Wednesday, March 11, 2015
*~~~ကိုယ်နဲ့ သဘာဝရဲ့ရင်သွေးငယ်လေးများအကြောင်း (၂)~~~*
ငှက်ကလေးတွေကိုနေ့ တိုင်းအစာလေးတွေကျွေးနေရင်း တနေ့ မှာတော့
ကိုယ့်အိမ်လေးဆီကို တန်းတန်းမတ်မတ်လျှောက်လာနေကြတဲ့
Turkey လို့ ခေါ်တဲ့ငှက်ကြီးတွေကိုတွေ့ လိုက်ရတော့ကိုယ်အံ့သြသွားပါတယ်...။
ဒီလောက်ကြီးတဲ့ငှက်တွေကိုလည်းအခုလိုမျိုးကိုယ့်အိမ်ရှေ့ ကိုရောက်လာလိမ့်မယ်လို့ 
တခါမှမထင်ခဲ့မိပါဘူး...။ 
တရိစ္ဆာန်ဥယျာဉ်မှာတော့ငှက်အကြီးစားမျိုးတွေကိုတွေ့ ဖူးပါတယ်...
 အပြင်မှာတော့အခုလိုမျိုးတခါမှမတွေ့ ဖူးဘူးလေ...။ 
အစာစားပြီးနောက် အခုလိုကားလမ်းကိုဖြတ်ပြီး
သူတို့ နေတဲ့နေရာလေးကိုပြန်သွားကြတယ်...
ရာသီအလီလီပြောင်းသွားသော်လည်း Turkey တွေက နေ့ တိုင်းအစာလာစားကြပါတယ်...။
 ဒီလိုနဲ့ ကိုယ်လည်းငှက်ကလေးတွေရယ် Turkey တွေရယ် 
အစာလေးတွေကျွေးနေဖြစ်ပါတယ်...။
 ***
တညမှာတော့ ကိုယ်တယောက် အိမ်ပြူ တင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တာ 
အိမ်ရှေ့ ကချယ်ရီပင်လေးအောက်မှာသတ္တ၀ါလေးတကောင်ကိုတွေ့ လိုက်ရတယ်...
အမှောင်ထဲကသတ္တ၀ါလေးကို သေချာကြည့်လိုက်တော့ ကိုယ့်မျက်လုံးတောင်ကိုယ်
မယုံနိုင်အောင်ပါပဲ သမင်လေးတကောင် အစာလာစားနေတာကိုတွေ့ လိုက်ရတယ်လေ...။
သူကငှက်ကလေးတွေစားတဲ့ဖန်အိမ်လေးထဲကအစာတွေကိုလှမ်းပြီးစားနေတာပါ...
ငှက်ကလေးတွေစားတဲ့ပြောင်းဆံ၊ ဂျုံအမျိုးမျိုးနဲ့ နေကြာစေ့လေးတွေကို
သမင်လေးတွေလည်းစားကြတယ်ဆိုတာ ကိုယ်သိလိုက်ရတော့တယ်...။
အဲဒီနေ့ ကစပြီးသမင်လေးတွေစားဖို့ အစာတွေအများကြီး
ချယ်ရီပင်လေးအောက်မှာချထားပေးဖြစ်ပါတယ်...။ 
( ညအချိန်မှာအစာလာစားတဲ့ကိုယ်ပထမဦးဆုံးအကြိမ်တွေ့ ရတဲ့
သမင်မလေးပါ...။ )
နောက်တော့ သမင်မလေးနဲ့ သူ့ အဖေါ်သမင်လေးတွေ
သူတို့ မိသားစုလေးတွေရောက်လာပြီး
ချယ်ရီပင်လေးအောက်မှာအစာလာစားကြပါတယ်...
ကိုယ်အံ့သြမိတာက ဒီနေရာလေးမှာကိုယ်ကငှက်ကလေးတွေကို
အစာလေးတွေကြွေးနေတာကို ဟိုးအဝေးကြီးမှာနေတဲ့
တောအုပ်လေးထဲက သမင်လေးတွေကဘယ်လိုလုပ်သိပြီး
ဒီနေရာလေးကိုရောက်လာကြသလဲဆိုတာပါ...။
တိရစ္ဆာန်လေးတွေဟာ မာဂဓ စကားပြောတတ်ကြတယ်လို့ စာပေတွေထဲမှာဖတ်ဖူးပါတယ်။
ငှက်ကလေးတွေကသမင်လေးတွေကို မာဂဓ စကားနဲ့ ဒီနေရာလေးမှာ
အစာလေးတွေလာစားဖို့ ပြောကြလေသလားကိုယ်တွေးမိတယ်...။ 
***
( ကိုယ်တယောက်စာမရေးဖြစ်တာကြာပါပြီ...စာရေးဖို့ စိတ်မပါတာလည်းတကြောင်း
အလုပ်တွေများပြီးမအားတာလည်းတကြောင်းနဲ့ မရေးဖြစ်တာပါ...။ 
နောက်တခုက ကိုယ်ကစာရေးဆရာလည်းမဟုတ်ဘူးလေ...
ကိုယ်ရေးတဲ့စာကို ကိုယ်ပြန်ဖတ်တဲ့ စာရေးတဲ့သူပါ...  :)
အားလုံးပဲ ရာဇတောဝါ ၊ စောရတောဝါ ၊ မနုဿ       တောဝါ ၊ အမနုဿ       တောဝါ ၊ 
ဗာလနံတောဝါ ၊ ပိသာစတောဝါ ၊ ဖရုဿ       ၀ါစာ တောဝါ ၊ 
တောဝါအပေါင်းမှ ကင်းဝေးကြပါစေ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ကြပါစေလို့ 
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...
(ဆက်ရန်...)
*
*
*