Friday, April 17, 2015
*~~~မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ~~~*
နှစ်သစ်မှာ
တိုင်းမြန်ပြည်ငြိမ်းချမ်းပါစေ...
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ...
မြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်စုံ၍ ဘေးဘယာဝေးကွာကြပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း...
အမိမြေအားသတိရခြင်းများစွာဖြင့်...
*~*~*~*~*~*~*~*
ကိုယ်တယောက်အလုပ်တွေအရမ်းများပြီး မအားတာနဲ့ နှစ်ဆန်းတရက်နေ့ မှပဲ
အိမ်မှာမုန့် ဟင်းခါးချက်ပြီး ဒီနေရာလေးကနေ ဓမ္မမိတ်ဆွေများအားလုံးကို
စတုဒီသာကျွေးပါတယ်...
အားမနာပဲအကုန်လုံးစားသွားပါလို့ ...
KFC ကြိုက်သောဓမ္မမိတ်ဆွေများရှိရင်လည်း တပုံးလုံးစားသွားလို့ ရပါတယ်...
စတုဒီသာလေ... ကုန်သွားရင်ပြန်ဝယ်ကျွေးဦးမယ်...   :)
 မုန့် လုံးရေပေါ်လည်းစားသွားပါဦးနော်...
ငရုပ်သီးဝါးမိရင်တော့... ကိုယ့်တာဝန်မဟုတ်ပါ...  :)
အားလုံးပဲမင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်မှာ
ပန်းပိတောက်လိုရနံ့ သင်းပျံ့
သင်္ကြန်ရေလိုငြိမ်းချမ်းအေးမြ၍
 ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... ...
 *
*
*
Saturday, April 4, 2015
*~~~ကိုယ်နဲ့ သဘာဝရဲ့ရင်သွေးငယ်လေးများအကြောင်း (၃)~~~*
မှိုင်းပြပြမြူ  နှင်းတွေနဲ့ အေးချမ်းလှတဲ့ဆောင်းညနေခင်းလေးတခုမှာ 
မီးခိုးရောင်သန်းနေတဲ့ ဆောင်းဓါတ်ပုံလေးတွေလျှောက်ရိုက်နေတုန်း
မိုင်ပေါင်းရာ ထောင်ချီတဲ့အဝေးကို ပျံသန်းလေ့ရှိကြတဲ့ 
 Millard သို့ မဟုတ် Wild duck လို့ ခေါ်တဲ့သဘာဝ ဘဲလေးတွေကိုတွေ့ လိုက်ရလို့ ပါ...။
ဒီ Wild duck လေးတွေဟာ ဆောင်းရာသီရောက်လာတဲ့အခါမှာ အုပ်စုအလိုက်
ဒီလိုအေးတဲ့ရာသီမှာနေလေ့မရှိပါဘူး...
သူတို့ ရဲ့ပျံသန်းမူ့ ဟာ တနာရီကို မိုင် ၅၀ မှ ၆၀ အထိ ပျံသန်းနိုင်ကြပြီး
မိုင်ပေါင်းရာချီတဲ့အဝေးကို မနားတမ်းပျံသန်းကြတယ်လို့ ဆိုပါတယ်...။  
အမြင့်ပေ ၄၀၀ မှ ၄၀၀၀ အထိပျံသန်းလေ့ရှိကြပြီး
ကမ္ဘာ့မြေပုံကိုအလွတ်ရထားတဲ့...သဘာဝကပေးအပ်ထားတဲ့ သူတို့ ရဲ့ကိုယ်ပိုင် Radar နဲ့ 
တနေရာမှတနေရာသို့  ကျွမ်းကျင်စွာဖြင့် ဝေဟင်ထဲမှာ ပျံသန်းနိုင်စွမ်းရှိကြတဲ့
အံ့မခန်းဖွယ် လေသူရဲကောင်းတွေပါ...။ 
ကိုယ့်အတွက်ဒီထက်မက အံ့မခန်းဖွယ်ရာကောင်းတာကတော့ ဒီသတ္တ၀ါလေးတွေက
ကိုယ့်အိမ်လေးရှိတဲ့နေရာကိုအခုလိုဆောင်းရာသီမှာဘယ်လိုရောက်လာကြသလဲဆိုတာပါ...။
သူတို့ တွေကိုငှက်ကလေးတွေက မာဂဓ စကားနဲ့ ပြောပြကြလို့ 
ရောက်လာကြတာတော့မဟုတ်နိုင်ပါဘူး...ဘာကြောင့်လဲဆိုတော့ သူတို့ ကျင်လည်ကြတဲ့ 
သဘာဝပတ်ဝန်းကျင်ကအလှမ်းဝေးကွာပြီးမတူညီကြလို့ ပါ...။  
ဒီနေရာမှာကိုယ်တွေးမိတာက သတ္တ၀ါလေးတွေအပေါ်ထားရှိတဲ့
ကိုယ့်ရဲ့မေတ္တာ စေတနာနဲ့ ကရုဏာတွေရဲ့အကြောင်းပါ...
ကိုယ်တို့ ဆီမှာ ဆောင်းအခါဆိုရင်တခါတရံအအေးလွန်တဲ့အခါအပြင်မှာ အနွေးထည်မ၀တ်ပဲတမိနစ်လောက်နေရင်တောင်မှ
သွေးခဲပြီးသေသွားနိုင်တဲ့အနေထားအထိ အအေးဒဏ်ကပြင်းထန်လွန်းလှပါတယ်...။
ဒီလိုရာသီမှာ ငှက်ကလေးတွေ သမင်လေးတွေကိုအပြင်မှာတွေ့ ရတဲ့အခါ 
သူတို့ ဘယ်လိုများခံစားရရှာမလဲလို့ မတွေးဝံ့လောက်အောင်
ကိုယ့်ရင်ထဲမှာအလွန်ပဲထိခိုက်စွာခံစားရပါတယ်...
ဒီလောက်အေးတဲ့ရာသီမှာ အအေးဒဏ်ကိုလည်းခံရ
အစာလည်းစားစရာမရှိဖြစ်နေမယ်ဆိုရင်တော့
ပိုလို့ တောင်ကြီးမားတဲ့ဒုက္ခတွေကိုခါးစည်းပြီးခံစားနေကြရမှာပဲလို့ တွေးမိပါတယ်...
ဒါကြောင့်မို့ လို့ နေ့ စဉ်နဲ့ အမျှအစာတွေအများကြီးကျွေးဖြစ်သလို
ကိုယ်နေမကောင်းဖြစ်နေရင်တောင်မှပဲ အစာကျွေးဖြစ်အောင်ကျွေးပါတယ်။
သမင်လေးတွေကအဝေးကြီးကနေလာရတာပါ...
ဒီနေရာလေးကိုရောက်လို့ သူတို့ လေးတွေအစာမစားရပဲပြန်သွားကြရမယ်ဆိုရင် 
ဘယ်လောက်သနားစရာကောင်းလိုက်မလဲ...ကိုယ်တွေးပြီးကရုဏာဖြစ်မိပါတယ်...။
ငှက်ကလေးတွေ ဘဲကလေးတွေ ရှဥ့်ကလေးတွေ သမင်လေးတွေ
အစာလာစားကြတဲ့အခါ သူတို့ လေးတွေကိုကြည့်ပြီး
သတ္တ၀ါလေးတွေအားလုံး ဒုက္ခခပ်သိမ်းကင်းငြိမ်းကြပါစေ...
ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ...
ရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ
သံသရာဝဋ်ဆင်းရဲမှလွတ်ကင်းကြပါစေလို့ 
အမြဲတမ်းဆုတောင်းမေတ္တာပို့ သဖြစ်ပါတယ်...။
 သတ္တ၀ါလေးတွေကိုကျွေးမွေးစောင့်ရှောက်ခြင်းဖြင့် ဒါနပါရမီ၊ မေတ္တာပါရမီ
ကရုဏာပါရမီတွေကိုလည်းဖြည့်ဆည်းခြင်းဖြစ်တာမို့ ကိုယ့်စိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့ရပါတယ်...။ 
မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ မေတ္တာတရားရဲ့ ငြိမ်းချမ်းအေးမြမူ့ နဲ့ 
မမြင်ရတဲ့မေတ္တာရဲ့စွမ်းအားကြီးမားမူ့ တွေကို
တကယ့်လက်တွေ့ ကိုယ်တိုင်သိမြင်ရတာဟာလည်း ကိုယ့်အတွက်ဘယ်အရာနဲ့ မှ
တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအသိနဲ့ ဘ၀အတွေ့ အကြုံတွေပါပဲ...။
ကိုယ်အမြဲတမ်းပို့ သဖြစ်တဲ့ကိုယ့်မေတ္တာတွေက ကိုယ့်နှလုံးသားမှတဆင့် 
ကိုယ့်ပတ်ဝန်းကျင်မှာရှိကြတဲ့ လေညှင်းလေးတွေဆီကိုရောက်
လေညှင်းလေးတွေမှတဆင့် မိုးတိမ်လေးတွေဆီကိုရောက် 
မိုးတိမ်လေးတွေမှတဆင့်ကောင်းကင်မှာပျံသန်းနေကြတဲ့ 
Wild duck လေးတွေဆီကိုရောက်သွားခဲ့တာဖြစ်မှာပေါ့...
မြင်နိုင်စွမ်းမရှိတဲ့မေတ္တာရဲ့သဘောတရားကိုတွေးကြည့်မိတာပါ...။
ကိုယ်ရိုက်သမျှသဘာဝဓါတ်ပုံလေးတွေထဲမှာအကြိုက်ဆုံးနဲ့ 
ကိုယ့်အတွက်ကြည်နူးစရာအကောင်းဆုံးမြင်ကွင်းလေးပါ...
ငယ်ငယ်တုန်းကပုံပြင်လေးတွေထဲမှာချစ်စရာကောင်းတဲ့
သဘာဝသတ္တ၀ါလေးတွေကိုတွေ့ ရတဲ့အခါ
ပုံပြင်လေးတွေထဲကို ကိုယ့်စိတ်ကူးနဲ့ ရောက်ခဲ့မိတယ်...။
အခုတော့တကယ်ပဲ ပုံပြင်လေးထဲကို ကိုယ်ရောက်နေသလိုပါပဲ...။
အရမ်းဆော့တဲ့ ချစ်စရာ ရှဥ့်မျောက်မျောက်ကလေးတွေရဲ့ပုံတွေပါ...
*** ~~~ ***
ဒီကမ္ဘာမှာစစ်စစ် စစ်မဖြစ်ရာမြေ
တနေရာရှိရှိ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမူ့ ရှာကာပျော်ရွှင်နေ
သဘာဝရဲ့ရင်သွေးငယ်တွေ...
အရာရာလှလှ လှပရာမြေ
အရာရာသန့် သန့်  သန့် ရှင်းရာမြေ
ထာဝရငြိမ်းချမ်းမူ့ ရှာကာပျော်ရွှင်နေ
သဘာဝရဲ့ရင်သွေးငယ်တွေ...
 (ကိုယ်နဲ့ သဘာဝရဲ့ရင်သွေးငယ်လေးများအကြောင်းပြီးပါပြီ..)
အားလုံးပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*** ~~~ *** 
ကိုယ်အကြိုက်ဆုံးသီချင်းလေးတပုဒ်ပါ...
*သဘာဝရဲ့ရင်သွေးငယ်တွေ*
ထာဝရကျေးဇူးပါဦးစိုင်း...
*
*
*