Saturday, July 27, 2013

*~~~Wisdom Quotes (2)~~~*




The greatest achievement is selflessness.
အကြီးကျယ်ဆုံးသောအောင်မြင်မူ့ ဆိုတာ
တကိုယ်ကောင်းမဆန်တဲ့ကျိုးစားအားထုတ်မူ့ ပဲ...။

***~~~***

The greatest worth is self-mastery.
အကြီးကျယ်ဆုံးသောတန်ဘိုးဆိုတာ
 မိမိကိုယ်မိမိထိန်းချုပ်နိုင်ခြင်းပဲ...။

***~~~***

 The greatest quality is seeking to serve others.
အကြီးကျယ်ဆုံးသောအရည်အချင်းဆိုတာ
အများအကျိုးဆောင်ရွက်ခြင်းပဲ...။

***~~~***

The greatest precept is continual awareness.
အကြီးကျယ်ဆုံးသော ဥပုဒ်သီလဆိုတာ
အမြဲမပြတ်သတိတရားရှိနေခြင်းပါပဲ...။

***~~~***

 The greatest medicine is the emptiness of everything.
အကြီးကျယ်ဆုံးသောဆေးဝါးဆိုတာ
ဘယ်အရာမှမမြဲခြင်းဆိုတဲ့သင်္ခါရတရားကိုဆင်ခြင်ခြင်းပဲ...။

***~~~***

 The greatest action is not conforming with the world ways.
အကြီးကျယ်ဆုံးသောအလုပ်ဆိုတာ
အများတကာလုပ်နေကျ သမရိုးကျအလုပ်ကိုမလုပ်ခြင်း
(မိုးခါးရည်မသောက်ခြင်း) ပါပဲ ...။

***~~~***

The greatest magic is transmuting the passion.
အကြီးကျယ်ဆုံးသောမျက်လှည့်သဖွယ်ဖန်တီးမူ့ ဆိုတာ
ကိုယ်အနှစ်သက် အမြတ်နိုးဆုံးအရာကိုဖြစ်လာအောင်
ပြောင်းလဲလုပ်ဆောင်နိုင်ခြင်းပဲ...။ 

***~~~***

The greatest generosity is non-attachment.
အကြီးကျယ်ဆုံးသောပေးကမ်းရက်ရောခြင်းဆိုတာ
ဘယ်အရာကိုမှ မတွယ်တာခြင်း သံယောဇဉ်မထားခြင်း
(နိဗ္ဗာနပစ္စယောဟောတု) ပါပဲ...။

***~~~***

The greatest goodness is a peaceful mind.
အကြီးကျယ်ဆုံးသောကောင်းမြတ်ခြင်းဆိုတာ
ငြိမ်းချမ်းနေသောစိတ်ပဲ...။ 

***~~~***

The greatest patience is humility.
အကြီးကျယ်ဆုံးသောသည်းခံခြင်းဆိုတာ
မာန်မာနမရှိခြင်း စိတ်သဘောထားသိမ်မွေ့ နူးညံ့ခြင်းပါပဲ...။

***~~~***

The greatest effort is not concerned with the results.
အကြီးကျယ်ဆုံးသောကျိုးစားအားထုတ်မူ့ ဆိုတာ
ကိုယ့်စွမ်းဆောင်မူ့ တွေအားလုံးအတွက်
 ရရှိလာမယ့်အကျိုးအမြတ်တစုံတရာကိုမျှော်လင့်ချက်မထားရှိခြင်းပါပဲ...။

***~~~***

The greatest meditation is a mind that lets go.
အကြီးကျယ်ဆုံးသောတရားရှူ့ မှတ်ခြင်းဆိုတာ
ဘယ်အရာကိုမဆို စွန့် လွှတ်နိုင်တဲ့အသိစိတ်ရှိနေခြင်းပါပဲ...။

***~~~***

 The greatest wisdom is seeing through appearances.
အကြီးကျယ်ဆုံးသောဥာဏ်ပညာအမြှော်အမြင်ရှိခြင်းဆိုတာ
အပေါ်ယံအမြင်ကနေ စိတ်ပိုင်းဆိုင်ရာအတွင်းသဘောကို
ထိုးထွင်း ကြည့်နိုင်စွမ်းရှိတဲ့ စွမ်းရည်သတ္တိရှိခြင်းပါပဲ...။

***~~~***

*
*
*

Monday, July 22, 2013

*~~~၀ါဆိုလပြည့်ဓမ္မဒါန~~~*



ဝါဆိုလပြည့်နေ့ မှာ ဓမ္မဒါနအဖြစ် e-book လေးတွေ မျှဝေလိုက်ပါတယ်...။
အလုပ်တွေမအားတာနဲ့ အခုမှပဲမျှဝေဖြစ်ပါတယ်...။ မြန်မာပြည်မှာတော့
ဒီနေ့ ဝါဆိုလပြည့်ကျော်တရက်နေ့ ဖြစ်နေပါပြီ...။ ကိုယ်တို့ ဆီမှာတော့
လပြည့်ညပါ...။
ဓမ္မမိတ်ဆွေအားလုံး ၀ါတွင်းကာလမှာ ၀ါဆိုမိုးနဲ့ အတူ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ၍
သူတော်ကောင်းတရားများကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...






 
 





***~~~***

Friday, July 5, 2013

*~~~Happy 4th of July~~~*

အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ မှာ Mississippi မြစ်ကမ်းနဘေးက
ငြိမ်းချမ်းလှပတဲ့ကိုယ်တို့ မြို့ လေးမှာ လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ်
မြို့ တော်ကမီးရှူးမီးပန်းတွေကောင်းကင်ပေါ်ပစ်လွှတ်ကြတာသွားကြည့်ဖြစ်ပါတယ်...။
တမြို့ လုံးကလူတွေအကုန်လုံးရောက်လာသလားထင်ရလောက်အောင်ကျိတ်ကျိတ်တိုး
စည်ကားနေတာပါ...။ အဖြူ အမဲ အပြာ အ၀ါ အရောင်စုံ အသွေးစုံ လူမျိုးပေါင်းစုံလင်လှပါတယ်...။
ကမ္ဘာတလွှားကလူတွေအားလုံးဒီမြို့ လေးမှာရှိနေတာအထင်အရှားပါပဲ...။
လွတ်လပ်ရေးနေ့ မှာပဲ အခုလိုတနေရာထဲမှာလူမျိုးပေါင်းစုံကိုတွေ့ ရတာပါ...။
ဒါပေမယ့်လူတွေအားလုံးဟာ စည်းကမ်းတကျနဲ့ ဒီမိုကရေစီနည်းလမ်းအရပျော်ရွှင်နေကြတာကို
တွေ့ ရပါတယ်...။ လူတွေတအားများနေပေမယ့် ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ်ဖြစ်မနေပါဘူး...။
အားလုံးပဲကိုယ်ကြိုက်ရာနေရာမှာ ထိုင်တဲ့သူထိုင် ရပ်တဲ့သူရပ်ပြီး မီးပန်းတွေပြစ်လွှတ်မယ့်အချိန်ကို
စောင့်နေကြတာပါ...။ အချို့ ဆိုရင်ဘယ်အချိန်ကရောက်နေလဲတော့မသိ အဝေးကလာတဲ့သူတို့ ခမြာတော်တော်ကြာစောင့်နေကြပုံရပါတယ်။
သူတို့ တွေရဲ့လွတ်လပ်ရေးကိုမြတ်နိုးတတ်ပုံ စည်းကမ်းရှိပုံတွေက တကယ့်ကိုအတုယူစရာပါ။
ကိုယ်ကတော့မြစ်ကိုဖြတ်ပြီးဆောက်ထားတဲ့တံတားပေါ်က
အုတ်ဘောင်လေးမှာထိုင်ပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့
လေညှင်းနဲ့ အတူ မီးရူးမီးပန်းတွေလွှတ်မယ့်အချိန်ကိုစိတ်ချမ်းမြေ့စွာစောင့်နေပါတော့တယ်...။
ည ၁၀ နာရီ ၁၅ မိနစ်မှာမီးရူးမီးပန်းတွေနဲ့ အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ ကို
တပျော်တပါးဂုဏ်ပြုလိုက်တာတွေ့ ရပါတယ်...။                                        

"America was not built on fear.
America was built on courage, 
on imagination and unbeatable determination
 to do the job at hand."
(Harry S. Truman)

"Democracy is the government of the people,
 by the people, for the people."
(Abraham Lincoln)


မြစ်ထဲမှာသင်္ဘောနဲ့ မီးပန်းတွေလာကြည့်တဲ့သူတွေပါ...
*
*
*
အားလုံးပဲလွတ်လပ်သော ငြိမ်းချမ်းသော တရားမျှတသော
အရပ်ဒေသ၌ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ကြရပါစေလို့ ဆန္ဒပြုရင်း...

***~~~***


Monday, July 1, 2013

*~~~ကျွန်ုပ်၏တပိုင်းတစဒဿနများ(၆)~~~*


တခါတရံမှာသူတော်ကောင်းတွေမနှစ်မြို့ တဲ့ ခါးသီးတဲ့စကားလုံးတွေဟာ
အရေခြုံထားတဲ့ မသူတော်တွေအတွက်ထိုက်တန်တဲ့ဝါကျတွေဖြစ်တယ်...။

***~~~***

မှန်တာကိုပြောရဲတဲ့သတ္တိ မှန်တာကိုလုပ်ရဲတဲ့သတ္တိဆိုတာ
ဂုဏ်သိက္ခာရှိတဲ့သူတော်ကောင်းတွေရဲ့ကျင့်စဉ်ပါ...။

***~~~***

မှန်ကန်စွာရူ့ မြင်သုံးသပ် ဝေဖန်တတ်သော ပညာရှိသူတော်ကောင်းများ၏
ချီးမွမ်းခြင်း (သို့ မဟုတ်) ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊ ရှုတ်ချခြင်း များကို
 နှလုံးသားဖြင့် ကျေနပ်စွာခံယူလိုက်ပါ...။
သို့ သော် ပညာမဲ့ မသူတော်များ၏ ချီးမွမ်းခြင်း (သို့ မဟုတ် )
ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊ ရှုတ်ချခြင်းများကို မြူတမှုန်မျှအလေးမထားပါနှင့်...။

***~~~***

မှန်သောစကားဟာ မသူတော်အတွက်
အနာပေါ်ကျတဲ့ဒုတ်တချောင်းဖြစ်ချင်ဖြစ်နေလိမ့်မယ်...
ဒါပေမယ့် သူတော်ကောင်းအတွက်တော့ မှန်သောစကားဟာ
သစ္စာစကားပါပဲ......။ 

***~~~***

သူတပါးအပေါ်မနာလိုဝန်တိုတတ်တဲ့ မစ္ဆရိယစိတ်ဆိုတာ
သူယုတ်မာတွေမှာသာရှိတဲ့စိတ်ထားမျိုးပါ...။ 
သူတော်ကောင်းတွေမှာမြင့်မြတ်တဲ့မုဒိတာစိတ်ပဲရှိပါတယ်...။

***~~~***

လောကမှာလူတွေရဲ့အကြီးမားဆုံးရန်သူဟာ
မိမိရဲ့အတွင်းစိတ်ထဲက လောဘ၊ ဒေါသ၊ မောဟနဲ့ 
ယုတ်မာတဲ့ သူတော်ကောင်းအယောင်ဆောင်တဲ့မိတ်ဆွေတုပါပဲ...။

***~~~***

ဒီလောကကြီးထဲမှာ ဗာလနံတွေအသက်ရှင်နေစဉ်
အမနာပတွေပြောချင်တာကြိုက်သလိုပြော 
လုပ်ချင်တာကြိုက်သလိုလုပ်ပြီး
သူတို့ ဆွတ်ခူးနိုင်တာ နှစ်ခုရှိတယ်
အဲဒါကတော့ ဗီလိန်ဘွဲ့ နဲ့ အ၀ီစိလက်မှတ်ပါပဲ...။

***~~~***

သူတပါးကိုဒုက္ခပေးရလို့ သူ့ ကိုယ်သူအထင်ကြီးပြီးဘ၀င်လေဟပ်နေတဲ့သူဟာ
အမှန်တော့သူ့ အကုသိုလ်နွံထဲမှာနစ်ပြီးဘ၀ဆုံးနေတဲ့သူပါ...။

***~~~***

ဂုဏ်သိက္ခာရှိတဲ့ဘ၀တခုဆိုတာ 
တည်ဆောက်ရတာအင်မတန်ခက်ခဲပေမယ့်
အဲဒီဘ၀ကိုဖြိုချဖျက်ဆီးပြစ်ဖို့ ကတော့ 
လက်ဖြောင့်တချက်တီးစာပဲကြာပါတယ်...။

***~~~*** 


ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe