သစ်ရွက်ကလေးတွေကြွေတဲ့  Autumn ရာသီကုန်လုဆဲ အောက်တိုဘာလ တရက်မှာ
Farmer market လို့ ခေါ်တဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ ဈေးတခုကနေ
မုံညှင်းရွက်ကလေးတွေ ၀ယ်ယူခဲ့ပါတယ်...
ရာသီဥတုကအေးလာပေမယ့် နှင်းမကျသေးတော့ ဟင်းသီးဟင်းရွက်တွေက
ရေတွေခဲမသွားပဲ အလွန်ပဲလတ်ဆတ်နေပါတယ်...။
အိမ်ရောက်တော့ ဟင်း၇ွက်တွေကို လောလောဆယ်ချက်မစားဖြစ်သေးပဲ
ဟင်းသီးဟင်းရွက်ထားတဲ့ ရေခဲသေတ္တာရဲ့အောက်ဆုံးထပ်မှာထဲ့ထားလိုက်ပါတယ်။
၂ ရက်လောက်နေမှပဲ မုန်ညှင်းရွက်လေးတွေချက်မယ်လို့ 
ဟင်းရွက်လေးတွေကို ခွါလိုက်တဲ့အခါမှာတော့ ဟင်းရွက်တွေကြားထဲက
ပိုးကောင်လေးတကောင် ကိုတွေ့ လိုက်ရပါတယ်...။
ရေခဲသေတ္တာထဲမှာ ပိုးကောင်လေး အေးပြီးတော့သေမသွားတာအလွန်ကံကောင်းလို့ ပါပဲ။
ဒီပိုးကောင်လေးကိုသေချာကြည့်လိုက်တော့
Caterpillar လို့ ခေါ်တဲ့လိပ်ပြာဖြစ်မယ့် ပိုးကောင်လေးဖြစ်နေတာတွေ့ ရပါတယ်...။
ကိုယ်လည်းပိုးကောင်လေးကို ကိုယ့်ခြံထဲမှာစိုက်ထားတဲ့ အပင်လေးတွေမှာထားလိုက်ရင်
ကောင်းမလားလို့ စဉ်းစားမိတယ်၊ ခြံထဲမှာစိုက်ထားတဲ့ အပင်တွေကအမျိုးပေါင်းအစုံပါပဲ...
ဒါပေမယ့် မုန်ညှင်းရွက်တော့မရှိဘူး... အပြင်မှာရာသီဥတုကလည်းအေးလာတော့
မကြာခင်အပင်လေးတွေကလည်း ရေတွေခဲသွားမှာဆိုတော့
ဒီပိုးကောင်လေး သေသွားမလား...စိုးရိမ်မိတယ်...
ခြံထဲမှာကငှက်လေးတွေအများကြီးနေကြတော့
ငှက်ကလေးတွေသူ့ ကိုထိုးဆိတ်ကြရင်လည်း သူ့ ခမြာသေရှာမှာပဲလို့ တွေးမိပြန်တယ်။
ဒါနဲ့ ပဲအိမ်ထဲမှာပဲ ထားပြီးသူစားတဲ့
မုန်ညှင်းရွက်လေးတွေ ကြွေးပြီးစောင့်ရှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်...။
ဒီလိုနဲ့ ပိုးကောင်လေးကို မုန်ညှင်းရွက်လေးကြွေးပြီးစောင့်ရှောက်ရတဲ့
တာဝန်တခုကိုယ့်မှာပိုလာတော့တယ်...။ သူ့ ကို ပန်းကန်လုံးကလေးတခုထဲမှာထဲ့
ထားပြီး သူစားတဲ့အရွက်ကလေးတွေ ကိုကြည့်ရတယ် နဲနဲလေးနွမ်းသွားတာနဲ့ 
အရွက်အသစ်လေးတွေလဲပေးရတယ် ... သူဘယ်လောက်စားလိုက်လဲ
စားကောစားနိုင်ရဲ့လား...သဘာဝမဟုတ်တဲ့ဒီပန်းကန်လုံးကလေးထဲမှာ သူနေရတာ
အဆင်ရောပြေရဲ့လား... နေလို့ ရောကောင်းပါ့မလား...အစရှိသဖြင့်
တနေ့  ပြီးတနေ့ စောင့်ရှောက်ရတဲ့တာဝန်တွေကိုယ့်မှာပိုလာတော့တာပေါ့...။
ဒီလိုနဲ့ တနေ့ မှာတော့ ပိုးကောင်လေးကနေကူးပြောင်းလာတဲ့ဘ၀တခုကို
တွေ့ ရတယ်...တခါမှဒီလိုမျိုး မတွေ့ ဖူးတော့ကိုယ့်အတွက်တော့ အထူးဆန်းပါပဲ...။
သူ့ ရဲ့ခန္တာကိုယ် Caterpillar ဘ၀ကနေ Pupa သို့ မဟုတ်
Chrysalis လို့ ခေါ်တဲ့ လိပ်ပြာလောင်းအဖြစ်ပြောင်းလဲလာပါတယ်...
ပုံထဲမှာ Chrysalis နဲ့ ပိုးကောင်လေးအခွံပါ...။
ပိုးကောင်လေး ဘ၀ကနေ Chrysalis ဖြစ်လာတဲ့အချိန်မှာ ဘာအစာမှမစားပဲ
ဒီအတိုင်းရှိနေခဲ့တာ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လနီးပါးကြာလာပါတယ်...
ကိုယ်လည်းတနေ့ တနေ့ ပိုးကောင်လေးကိုကြည့်ရတာအကြိမ်ပေါင်းများစွာပါပဲ...
Chrysalis လေးဟာတနေ့ ပြီးတနေ့ ဒီအတိုင်းမလှုပ်မရှားနဲ့ ပိုပြီးခြောက်လာတာကိုတွေ့ ရတယ်...
စိတ်ထဲမှာတော့ ဒီပိုးကောင်လေး ကသူ့ သဘာဝအတိုင်း နေရတာမဟုတ်တော့
ခြောက်ပြီးတော့ သေသွားပြီလို့ ပဲထင်နေတာပါ... သို့ သော်လည်း သူ့ အသက်ရှင်လိုရှင်ငြား
မျော်လင့်ရင်းနဲ့ ပန်းကန်လုံးလေးထဲမှာ ဒီအတိုင်းပဲ ထားထားပြီး
လိပ်ပြာလေး အသက်ရှင်ပါစေလို့ ဆုတွေတောင်းနေမိတော့တယ်...
ဒီလိုနဲ့ ...
ဒီဇင်ဘာ ၂၆ ရက် နေ့ လည် ၁၂ နာရီခွဲလောက်မှာ
ကိုယ်အခန်းထဲကိုဝင်လာရင်း Chrysalis ထဲ့ထားတဲ့
နေရာလေးကိုလှမ်းကြည့်မိတဲ့အခါမှာတော့
ကိုယ့်ဘ၀မှာ အလွန်ကြုံတောင့်ကြုံခဲသော ဘ၀အတွေ့ အကြုံတခုနဲ့ 
နှိုင်းဆလို့ မရတဲ့ပီတိတခု ရင်ထဲမှာလှိုက်လှိုက်လှဲလှဲခံစားလိုက်ရပါတယ်...
လိပ်ပြာကလေး တကောင် သူ့ ကိုထဲ့ထားတဲ့ နေရာလေးပေါ်မှာ
အတောင်ပံလေးဖြန့် ပြီးနားနေတာကို
တွေ့ လိုက်ရလို့ ပါ...
ကိုယ့်ဆုတောင်းတွေပြည့်ခဲ့တယ်...။
ကိုယ် ကြည့်ရှု့ စောင့်ရှောက်ခဲ့တဲ့
လိပ်ပြာကလေး လောကကြီးထဲမှာ ကောင်းမွန်စွာရှင်သန်ခြင်းနဲ့ 
ပျံသန်းဖို့ မွေးဖွားလာခဲ့ပြီလေ...
သူနေခဲ့တဲ့နေရာလေးမှာတော့ သူ့ ရဲ့ Chrysalis အခွံလေးကိုတွေ့ လိုက်ရတယ်...
အိမ်ထဲမှာစိုက်ထားတဲ့စပယ်ပင်လေးပေါ်က စပယ်ပန်းပွင့်လေးပေါ်မှာ
ပျော်ရွှင်စွာနားနေတဲ့ လိပ်ပြာကလေး...
လိပ်ပြာလေးကို အိမ်ထဲမှာထားရင်သူ့ သဘာဝမဟုတ်တော့
ကြာရင်သေသွားမှာစိုးတာနဲ့  ကိုယ်နေတဲ့အိမ်နဲ့ သိပ်မဝေးတဲ့
Botanical ပန်းခြံကြီးတခုထဲမှာ သူ့ ကိုသွားလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...
2017 January 1 ရက်နေ့ 
ကောင်းမြတ်သော မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ကူးနေ့ မှာ
လိပ်ပြာလေးလွတ်လပ်စွာပျံသန်းနိုင်ဖို့  ပန်းခြံကြီးရှိရာ သူ့ ကိုခေါ်လာခဲ့တယ်...
သာယာလှပတဲ့ပန်းခြံကြီးထဲရောက်တော့ အရမ်းလှတဲ့
သစ်ခွပန်းမျိုးစုံတွေဖူးပွင့်ဝေဆာနေကြတယ်...
ငြိမ်းချမ်းလှပတဲ့ Botanical ပန်းခြံကြီးထဲက
သစ်ရွက်လေးတွေ
လှပတဲ့ပန်းပွင့်လေးတွေပေါ်မှာ
လိပ်ပြာကလေး
ပျော်ရွှင်ခြင်း... ငြိမ်းချမ်းခြင်းနဲ့ ...
ဘေးအန္တရာယ် ကင်းရှင်းစွာ
ပျံသန်းနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း...
လိပ်ပြာလေးကိုနောက်ဆုံးနှုတ်ဆက်ဓါတ်ပုံလေးရိုက်ခဲ့တယ်...။
~~~~~
Live joyfully, without desire.
Do not what is evil.
Do what is good.
Keep your mind pure.
Just as a solid rock is not shaken by the storm,
even so the wise are not affected by praise or blame.
( Lord Buddha )
*
*
*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*