Monday, August 20, 2012

Ajahn Siripanno ( သို့ မဟုတ် ) ၂၁ ရာစု သုမေဓာ

 
အချိန်ကာလအားဖြင့်လွန်ခဲ့တဲ့လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းမှာ
သုမေဓာလို့ ခေါ်တဲ့ ကုဋေကြွယ်သူဋ္ဌေးသားဟာ
ဆွေ ခုနှစ်ဆက် မျိုးခုနှစ်ဆက်သူ့ မိဘတွေပိုင်ဆိုင်ခဲ့တဲ့ စည်းစိမ်ဥစ္စာတွေကို
မိဘတွေဆုံးပါးပြီးနောက် အဲဒီချမ်းသာကြွယ်ဝမူ့ တွေကို စွန့် လွှတ်ပြီးရသေ့ဝတ်
သွားပါတယ်...။ နောင်တချိန်သောကာလမှာ သုမေဓာဟာ ဘုရားအလောင်း
သိဒတ္ထမင်းသားဖြစ်လာခဲ့ပါတယ်...။ အဲဒီဘ၀မှာလည်း
 မင်းစည်းစိမ်ကိုစွန့် လွှတ်ပြီး တောထွက်၍ တရားရှာရင်းဖြင့်
အတုနှိုင်းမဲ့တဲ့သဗညုတဘုရားအဖြစ်ကိုရရှိခဲ့ပါတယ်...။
ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလက အလွန်မြင့်မြတ်တဲ့
 ယောင်္ကျားကောင်းတယောက်ရဲ့ အံ့မခန်းဖွယ် ဘ၀အစ မှအဆုံး ပြီးမြောက်အောင်မြင်ခဲ့တဲ့
မဟာဂန္တ၀င်ခရီးလမ်းကြီးပါပဲ...။

 
Ajahn (Sayadaw) Siripanno

ယခု ၂၁ ရာစုမှာ သုမေဓာလို ပါရမီ့ရှင်ယောင်္ကျားကောင်းတယောက်ပေါ်ပေါက်လာပါတယ်...။
သူကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ခုနှစ်ကုဋေထဲမှာ သူ့ ရဲ့ဖခင်ဟာအချမ်းသာဆုံး
လူပေါင်း ၁၀၀ အနက် ၉၃ ယောက်မြောက်နေရာမှာရှိနေတဲ့ ကုဋေကြွယ်သူဋ္ဌေးကြီး
တယောက်ဖြစ်ပါတယ်...။ 
အဲဒီသူဋ္ဌေးကြီးမှာ ရှားရှားပါးပါး သားတယောက်ရှိပါတယ်...။
အဲဒီသားဟာ သူ့ ဖခင်ရဲ့အရိုက်အရာကိုဆက်လက်ခံယူပြီး လောကစည်းစိမ်ချမ်းသာတွေကို
ခံစားမယ်ဆိုရင်ခံစားနိုင်ပါတယ်..။ ဘာသာစကား ရှစ်ခုကို
ကောင်းစွာပြောဆိုတတ်ပြီး အဆင့်မြင့်တဲ့လောကီပညာရပ်တွေကိုအင်္ဂလန်မှာသင်ကြားတတ်မြောက်
ပြီးတဲ့နောက်မှာ သူဟာ သူ့ မိခင်ရဲ့နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ တောတွင်းတနေရာမှာရှိတဲ့
တရားစခန်းလေးတခုမှာ ငြိမ်းချမ်းစွာနဲ့ ရဟန်းဝတ်ပြီး သူ့ ဘ၀ကို ဗုဒ္ခရဲ့သားတော်အဖြစ်ခံယူခဲ့ပါတော့တယ်။

 
Ajahn (Sayadaw) Siripanno သီတင်းသုံးရာ တရားစခန်း
 
 ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေဟာ စွန့် လွှတ်ခြင်းနဲ့ ဘ၀ကိုအစပြုခဲ့ပြီး
စွန့် လွှတ်ခြင်းနဲ့ ပဲဘ၀ရဲ့အမြင့်မားဆုံးကိုဆွတ်ခူးအဆုံးသတ်သွားကြတာတွေ့ ရပါတယ်...။

  ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေအားလုံးဟာ
ချမ်းသာကြွယ်ဝမူ့ တွေ ၊ ရာထူးတွေ ၊ ဂုဏ်ပကာသနတွေကို လိုချင်တက်မက်
ကြလွန်းလို့ ဒါတွေကိုရရှိဖို့ အတွက် သမာတဲ့နည်းလမ်းရော
မသမာတဲ့နည်းလမ်းရော နည်းလမ်းပေါင်းများစွာအသုံးချပြီး
အသက် သွေး ချွေးတွေရင်းလို့  နေ့ တဓူဝ သူတို့ ရဲ့ဘ၀တွေကို
လောဘ ဒေါသ မောဟတွေကြားမှာ မြုပ်နှံ ရုန်းကန်နေကြတာကိုတွေ့ ကြမှာပါ...။
ဘယ်လောက်ပဲချမ်းသာကြွယ်ဝနေပါစေ ဘယ်လောက်ပဲဂုဏ်အရှိန်အ၀ါတွေကြီးမားနေပါစေ
သေလွန်တဲ့အခါမှာတော့ ဘယ်အရာမှကိုယ်နဲ့ အတူ ယူဆောင်သွားလို့ မရဘူးဆိုတာကို
သိနေရက်နဲ့  အဲဒီယူသွားလို့ မရတဲ့အရာတွေကိုပဲ မက်မက်မောမောရှာဖွေနေကြတာပါ...။
ဒီဂုဏ်တွေရလာကြပြန်ရင်လည်း မာနတွေ ဒေါသတွေ အတ္တတွေနဲ့ ထောင်လွှားကြ
ကြွားဝါကြ ပြိုင်ဆိုင်ကြ ပါဝါတွေ အာဏာတွေပြကြ ဖိနှိပ်ကြ ရက်စက်ကြ အနိုင်ကျင့်သတ်ဖြတ်ကြပြန်ပါတယ်...။
ရေပွက်ပမာ တခဏ တာဘ၀လေးမှာပဲ ဆင်သေကောင်ပေါ်နားတဲ့ ကျီးမိုက်လို
သံသရာသမုဒ္ဒယာထဲမြောပါပြီးပြန်လမ်းမရှိဖြစ်နေကြတာပါ...။

 အံ့သြဘွယ်ကောင်းလှတဲ့ ပါရမီ့ရှင်တွေကတော့ ကုဋေပေါင်းများစွာသော
လူသာမာန်တွေလိုချင်တက်မက်ကြတဲ့အရာအားလုံးကိုစွှန့် လွှတ်ပြီး
လောကမှာအမြင့်မြတ်ဆုံးအရာကိုမှလိုချင်တဲ့ ကောင်းမြတ်တဲ့ဆန္ဒအဟုန်တွေရှိတတ်ကြပါတယ်...။
လာခြင်းကောင်းလေစွ...ရခဲလှတဲ့လူ့ ဘ၀ကိုတန်ဘိုးရှိစွာအသုံးချတတ်လေစွ...
သူတော်ကောင်းတရားတွေကိုရှာဖွေကျင့်ကြံတတ်လေစွ...အဖိုးထိုက်တန်လေစွ...
ဗုဒ္ခမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာ လူဖြစ်ရကြိုးနပ်လေစွ...။

 Ajahn (Sayadaw) Siripanno ဟောကြားတဲ့တရားတော်တွေကို
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ အားမျှဝေလိုက်ပါတယ်...။
သူတော်ကောင်းကိုအတုယူလို့ ထိုသူတော်ကောင်းရဲ့နှလုံးသားကို
မိမိတို့ ရင်ထဲမှာပုံတူကူးယူကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

When ignorant people see someone who is old, 
they are disgusted and horrified, even though they too will be old some day. 
I thought to myself:  I don’t want to be like the ignorant people.  
After that, I couldn’t feel the usual intoxication with youth anymore.  

When ignorant people see someone who is sick, 
they are disgusted and horrified, even though they too will be sick some day.  
I thought to myself:  I don’t want to be like the ignorant people.  
After that, I couldn’t feel the usual intoxication with health anymore.
When ignorant people see someone who is dead, they are disgusted and horrified,even though they too will be dead some day.  I thought to myself:  I don’t want to be like the ignorant people.  After than, I couldn’t feel the usual intoxication with life anymore.
(AN III.39) 
  
 Ajahn (Sayadaw) Siripanno ဟောကြားတဲ့တရားတော် Part - 1 



တရားတော် Part - 2



တရားတော် Part - 3

Thursday, August 9, 2012

*~~~အဆိုအမိန့် ဒဿနစကားများ (၂)~~~*




*အတော်ဆုံးလူ*
အခွှင့်အရေးနဲ့ အခွှင့်အလမ်းကို ဘယ်လိုယူရမယ်ဆိုတာကိုသိရင်------လူတော်
အဲဒါထက် အဲဒီအခွှင့်အရေးနဲ့ အခွှင့်အလမ်းကို
ဘယ်အချိန်မှာစွန့် လွှတ်ရမယ်လို့ သိရင်တော့ ပိုတော်တဲ့သူပဲပေါ့။

If you know how does you take the chance, you are the wise man.
Than that of it, you are virtuous if you know when you have to give up the chance.

*~~~~~~~~~~~~~~~~~~*

*လိုအပ်ချက်*
လူတိုင်းမှာအမြဲတမ်း လိုအပ်နေတာ ၂-ခုရှိပါတယ်။
အဲဒါက "သတိ" နဲ့ "သတ္တိ" ပါပဲ။

Everybody needs two things.
These are "caution" and "courage"

*~~~~~~~~~~~~~~~~~~*

*အမြင်*
အဆိုးမြင်ဝါဒက ကံကြမ္မာဆိုးတွေကိုခေါ်လာတတ်ပြီး
အကောင်းမြင်ဝါဒကတော့ ကံကောင်းမူ့ တွေကိုလက်ဆောင်ပါးတတ်ပါတယ်။

 The bad mind can take the bad luck.
Good mind can present the good luck.

*~~~~~~~~~~~~~~~~~~*

*လူကြီးလူကောင်း*
ကိုယ်ပျော်ရွှင်လာပြီဆိုရင် ကိုယ့်ပျော်ရွှင်မူ့ တွေကို
မျှဝေပေးတာဟာ လူကြီးလူကောင်းစိတ်ဓါတ်ပါပဲ။

When you fee happy, you give your happiness to others.
It is the best heart of the gentleman.

*~~~~~~~~~~~~~~~~~~*

*ဆန်ကြစို့ *
ငှက်တွေတောင်မှ လေကိုဆန်ပြီး ပျံသေးတာ
ငါးတွေတောင်မှ ရေကိုဆန်ပြီးကူးသေးတာ
ဒို့ တတွေလည်း လောကဓံမှန်သမျှဆန်တက်ကြပါစို့ ။

  The birds fly against the wind:
The fish swims against water;
Let's go up against them,
That of good and bad of ours.

*~~~~~~~~~~~~~~~~~~*

 *သမိုင်း*
ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတိုင်း အားလုံးမမှန်နိုင်ပါဘူး၊
နှောင်းလူတွေ မှတ်တမ်းတင်မှသာ မှန်နိုင်တာပါ။

You write your own history, but all could not be right.
It will be right when the newcomers accept and noted.

*~~~~~~~~~~~~~~~~~~*

*ခွှင့်လွှတ်*
အရာအားလုံးကို များများသိခြင်းဟာ
များများခွှင့်လွှတ်နိုင်ခြင်းရဲ့အကြောင်းပါပဲ။

Wide knowledge is the
basic cause of forgiveness.

*~~~~~~~~~~~~~~~~~~*

*တန်ဘိုးဖြတ်စရာ*
သူ့ ပတ်ဝန်းကျင်ကိုသူဘယ်လောက်အကျိုးပြုသလဲဆိုတာနဲ့ 
လူ့ တန်ဘိုးကိုဖြတ်ရတယ်။

 The value of the person is studied by looking for his work 
for the common good of his environment.

*~~~~~~~~~~~~~~~~~~*

*မရှင်းမလင်း*
အမှတ်မထားတဲ့သူနဲ့ မပြတ်သားတဲ့သူဟာ
နောင်အခါမှာ မရှင်းမလင်းဖြစ်တတ်တယ်။

He who is not recognizable,
he who is not exact, may be faced with difficulties in the future.

*~~~~~~~~~~~~~~~~~~*

 *တကိုယ်တော်*
သတ္တိအရှိဆုံးဖြစ်ချင်ရင် တယောက်တည်းပဲရပ်တည်ပါ။
အမြန်ဆုံးခရီးရောက်ချင်ရင် တယောက်တည်းပဲသွားပါ။

If you want to be courageous person stand alone.
If you want to travel quickly go alone.

*~~~~~~~~~~~~~~~~~~*

 *လူတွေဟာ*
ကြောင်းကျိုးဆင်ခြင်ဥာဏ်မရှိကြတဲ့အပြင်
အတ္တ မာနစိတ်လည်း ကြီးမားလွန်းကြပါတယ်။
ဒါပေမယ့်...မေတ္တာထားလိုက်ပါ...။

Human beings are supercilious with pride.
But, love them.

*~~~~~~~~~~~~~~~~~~*

*မေ့ပါ*
ခွှင့်လွှတ်ပေးလိုက်တာကောင်းပါတယ်၊
မေ့လိုက်တာကတော့ အကောင်းဆုံးပေါ့။

Forgiveness is good.
Forgetting is the best.

*~~~~~~~~~~~~~~~~~~*

*အောင်မြင်မူ့ *
အောင်မြင်မူ့ ဆိုတာ စွမ်းဆောင်ရည်သက်သက်ပါပဲ၊
ဒါဟာပိုင်ဆိုင်မူ့ မဟုတ်ပါဘူး...။
ပိုင်ဆိုင်မူ့ မှန်သမျှဟာ ရရှိမူ့ သက်သက်ပါပဲ၊
ဒါဟာအောင်မြင်မူ့ မဟုတ်ပါဘူး။

Success is merely the ability: It is not the possession;
Every possession is only the reception, It is not the Success.

*~~~~~~~~~~~~~~~~~~*

*ပေးပါတွေးပါ*
ကိုယ်ကပဲပေးနိုင်ဖို့ တွေးပါ၊
သူများဆီကလက်ဖြန့် တောင်းဖို့ မတွေးပါနဲ့ ၊
ကိုယ်ကပဲကူညီဖို့ တွေးပါ၊
သူများကကူပံ့မှာကိုမစောင့်ပါနဲ့ ၊
ကိုယ်ကပဲပြုံးပြဖို့ တွေးပါ၊
သူများရယ်စရာပြောမှာကိုမမျှော်လင့်ပါနဲ့ ။

Think of giving to others.
Do not think of getting from others.
Think of helping to others.
Do not wait for help from others.
Think of smiling to others.
Do not wait for humorous talk from others.

*~~~~~~~~~~~~~~~~~~*

*မကူညီသူ*
အမြင့်တက်ဖို့ မကူညီတဲ့မိတ်ဆွေဟာ
လေးဖက်ထောက်နေတာကိုမြင်ချင်တဲ့သူဖြစ်တယ်။

The helpless friend for your climb,
is the person who wants to see you in trouble.

*~~~~~~~~~~~~~~~~~~*

*လူ့ တန်ဘိုး*
လူတယောက်ရဲ့တန်ဘိုးကိုသိချင်ရင်
သူဘယ်လောက် ပရဟိတလုပ်နိုင်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာတွက်ချက်ကြည့်ပါ။

If you want to know the value of a man,
you measured that how much he is doing for others.

*~~~~~~~~~~~~~~~~~~*

*အချိန်ပို*
သင်အသက် ၅၀ အရွယ်မှာဘာဖြစ်နေမယ်ဆိုတာသိချင်ရင်
ဗေဒင်မကြည့်ပါနဲ့ ...
အချိန်ပိုကို ဘယ်လိုသုံးသလဲ ဆိုတာကိုပဲကြည့်ပါ။

If you want to know your life of fifty years,
you have no need to go to astrologers,
look for yourself how to spent your extra time.

*~~~~~~~~~~~~~~~~~~*

*အမှိုက်*
နေရာလွဲနေရင်
အသုံးမ၀င်တော့ရင်
အမှိုက်ဖြစ်သွားတတ်တယ်၊
သင့်နေရာရောမှန်ရဲ့လား?  အသုံးရောဝင်ရဲ့လား?

If the place is not correct,
If the place is useless, It becomes rubbish.
Is your place correct?  Is your place useful?

*~~~~~~~~~~~~~~~~~~*

 ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ (စစ်ကိုင်း ရွှေဟင်္သာ) ၏
အဆိုအမိန့် ဒဿနများအား ကောက်နှုတ်၍ မျှဝေပါသည်...။