရပြီး ၊ ဘယ်ဟာကကုသိုလ် ၊ ဘယ်ဟာကအကုသိုလ် ၊ ဘယ်ဟာကသုစရိုက်တရား ၊ ဘယ်ဟာကဒုစရိုက်တရားဟူ၍ ခွဲခြားနားလည်ခြင်းမရှိ၊ သိအောင်လည်းမလေ့လာ
သိသည်ဆိုစေကာမူ ကျင့်ကြံအားထုတ်ခြင်းလည်းမရှိ၊ ရှောင်ကြဉ်ရမည်ကိုလည်း မရှောင်ကြဉ် ၊ ကိုယ်အကျိုး ရှိမည်ထင်သော အရာမှန်သမျှ ဆိုးဆိုးကောင်းကောင်းမဟုတ် ၊ ဘာမဆိုအကုန်ပြုလုပ်၏ ၊ ပြောဆို၏ ။
ကြံစည်၏ ။ ထိုသူသည် အဘယ်မှာလျှင် လူဟု အခေါ်ခံထိုက်ပါမည်နည်း။

( တက္ကသိုလ်လွမ်းဝေ )

မရဘူးသား ၊ ရတုံငြားသော် အများထင်လျှက် ၊ ငွေပဲဝက်ကြောင့် ထက်သည့်မာန်စောင် ၊ ခေါင်းမြီးထောင်
( မတော်ပြဿနာခဏ်းပျို့ )

နှစ်ယောက်မတန် ၊ ငါသာလွန်ဟု မာန်တရှေးရှေး ၊ တသွေးသွေးနှင့် နွားခြေးထက်ဝယ်၊ ဖားသူငယ်သို့ ။
( ဘလ္လာတိယပျို့ )

ဤလူ့ ဘ၀ ၊ လူ့ လောက၌
ဥာဏသမဇဉ် ၊ ကင်းမယှဉ်ပဲ ကတညုတ ၊ ကတဝေဒိ မသိတတ်သူ ၊ လူမသမာ ၊ ထိုများစွာတို့  ချမ်းသာစီးပွား ၊ လျှော့ပါးယိမ်းယိုင် မြဲမခိုင်ဘူး။
( မာဃဒေ၀ )

ဥာဏမသန် ၊ တရိစ္ဆာန်သို့  ၊ မဖန်မေ့ကာ၊ မှတ်မဲ့သာလျှင် ၊ အိပ်ကာစားကာ မကျင့်ရာတည်း။
( မဟာသုတသောမပျို့ )

သုတေသီ
ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Monday, April 12, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၃ )



ငါသာငါထက် ၊ မာန်မတက်နှင့် ၊ အထက်နေမင်း ၊လေးကျွန်းချဉ်းလည်း ၊ မလင်းတိမ်တိုက် ၊ တစ်ကျွန်းမိုက်၏။ နှိုင်းလိုက်သည်သာ ဤအရာကို ပညာရှိက ၊ သတိရလိမ့်။
( ရှင်မဟာသီလ၀ံသ )

ပုထုဇဉ်လူ့ ဗာလတို့ ၌ လောဘသည် ဆန္ဒထက်အလွန်အားကြီး၏။ ပညာရှိတို့ ကား ဆန္ဒသည် လောဘထက် အလွန်အားကြီး၏။ ထို့ ကြောင့် လောဘ၏လက်ထဲသို့  ရောက်နေသော ပုထုဇဉ်သည် လောကီစည်းစိမ်ကို မစွန့် နိုင်။ သို့ ဖြင့် ၀ဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။
( မြို့ မမောင် - တရားမှတ်စုသုံးရာ )

အရေခြုံများကိုသတိပြုလေ။ သူမိုက်သူယုတ်တို့ သည် အမြဲအရေခြုံလေ့ရှိသည်။ သူယုတ်မာ၏ကယ်ဆယ်ကူညီ
ခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဘေးကြီးပင်ဖြစ်၍ သူတဦး၏ဇာတိကို ထောက်လှမ်းစုံစမ်း၍ သူယုတ်မာကိုဝေးစွာရှောင်ကြဉ်အပ်ချေ၏။ မလွှဲမကင်းသာ၍ဆက်ဆံရလျှင်လည်းအတွင်းအပနှစ်ဝအားဖြင့် မယုံကြည်ဘဲ ၄င်းနှင့် လျှော်ရုံကိုသိပြီးလျှင် လျှော်သည်ထက်ပိုမိုမြှောက်စားမိမည်ကိုသတိပြုရာ၏။
( စစ်ကိုင်း ဦးဘိုးသင်း ၊ ဖာတလုံးခေါင်းကျား )

ရေမျော ထင်းဟောင်း ဆယ်သော်ကောင်း၏ ။ အကြောင်းမညှာ ၊ ပညာမဲ့ထ လူ့ ဗာလကို ၊ မ စ ကယ်မိ၊ အပြစ်ရှိခဲ့ ၊ အသိကျေးဇူး ၊ ထိန်မြူးပျောက်ချေ ၊ ကြက်သောက်ရေသို့ ၊ ပျောက်ကြေဆုံးဘိ ၊ ကျိုးမရှိတည့် ။
( မာဃဒေ၀ ၂၀၉ )

ဗဟုသုတ ၊ မရှိကမူ ၊ လျှောကျရေတူ ၊ လူမဟူရ ၊ ရှက်ကြီးရလိမ့် ၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ ၊ ပွဲမှာမ၀င် ပြင်မှာမရောက် ၊ တောမှာမျောက်သို့ ၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျှက် ၊ လူပျက်လူနှမ်း လူ့ ပေါက်ပန်းနှင့် လူသွမ်းလူပေါ့၊ တသော့သော့ဟု ၊ ကဲ့ရဲ့ ပြုလိမ့်။
( ပုတ္တေ၀ါဒပျို့  )

လူ့ လောကတွင် လူမိုက်များစွာရှိပေသည်။ အခြားသူများမိုက်မဲလေသောကြောင့် မိမိကပါ မိုက်မဲရသည် ဆိုသည်မှာအကြောင်းအကျိုးမှန်သော သဘောတရားမဟုတ်ပေ။
( လှသမိန် )

ဒေါသဖြစ်တယ်ဆိုတာ မစင်နဲ့ ပက်တာကို မစင်နဲ့ ပြန်ပက်တာနဲ့ တူတယ်။ သူများမိုက်မှားတာကို မိမိကပြန်မိုက်မှားတာနဲ့ အတူတူပဲ။
( ရှောလမုန်သုတ္တန်စကားမှ )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Friday, April 9, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၂ )



ကောင်းမူ့ နှင့်ယှဉ်သော မိတ်ဆွေများ မရေတွက်နိုင်အောင် များပြားလေလေ ကောင်းလေလေဖြစ်သည်။ မကောင်းမူ့ နှင့်ယှဉ်သောမိတ်ဆွေတစ်ယောက် တိုးလာလျှင်မူ များစွာသောဒုက္ခကို ဖြစ်နိုင်စေသည်။
( တက္ကသိုလ်လွမ်းဝေ )

ယုတ်မာသောအကုသိုလ်မကောင်းမူ့ ကိုပြုကျင့်လေ့ရှိသောသူသည် ချမ်းသာသုခကို လွယ်လွယ်ကူကူမရနိုင်၊
မီးနှင့်အကြွေး၊ မမွေးမြူရာ မိတ်ဆွေလူမိုက်၊ မပေါင်းထိုက်တာ မကောင်းတူဘိ၊ သတိရှိပါ။
( မင်္ဂလာဦးသိန်းမောင် )

ဆပ်သွားဖူးပန်းပင်သည် အဆင်းလှ၍ အနံ့ မွှေးကြိုင်သော်လည်း ဆူးရှိနေသောကြောင့် ပျားပိတုန်းများမနားကြ သကဲ့သို့  ဂုဏ်ကျက်သရေနှင့်ပြည့်စုံပါလျှက် အပြောအဆိုကြမ်းကြုတ်၍ ခက်ထန်လျှင် အခြွေအရံပရိသတ် ရှိမည်မဟုတ်ချေ။
( လယ်တီပဏ္ဍိတ၊နိကိမဉ္စရီ အတွဲ ၁ မှ )

အပြောကြီးသူသည် အလိမ်ကြီး၏ ။
အကြွားကြီးသူသည် အလုပ်နည်း၏ ။
လူမိုက်၏အပြုံးကအေးဆေးသည် ။

( ပြင်သစ်စကားပုံ )

ပညာတတ်သောသူတို့ သည် ငါတတ်သည်ဟု ထင်မှား၍ ထောင်လွှားကြ၏ ။ ပညာရှိကား ငါတတ်စရာတွေများလှချည့်လားဟု ဆင်ခြင်နှိမ့်ချ၏ ။
( တကူးပါး )

လူဆိုး လူလိမ် ဖြစ်ခြင်းထက် ရူးနှမ်းနေခြင်းကပိုကောင်း၏ ။
( အင်္ဂလိပ်စကားပုံ )

မကောင်းသောသူကို ပေါင်းသင်းပါက ဘေးဥပါဒ် အန္တရယ်ကိုဖိတ်ခေါ်သလိုဖြစ်၏ ။
( အင်္ဂလိပ်စကားပုံ )

မာန်မာနရှေ့ ကသွားလျှင် အရှက်ရမူ့ က နောက်ကလိုက်သည်။
( ဝေလပညာရှိ စကားပုံ )

လုံ့ လ၀ိရိယ ဇွဲရှိသော်လည်း ဗဟုသုတမရှိလျှင် မိုက်မဲခြင်းဖြစ်၏ ။

( ဝေလပညာရှိစကားပုံ )

လောက၌ သူ့ အသက်ကိုသတ်သူ၊

မဟုတ်မမှန်ပြောသူ၊
မပေးသည်ကိုယူသူ၊

သူ့ မယားကိုလည်းကျူးလွန်သွားလာသူ၊

သေရည်သောက်ခြင်းကိုအဖန်တလဲလဲအားထုတ်သူ။
ထိုရန်သူငါးမျိုးတို့ ကိုမပယ်နိုင်ခြင်းကြောင့် သီလမရှိ ၊
သီလမရှိ ပညာမရှိသော ထိုသူသည် ခန္တာကိုယ် ပျက်စီးသည်ရှိသော် အပါယ်ငရဲသို့ ကျရောက်ရလေ၏။
( စတုတ္တသုတ်မှ )

အလိုလိုက် အမိုက်စော်ကား၊ အပါယ်ထိုထို ဥဒဟိုသည် ငါလိုလူမိုက်သွားလမ်းတည်း။
( မိုးညှင်းဆရာတော် )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Thursday, April 8, 2010

လူမိုက်၏သဘော ( အထွေထွေ မှတ်သားဖွယ်ရာ ) ( ၁ )



အတွင်းစိတ်ကိုမပြုပြင်ပဲ ပြင်ပပြုပြင်ပြောင်းလဲမူ့ များ လုပ်နေလျှင် အရေခြုံမျှသာ။ အတွင်းသားကို လှိုက်၍စား
နေသောသစ်သားကိုအပြင်မှ အရောင်တင်နေသော်လည်းအချည်းနှီးပင်တည်း။
(ဒဂုန်ဦးစန်းငွေ)


တရားမသိပဲ (အကန်းမိုက်) မိုက်သူထက်၊ တရားသိပြီးဇယားချ၍ မိုက်သောသူက ပို၍ကြောက်စရာကောင်း၏။

(ဒဂုန်ဦးစန်းငွေ)

ကာမဂုဏ်ဆန္ဒဆိုသည်မှာ တိုးပွားအောင်မြှောက်စားမွေးမြူနေသမျှ တိုးပွားလာတတ်ပေသည်။ သာမန်လူတယောက်သည် ကာမဂုဏ်မူ့ ကို အရေးပေးလိုက်စားလွန်းပါက (ရာဂမ္မတ္တက) ရာဂရူးတစ်ယောက် ဖြစ်သွားနိုင်ပါသည်။
(လှသမိန်)

လူယုတ်မာများသည် မည်သို့ ပင်ဟန်ဆောင်နိုင်သော်လည်း မကြာခင်မှာပင် သူတို့ ၏ လုပ်ကိုင်ဆောင်ရွက် ချက်တို့ ကလူယုတ်မာဖြစ်ကြောင်းသက်သေပြလျှက်ရှိ၏။
(ထွန်းအုပ်)

လူမိုက်ကိုမပေါင်းရဆိုသော်လည်း ဆန့် ကျင်ဘက်လုပ်ရန်၊ ရန်ဘက်လုပ်ရန်မထိုက်။ မြွေပွေးအနီး မချဉ်းကပ်ပဲ နေရမည့်သဘောဖြစ်၏။ သွားပြီးရန်မူလျှင် မြွေပွေး၏ ကိုက်ခဲပေါက်သတ်ခြင်း ခံရမည်မဟုတ်လား။
(တက္ကသိုလ်လွမ်းဝေ)

ဆိုးညစ်ယုတ်မာသောသူအဖို့  အချင်းချင်းသည်လည်းကောင်း၊ လူကောင်းများနှင့်သော်လည်းကောင်း၊ မိတ်ဆွေမဖြစ်နိုင်။
(ဆိုကရေးတီးစ်)

လူတို့ သည်ဇတ်နွယ်မျိုးခြင်းတူကြသော်လည်း အာဃာတစိတ်ထားခိုက်ရန်ပွားပြီးနှိပ်စက်ညှင်းဆဲနေကြသည် ဖြစ်အံ့၊ ထိုသူတို့ သည် မတူသောသူတို့ မည်ကုန်၏။ မတူသောသူနှင့် အတူနေရခြင်းသည် ဆင်းရဲ၏။
(ရန်ကုန်သတင်းစာ)

ဤသို့ သောလူရှစ်မျိုးသည် စည်းဝိုင်းပြင်ပမှ လူများဖြစ်ကြသည်။
ဘ၀င်မြင့်လွန်းသောသူ
တင်စီးလွန်းသောသူ

ဒေါသကြီးလွန်းသောသူ

လောဘဇောကြီးလွန်းသောသူ

ကပ်စေးနည်းလွန်းသောသူ

စိတ်ယုတ်မာရှိသောသူ

အယူသည်းလွန်းသောသူနှင့်
မိမိကိုယ်မိမိအလွန်အထင်ကြီးလွန်းသောလူမိုက်တို့ ဖြစ်၏။

(စာရေးဆရာရွှေမျှား)

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Friday, April 2, 2010

လူမိုက်၏သဘော ( ၉ )



အကြင်အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဖြင့် စိတ်ဆင်းရဲလျှင် ထိုသို့ ဆင်းရဲရကြောင်း
ဆင်ခြင်သတိရ၍ ထိုအဆွေခင်ပွန်းကို မီးပုံကြီးကဲ့သို့  သတိပြုနေလေတော့။

ရှေးကကုသိုလ် အကုသိုလ်ကံတို့ ကြောင့် ယခုဘ၀၌ စံရ ခံရသည်ဟု မသိသောသူသည် လူမိုက်ဖြစ်၏ ။

သူမိုက်သည် ရေမပြည့်သောအိုး ဘောင်ဘင်ခတ်သည်နှင့်တူ၏ ။ ပညာရှိသောသူသည် ရေပြည့်သောအိုး
ငြိမ်သက်နေသည်နှင့်တူ၏ ။

ချောင်းငယ် မြောင်းငယ်တို့ သည်အသံကြီးစွာပြုလျှက်စီး၏ ။ မြစ်ကြီးတို့ သည်ကားအသံမပြု ၊ ထို့ အတူ အကြားအမြင်နည်းသူသည်ပလွှားတတ်၏ ။

လူမိုက်သည် ပညာရှိကိုချီးမွမ်းလျှင် ချီးမွမ်းသည်မမည်။ ဒဏ်ပေးသည်မည်၏ ။
ပညာရှိက ပညာရှိကိုချီးမွမ်းမှ ချီးမွမ်းသည်မည်၏ ။

ပညာမဲ့သောလူမိုက်တို့ သည် မိမိတို့ ဂုဏ်ကို ပလွှားနေသော်လည်း မထင်ပေါ် ။ ပညာရှိကား တွင်း၌
ပုန်းနေသော်လည်း ထင်ပေါ်ထင်ရှားပါလိမ့်မည်။

စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ၊ စိုးရိမ်ပူဆွေးခြင်းတို့ ဖြင့် ယနေ့ နက်ဖြန်အမှန်ပျက်စီးရမည် ဖြစ်သောဤခန္တာကိုယ်အတွက် တရားကင်းသည့်အလုပ်ကို အဘယ်သူသည်ပြုလုပ်သင့်ပါသနည်း။

သတ္တ၀ါတို့ ၏အသက်သည် ရေ၏အတွင်း၌ထင်သောလရိပ်ကဲ့သို့ တုန်လှုပ်၍နေလေ၏။ ဤသဘော ရှိပါတကားဟုအမြဲမပြတ် ဆင်ခြင်စဉ်းစား၍ ကုသိုလ်ကောင်းမူ့ ကိုအစဉ်ပြုကျင့်ရာ၏။

သုတေသီ
ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )