Saturday, August 24, 2013
*~~~ကျွန်ုပ်၏တပိုင်းတစဒဿနများ(၇)~~~*
အသိဥာဏ်မပါသော ချီးမွမ်းခြင်းထက်
အသိဥာဏ်ဆင်ခြင်တုံတရားပါသော
ဝေဖန်ကဲ့ရဲ့ခြင်းက ပို၍တန်ဖိုးရှိတယ်...။
***~~~***
ချီးမွမ်းခြင်းမှာသာယာပြီး 
ကဲ့ရဲ့ခြင်းမှာ မသာမယာဖြစ်နေတာဟာ
တည်ငြိမ်ရင့်ကျက်မူ့ မရှိတဲ့သူတွေရဲ့
စိတ်နေသဘောထားတွေပါ...။
***~~~***
လောကသဘာဝအရ
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာတွေဟာ
တူညီသောလောကဓံတရားတွေပါလားရယ်လို့ 
ကျေနပ်စွာခံယူထားနိုင်တဲ့သူ, နှလုံးသွင်းနိုင်တဲ့သူသာလျှင်
တကယ့်သူတော်ကောင်းစိတ်ရှိတဲ့သူဖြစ်တယ်...။
***~~~***
တန်ဘိုးရှိတဲ့လူဆိုတာ တန်ဘိုးမရှိတဲ့စကားတွေကို
တန်ဘိုးမရှိမှန်းသိတတ်တဲ့ အသိဥာဏ်ပညာရှိတယ်...။
***~~~***
စကားဆိုတာလူတိုင်းပြောတတ်ကြတာပဲ
ဒါပေမယ့် လူတိုင်း "လူစကား" ပြောတတ်ကြတာတော့မဟုတ်ဘူး...။
***~~~***
စကားလုံးတွေလှပနေပေမယ့်
အတွင်းစိတ်ကပုတ်သိုးနေရင်
အဲဒါ ကျီးအာသီးလိုပဲ...
အပြင်လှပေမယ့် အတွင်းမှာအနှစ်သာရမရှိဘူး...။
***~~~***
လူဆိုတာသူများဓါးခုတ်ရာမှာလက်ဝင်မလျှိုသင့်သလို
ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေမှာလည်းဝင်မရှုပ်သင့်ဘူး...။
***~~~***
သူတပါးပြဿနာကို ကိုယ့်ပြဿနာလုပ်တတ်တဲ့သူဟာ
မဆီမဆိုင် နံရံကိုခေါင်းနဲ့ တိုက်တဲ့သူလိုပဲ
နံရံကဘာမှမဖြစ်ပဲ တိုက်တဲ့သူသာနာကျင်သွားတာပဲ...။
***~~~***
မသူတော်တွေဟာစကားပြောရင်
ဂျပိုးကိုလိပ်ဖြစ်အောင် သူတပါးနာကျင်အောင်
တမင်တကာပုံကြီးချဲ့ ထွင်ပြောတတ်ကြပေမယ့်
ပညာရှိသူတော်ကောင်းတွေကတော့
အရှိကိုအရှိအတိုင်း
အမှန်ကိုအမှန်အတိုင်း
မှန်မှန်ကန်ကန်
တည့်တည့်မတ်မတ်
သူ့ အတိုင်းအတာရှိသလောက်သာပြောတတ်ကြတယ်။
***~~~***
ပါရမီ့ရှင်သူတော်ကောင်းမှန်ရင်
ဘယ်လိုပြဿနာမျိုးကိုမဆို
ရိုးသားမှန်ကန်စွာပြောဆိုသောသစ္စာစကားနဲ့ ပဲ
အဲဒီပြဿနာတွေကိုရူ့ မြင်သုံးသပ်အဖြေရှာလေ့ရှိတယ်၊
ဘယ်တော့မှဝေ့လည်ကြောင်ပတ် လိမ်ညာလှည့်စားပြီး
ပြဿနာတွေကိုအဖြေရှာလေ့မရှိဘူး...။
***~~~***
 ပင်လယ်လှိုင်းလုံးတွေ တ၀ုန်းဝုန်းရိုက်ခတ်ပေမယ့်
ပြိုလဲမသွားတဲ့ကျောက်ဆောင်တခုလိုပဲ
ကြီးမားခိုင်ခံ့တဲ့အဆောက်အအုံကြီးတခုဟာ
ပြင်းထန်တဲ့မိုးသက်မုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိသလိုပဲ
ထို့ အတူ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတော်ကောင်းဟာလည်း
မည်သို့ သောလောကဓံတရားကိုမဆို
တည်ငြိမ်စွာနဲ့ ခံနိုင်ရည်စွမ်း ရှိတတ်ကြစမြဲပဲ...။
***~~~***
*
*
*
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
Wednesday, August 21, 2013
*~~~ကြွေလွင့်သွားသောကြယ်~~~*
ကြယ်တာရာကြွေကျသွားခါမှ
တာရာဟာ 
သိပ်လင်းကြောင်း
သိပ်လက်ကြောင်း
သိပ်တော်ကြောင်း
သိပ်တတ်ကြောင်း
သိပ်မြတ်ကြောင်း
အကြောင်းမျိုးစုံတွေနဲ့ 
စီကာပတ်ကုံး
မိုးလုံးပြည့်မတတ်
အချီးအမွမ်းတွေနဲ့ 
တမ်းကြ 
တကြ 
ယူကြုံးမရ
ဝမ်းနည်းပက်လက်ဖြစ်နေကြတာများးးးးးးးးးး
သြော်...သံဝေဂယူစရာတောင်ကောင်းသေးတော့......
တာရာရှိနေတုန်းကကျတော့ရော...
အဲဒီတာရာကို
လင်းမှန်းမသိခဲ့ကြတာလား
လက်မှန်းမမြင်ခဲ့ကြတာလား
ဆွံ့ အနေခဲ့ကြတာလား......
ဘ၀ပြောင်းတော့မှ
မိုးလုံးပြည့်တွေနဲ့ 
ချီးမွမ်းခန်းတွေ တသီတတန်းကြီးကို 
သူ့ ခမြာ
တမလွန်ကနေ
 ကြားပြင်းများကပ်နေမလားပဲ......
ဆရာရေ...
ဆရာကြားနိုင်မယ်ဆိုရင်
စကားတခွန်းလောက်တော့ပြောပါရစေ...
အဓိပဓိကြီးဘ၀နဲ့ 
အညတြလိုနေပြီး
ရိုးရိုးလေးပဲ
ကြွေလွင့်သွားခဲ့တာကို
ခမ်းခမ်းနားနားပဲ
ဦးညွှတ်အလေးပြုလိုက်ပါတယ်ဆရာ......။
ကြွေလွင့်သွားသောကြယ်(သို့ မဟုတ်)
တမလွန်မှ ဆရာကြီးဒဂုန်တာရာသို့ ...
ရိုသေစွာဖြင့် 
*
*
*
Friday, August 16, 2013
*~~~အရှင်ဇနကာဘိဝံသ၏အဆိုအမိန့် များ(၃)~~~*
*အမှတ်တမဲ့မနေကြနဲ့ *
အမှတ်တမဲ့နေသူရဲ့စိတ်ဟာ အကုသိုလ်ဘက်သွားနေသလို
အကုသိုလ်ကံ အကျိုးပေးကလည်းသူ့ မှာအမြဲရှိနေတယ်။
*Listless people*
Listless people's thought are directed toward evil deeds; 
and the chances of unwholesome consequences are 
always with such people.
******************
*ငါဆိုတာမရှိ*
လောကကြီးထဲမှာ "ငါဖို့ ---ငါ့ဖို့ ဆိုပြီးကျိုးစားလိုက်ကြတာ
တကယ်တော့"ငါ" မရှိတော့ပါဘူး။
No"self"
People are striving for the benefit of their selves, 
but there is really no "self" in this world.
******************
*လူ့ ဘ၀ရဲ့တန်ဘိုး*
လူ့ ဘ၀တန်ဘိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်းနှလုံးကောင်းပဲရှိတယ်။
ဂုဏ်၊ လာဘ် ချွေရံကျော်စောမူ့ ကတော့ ပျက်ခဲ့တာချည်းပဲ။
*Value of life*
The real work of man's life lies in one's potentials of moral purity
and a good mind; whatever prestige
 or good position, follows counts for nothing.
******************
*လမ်းဆိုးကြီးကိုမလိုက်ကြနဲ့ *
ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ, ဒေါသ တိုးပွားပြီး
ဆင်းရဲပင်ပမ်းတဲ့လမ်းဆိုးကြီးကိုသာ ပျာရီးပျာယာ လိုက်နေကြတယ်၊
အေးချမ်းသာယာတဲ့လမ်းကိုတော့ မမြင်နိုင် မကြားနိုင်အောင်ဖြစ်နေကြရှာတယ်။
*Path of Greed, Anger and Misery*
Today people of the world are tracking 
the path of development of greed, anger and misery. 
They are not able to see the path that leads to peace and happiness. 
******************
*ရွှေအိုး*
လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။
သီလ, သမာဓိ, ပညာတို့ လည်းရွှေအိုးတွေပါပဲ။
*The Gold Pot*
People think only charity is a gold pot.
In fact, Morality, mental stability, and wisdom are also gold pots.
They are as rich as charity.
******************
*ကံကိုမယုံနဲ့ *
ကံကောင်းမှာစောင့်မနေနဲ့ 
ကံကောင်းအောင် လူကကုသိုလ်ကောင်းမူ့ များများလုပ်ပေးပါ။
*Good luck and Good Deed*
Don't wait for good luck;
make good luck by doing good deeds.
******************
*နိဗ္ဗာန်ကိုမမြင်နိုင်*
မိမိသန္တာန်မှာဖြစ်နေတဲ့စိတ်ကိုတောင်မှ
ဘယ်စိတ်ဘယ်လိုဖြစ်တယ်ဆိုတာ မသိပဲနဲ့ 
ခန္တာကိုယ်အပြင်က နိဗ္ဗာန်ကို သာမာန်ဥာဏ်,
သာမာန်ကမ္မဋ္ဌာန်းလေးနဲ့ မသိမမြင်နိုင်ပါဘူး။
*Ultimate Moral Purity*
Since you can't see how your mental process works,
you cannot possibly see the state of ultimate moral purity ( nibbana ),
which is outside oneself, through one's ordinary intelligence and contemplation.
******************
*အလုပ်တရားမှစွမ်းတယ်*
တရားဆိုတာ ဟောတရား, နာတရားကတကယ်မစွမ်းပါ၊
အလုပ်တရားကမှ တကယ်အစွမ်းထက်ပါတယ်။
*Practice the Dhamma*
The dhamma that is preached and attended to is not effective;
only practice of dhamma could be efficacious.
******************
*ဘ၀သံသရာ အောက်မကျနိုင်*
သူတပါးကို ထမင်းချက်ကျွေး, ရေခပ်ပေးသူဟာ ထမင်းမငတ်ရေမငတ်သလို၊
သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာ ဘ၀သံသရာမှာ
အောက်ကျ နောက်ကျမဖြစ်နိုင်ပါ။ 
*Teaching is Noble*
Just as the one who provides others with food and water 
will never starve or go thirsty, so also the ones who teaches others 
so that may be wise and polite will never attain an inferior position 
throughout the cycle of existences.
******************
*တနေ့ အတွက်အကျိုးမရရင်*
တနေ့ တာမှာ ကုသိုလ်, ဥစ္စာ, ကျန်းမာရေး, အတတ်ပညာ, တန်ခိုးဂုဏ်သိမ်
ဒီငါးမျိုး တမျိုးမျိုးမှ အကျိုးမရပဲ ကုန်သွားတဲ့နေ့ ဟာ 
ဝမ်းနည်းစရာအကောင်းဆုံးနေ့ ပါပဲ။ ( မသေခင်က အသေဖြစ်ရတဲ့နေ့ ပါပဲ။ )
ကုသိုလ် ဥစ္စာ,
ကျန်းခံ့သာ၍
ပညာ တန်ခိုး
တမျိုးမျိုးမှ
အကျိုးမထွက်
ထိုနေ့ တွက်
သက်သက် ၀မ်းနည်းဖွယ်။
*A lost Day*
The day in which  meritorious deeds,
wealth, health, education, power and position,
or at least one of them, cannot be achieved is a lost day,
to be regretted. It is a sort of death while being alive.
******************
 အမရပူရမြို့
  ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်
  အရှင်ဇနကာဘိဝံသ၏  အဆိုအမိန့် များစာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
Wednesday, August 7, 2013
*~~~အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့် များ (၂)~~~*
*ကိုယ်ပိုင်ဥာဏ်ရှိကြပါ*
ကိုယ်ပိုင်ဥာဏ်မရှိကြရင် 
အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း
ဘာသာရေး မှိုင်းတိုက်ခံရမယ်။
*Be intelligence*
If you don't have enough intelligence 
you will probably be exposed to religious fame 
even in such clean and clear religion as Buddhism.
******************
*အမြင်မှန်မရသေးသူများ*
ရေလျင်ကြောမှာ မျောနေတဲ့လှေကို
 အောက်စုန်အောင်လုံ့ လစိုက်နေတဲ့သူလို 
ယနေ့ လက်ရှိသာသနာ့ ၀န်ထမ်းတွေဟာ
သာသနာ့လှေကို စုန်သထက်စုန်အောင်သာ
အမြင်မှားအောင် ပြုလုပ်နေကြလေပြီ။
*Drifting Down*
Like the man who makes 
an effort to row downstream 
a boat which has been drifting down, 
some of today's members of the Buddha's 
holy order are 
creating the wrong impression 
which pushes down 
the boat of the Buddha's teachings.
******************
*လိုက်သင့်မှလိုက်ပါ*
ခေတ်ဆိုတာလိုက်သင့်မှလိုက်ရတယ်,
ဒီခေတ်ဆိုးရဲ့မကောင်းဒဏ်ချက်ဟာ 
ဒီသတ္တ၀ါတွေခံကြရမယ်။
*Acting Accordingly*
Sometimes it may not be advisable to act 
according to the time?
People will have to suffer 
the consequences of bad times.
******************
*အလယ်အလတ်*
ပျော့လွန်းရင် အစော်ကားခံရတတ်တယ်၊ 
မာလွန်းရင် ရန်များတတ်တယ်၊
ဒါ့ကြောင့်မလျှော့မတင်းနေတတ်ကြပါ။
*Moderation*
If you are too soft, 
you may be insulted.
If you are too tough, 
you may make many enemies.
It is better to behave moderately.
******************
*အဓိကအား*
လောကကြီးပွားရေးမှာ 
"ပညာ" ဟာအဓိကအားပါပဲ။
*Wisdom*
For progress in the world 
"Wisdom" is the chief factor.
******************
 *မဆိုင်ရင်မရှုတ်နဲ့ *
လောကကြီးမှာလူတွေဟာ 
ကိုယ်နဲ့ မဆိုင်တဲ့အလုပ်များကိုလည်း
ဝင်ရှုတ်နေတတ်ကြသေးတယ်။
*Interference*
In this world, some people are trying to interfere
in affairs not their own.
******************
*ကြီးပွားတယ်ဆိုတာ*
လောကမှာကြီးပွားတယ်ဆိုတာ 
ထီပေါက်မှ, စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်၊
ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင်
စိတ်နေစိတ်ထားကြီးပွားတာပဲ။
*Getting on*
People think that one gets on well 
only when one wins lottery ticket 
or has good business.
However, if one can contemplate 
upon the natural phenomena 
and purify one's mind , 
one gets on very well indeed.
******************
*၀ီရိယနဲ့ လုပ်ပါ*
အရာရာမှာ ပထမ ဗဟုသုတရှိဖို့ , 
ဒုတိယ, သတိထားဖို့ 
တတိယ, မှန်မမှန်စုံစမ်းဖို့ နဲ့ 
စတုတ္ထ, ၀ီရိယနဲ့ အလုပ်လုပ်ဖို့ ပဲ။
*Perseverance*
In doing any work, 
first, you must have general knowledge,
second, you must be mentally Active,
third, you must choose right from wrong;
finally, you must have perseverance.
******************
*ယှဉ်ကြည့်ပါ*
မကောင်းတာနဲ့ ယှဉ်ကြည့်မှ ကောင်းတာထင်ပေါ်သလို,
မလှတာနဲ့  ယှဉ်ကြည့်မှ လှတာထင်ပေါ်တယ်။
*Goodness*
Goodness is apparent when compared with badness,
just as beauty is when compared with ugliness.
******************
*သူတော်ကောင်းနဲ့ တွေ့ အောင် ကြိုးစားပါ*
သံသရာကြီးထဲမှာ ဆွေတွေမျိုးတွေကတော့မဆန်းပါဘူး,
*Relatives*
In the circle of existences (Samsara)
relatives are of no account;
being of noble morality is the only thing that is of value.
******************
*ဘာလုပ်ကြမလဲ*
စဉ်းစားကြစမ်းပါ အသက်ကြီး လာပြီ သေရတော့မယ်
မကြီးလည်းသေရမယ် ဒီတော့ တို့ တတွေဘာလုပ်ကြမလဲလို့ 
ဒါကို စေ့စေ့တွေးကြစမ်းပါ။
*Think seriously*
Now think about this. 
Death comes to the old and the young alike. 
So what shall we do?
Think about this seriously.
****************** 
 အမရပူရမြို့
ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏ 
အဆိုအမိန့် များစာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
Friday, August 2, 2013
*~~~အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့် များ (၁)~~~*
*သူတော်ကောင်းဆိုတာ*
 သမုဒ္ဒယာရေဟာ မီးကြောင့်မကျွမ်းဘူး၊
မြင့်မိုရ်တောင်ဟာလည်း လေကြောင့်မတုန်လှုပ်ဘူး၊
ကျောက်ခဲဟာလည်း ရေကြောင့်မကြေဘူး၊
ဒီလိုပဲ သူတော်ကောင်းဟာလည်း
မသူတော်ဖျက်တာကို မတုန်လှုပ်သင့်ဘူး။
*The Morally Pure Person* 
The ocean can not be burned by fire.
The Myinmo mountain will not be shaken by the wind.
The rock can not be melted by water.
So also the morally pure person will not be affected by the
misdeeds of an evil-minded person.
Myinmo = Meru (Great mountain)
*~~~~~~~~~~~~~~~~~~*
*စိတ်ကိုစင်ကြယ်အောင်လုပ်ပါ*
သန့် ရှင်းတဲ့နား အကြားများတယ်၊
ကြည်လင်တဲ့မျက်စိဟာ အမြင်များတယ်၊
စင်ကြယ်တဲ့ စိတ်ဟာလည်း အသိပညာများတယ်။
*Pure Mind, More Knowledge*
If the ear is clean you will hear more and better.
If the eyes is clear you will see more and better.
If your mind is pure you will gain more knowledge.
*~~~~~~~~~~~~~~~~~~*
 *လူ့ သီလ*
လောကကြီးထဲမှာ ဘယ်သူမဆို
ချမ်းသာချင်ကြတာပဲ၊
သူများဆင်းရဲဒုက္ခရောက်မှ
ကိုယ်ချမ်းသာရတာမျိုးတော့
မဖြစ်စေနဲ့ , မလုပ်အပ်ဘူး။
သူများဆင်းရဲအောင်
ကိုယ်--စိတ် မလုပ်ကြနဲ့ ၊
အနစ်နာခံစရာရှိရင်
ကိုယ်သာခံ, ဒါ--လူ့ သီလပဲ။
 *Man's Precept*
Everyone in the world wishes to be
happy and prosperous.
Yet do not try to obtain profit from others' misery.
Don't do anything that may cause unhappiness in many people.
If a sacrifice is called for, you should offer it.
That's man's precept of good conduct.
*~~~~~~~~~~~~~~~~~~*
*ကိုယ်ဖြစ်ချင် ဖြစ်စေနိုင်သောတရား*
သစ္စာဟာ မုသားနဲ့ ပြောင်းပြန်ဖြစ်တယ်၊
ယခုခေတ်မှာ သစ္စာအလွန်နည်းကြတယ်၊
မုသားဟာ  ငါးပါးသီလကိုယ်ကျင့်မှာတောင်
အမြဲရှောင်ဖို့ ပါနေတယ်၊ သီလရှိသူဟာ
ကိုယ်ဖြစ်ချင်တဲ့အကျိုးကိုရနိုင်တယ်၊
သီလမရှိရင် ငရဲ တိရစ္ဆာန်, ပြိတ္တာ တခုခုနဲ့ 
လူနုံ လူမွဲ လူဆင်းရဲသာဖြစ်ရမယ်။
*Sila*
Truth is the opposite of falsehood.
In the present time truth is weak.
Even in the five precepts, avoiding lies has been featured.
The person who has sila  (morality)
can get the rewards he wishes to have.
If you don't have good morality, you will either go to Hell or
become an animal in your next existence.
Even if you were reborn as a human being,
you would be a poor one.
*~~~~~~~~~~~~~~~~~~*
*ကြီးပွားရေးလမ်းစဉ်*
အနေလည်းကောင်းစိတ်လည်းကောင်း၍
ကောင်းကောင်း ပညာတတ်မှသာ
ငါဟာ ကြီးပွားမည်။
အနေမကောင်း စိတ်မကောင်း၍
ကောင်းကောင်းပညာ မတတ်ပါ
ငါသာ ဆုတ်ယုတ်မည်။
*Progress and Retrogression*
with good behavior, a good mind, and a good education,
 I will make headway in life.
Otherwise I will get into the rut.
*~~~~~~~~~~~~~~~~~~*
*အားကိုးရာအစစ်*
လောကမှာနာမည်ကြီး ပစ္စည်းပေါတယ်ဆိုတာအလကားပါ၊
သေတော့ကိုယ့်ရဲ့သီလ၊ သမာဓိ၊ ပညာကိုပဲအားကိုးရမှာ။
Fame and Wealth
Fame and wealth are after all nothing.
When you die  you have to depend on sila (precept),
smadhi (stability) and panna (wisdom).
*~~~~~~~~~~~~~~~~~~*
*လက်တွေ့ ညီညွတ်ရေး*
အညာသား၊ အောက်သား၊ တောင်ပေါ်မြေပြန့် သား
သွေးမကွဲအောင်အချင်းချင်း အပြန်အလှန်လက်ထပ်ဖို့ လိုတယ်၊
ဒါမှလက်တွေ့ ညီညွတ်ရေးပဲ။
*Inter-racial Marriages*
Inter-racial marriages are necessary for national solidarity
among Upper Myanmar, 
Lower Myanmar,
 Hills peoples and Plainsmen.
*~~~~~~~~~~~~~~~~~~*
*အိုဘယ့်ငါ*
ငါသည် ဘယ်လိုငါဖြစ်ထိုက်သနည်း၊
ငါသည် ငါအကြည်ညိုခံရသောငါဖြစ်ထိုက်သည်၊
သူတပါးကို ညာဝါးလို့ ရသည် ငါ့ကိုယ်ငါ ညာဝါးလို့ မရ၊
မည်သူမဆို မိမိကိုယ်ကို မိမိကြည်ညိုခံရသောသူဖြစ်အောင်ကြိုးစားရမယ်။
*What am I?*
What kind of person am I?
I ought to be the person for whom 
I myself have a high respect.
 I can lie to others, but I can't lie to myself.
Everybody should try to become 
the one for whom he himself has
a high regard.
*~~~~~~~~~~~~~~~~~~*
  *သူတော်ကောင်းစိတ်ရှိရင်*
သူတော်ကောင်းစိတ်ရှိသူဟာ လူ့ ဝတ္တရားအတိုင်း
လူ့ လောကကိုဆက်ဆံပြီး လူ့ လောကနဲ့ ရဲရဲကြီးလမ်းခွဲပါ။
*Noble Mind*
One who has a noble mind 
should leave the human society
after dealing with people 
according to human moral code.
*~~~~~~~~~~~~~~~~~~*
*ချစ်စရာဟာဒုက္ခ*
 လောကမှာအချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး၊
ချစ်စရာတခုရှိရင် ဒုက္ခတခု၊ ချစ်စရာများရင် ဒုက္ခလည်းများ
ချစ်စရာမရှိရင်ဒုက္ခလည်းမရှိတော့ဟူ၍မှတ်။
*Love and Trouble*
What one loves best gives one worst trouble.
For every love-object there is trouble.
Many love-object, many troubles.
No love-object no trouble.
*~~~~~~~~~~~~~~~~~~*
*တဏှာကျွန်*
လူရယ်လို့ ဖြစ်လာမှတော့ အသက်ရှင်နေတုန်းမှာ တဏှာ့ကျွန်
သေတော့အပ္ပါယ်လေးပါးစာမဖြစ်သင့်ဘူး။
*Slaves of Desires*
People have been slaves to desires while they are alive.
It isn't good to be candidates for Hell when Dead.
*~~~~~~~~~~~~~~~~~~*
အမရပူရမြို့ 
ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏ 
အဆိုအမိန့် များစာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
*
*
*
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
Related Posts Plugin for WordPress, Blogger...
စကားအင်္ဂါ ( ၅ ) တန်
( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။
( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။
( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ
( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။
အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။
( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။
( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )
မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)
dhamma
တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...
ဖိုင်အမှတ်စဉ် - ၁
၀၀၁။ ဓမ္မသင်္ဂဏီကျမ်း
၀၀၂။ ဓမ္မသင်္ဂဏီကျမ်း
၀၀၃။ ဓမ္မသင်္ဂဏီကျမ်း
၀၀၄။ ဓမ္မသင်္ဂဏီကျမ်း
၀၀၅။ ဓမ္မသင်္ဂဏီကျမ်း
ဖိုင်အမှတ်စဉ် - ၂
အဘိဓမ္မာဒေသနာတော်ကြီး
၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ
၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ
၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)
၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)
၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း
၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း
၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ
၀၁၃။ စိတ်၏အညစ်အကြေးများ
၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)
၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)
၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)
၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)
၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ
၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)
၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)
၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း
၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ
၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း
၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း
၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း
ဖိုင်အမှတ်စဉ် - ၃
၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
ဖိုင်အမှတ်စဉ် - ၎
၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ
ဖိုင်အမှတ်စဉ် - ၅
၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
ဖိုင်အမှတ်စဉ် - ၆
၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)
၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)
၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)
၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)
၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)
ဖိုင်အမှတ်စဉ် - ၇
၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)
၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)
၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)
၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)
ဖိုင်အမှတ်စဉ် - ၈
၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)
၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)
၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)
၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)
၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်
ဖိုင်အမှတ်စဉ် - ၉
၀၈၁။ အမြိုက်ရေစင
၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ
၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ
၀၈၄။ အက္ခဏ သုတ္တန
၀၈၅။ အဘယ သုတ္တန
၀၈၆။ သမာပတ္တိ သုတ္တန
၀၈၇။ သမာပတ္တိ သုတ္တန်
၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ
၀၈၉။ ကတ္တာရုဇာတ်
၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်
၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ
၀၉၂။ အမတာဘိသေက
၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ
၀၉၄။ ကိုယ့်နေရာကိုယ်နေကြ
၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း
၀၉၆။ ဃဋိကာရ သုတ္တန
၀၉၇။ အဒိတ္တာဇာတ်
၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ
၀၉၉။ ပမာဒနှင့်အပမာဒ
၁၀၀။ စိတ်အကြောင်း
၁၀၁။ နတ်ပြည်မှအမှာစကား
၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း
၁၀၃။ ကာလာမသုတ္တန
၁၀၄။ ဘဝကိုအလှဆင်မည့်သ
၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား
၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ
၁၀၇။ သြဝါဒနှင့်အမေးအဖြေ
၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း
၁၀၉။ အကောင်းဆုံးသောညတစ်ည
၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ
၁၁၁။ ကိုးကွယ်ရာအမှန်တရား
၁၁၂။ လူထဲကလ
ဖိုင်အမှတ်စဉ် - ၁၀
၁၁၃။ ဓမ္မနုပဿနာ
၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ
၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ
၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက
၁၁၇။ တရားမြင်မှဘုရားမြင်မည
၁၁၈။ စိတ္တာနုပဿနာ
၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်
၁၂၀။ ရန်ရှင်းမှရန်ကင်းမည်
၁၂၁။ သြဃတရဏ
၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား
၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း
၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်
၁၂၆။ ဆန္ဒဓိပတ
၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက
၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ
၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ
၁၃၀။ အရှုံးအမြတ
၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း
၁၃၂။ ဘဝနှင့်နိဗ္ဗာန
၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ
၁၃၄။ အမြင်မှန်
၁၃၅။ အစွဲဖြုတ
၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ
၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း
၁၃၈။ သြကာသရှင်းတန်း
၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု
၁၄၀။ သြဃလေးဖြာသံသရာ
၁၄၁။ အမျက်ဖြေ
၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ
၁၄၃။ ဒိဠေ ဒိဠေ မတ္တံ
၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး
၁၄၅။ ပညာမဲ့သဒ္ဒါ-၁
၁၄၆။ ပညာမဲ့သဒ္ဒါ-၂
၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း
ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...
်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။
...
Globe