Saturday, August 27, 2011

အကုသိုလ်နဲ့ သံဝေဂ


နေ့ တိုင်းပါပဲ ကမ္ဘာအရပ်ရပ်ကသတင်းတွေကို ကိုယ်ဖတ်မိတယ်...။
ဘယ်နိုင်ငံမှာဘာတွေဖြစ်နေပြီဆိုတာတွေ စစ်ပွဲတွေ သတ်ဖြတ်မူ့ တွေ အနိဋ္ဌာန်ရုံတွေ
နေ့ စဉ်နဲ့ အမျှလူတွေကြားမှာဖြစ်ပေါ်နေတဲ့ ဒုက္ခတွေ မဆုံးနိုင်တဲ့ ပြဿနာတွေ........
သဘာဝဘေးအန္တရယ်တွေကျရောက်လာလို့ ကြောက်လန့် တကြားပြေးလွှားနေရတာတွေ......
ဖတ်ရင်းနဲ့ တရားသံဝေဂရမိပါတယ်...။ လူတွေရဲ့ လောဘ ဒေါသ မောဟတွေကနေ ပေါက်ဖွားလာတဲ့
အကုသိုလ်တွေဟာ လူတွေကိုပြန်နှိပ်စက်နေလိုက်ပုံများ ကြောက်စရာကောင်းလိုက်တာ...။

တနေရာမှာဖတ်မိတဲ့သတင်းတခုကတော့ ရပ်ပြစ်ရှစ်ပါးမှာလူဖြစ်ရတဲ့ဘ၀တွေအကြောင်းပါ...။
ထိပ်လန့် ဖွယ်ရာပါပဲ...
Mozambique နိုင်ငံက အမှိုက်ပုံကြီးတခုထဲမှာ ရှာဖွေစားသောက်ပြီးအသက်ရှင်ရပ်တည်နေကြတဲ့
လူတွေအကြောင်းပါ...။ အဲဒီထဲမှာမှ အောက်ကစာကြောင်းလေးကိုဖတ်မိပါတယ်...။

"The hardest to witness was when there were two women eating a dead dog's head that was already decomposing and raw," he said.

( အဆိုးဆုံးမြင်တွေ့ လိုက်ရတဲ့မြင်ကွင်းကတော့ အမျိုးသမီးနှစ်ယောက်က ပုတ်ပွနေတဲ့ ခွေးသေကောင်
ပုတ်ရဲ့ခေါင်းကို အစိမ်းလိုက်ကြီးစားနေကြတာပါပဲတဲ့ )

သြော်...လောကငရဲ ကြောက်စရာ ထိတ်လန့် တုန်လှုပ်စရာကောင်းပါတယ်...။

လူမူ့ ရေးနယ်ပယ်ကကြည့်မယ်ဆိုရင် ဒါဟာနိုင်ငံတနိုင်ငံဆင်းရဲလို့ လူတွေအခုလိုဒုက္ခရောက်နေကြတာ
လို့ ထင်မြင်ယူဆကြမှာပါ...။ သို့ သော်လည်း ဘာသာရေးရူ့ ထောင့်ကကြည့်မယ်ဆိုရင်တော့
ဒါဟာရပ်ပြစ်ရှစ်ပါးမှာလူသွားဖြစ်ရတဲ့ဘ၀ပါပဲ...။ ဘာကြောင့်အခုလိုဖြစ်ရလဲဆိုရင် ကိုယ်ပြုခဲ့တဲ့အကုသိုလ်
ကံကကိုယ်နဲ့ ထိုက်တန်တဲ့နေရာ ကိုယ့်ကိုပို့ ပေးလိုက်တာပါပဲ...။ ကုသိုလ်တရားတွေ ပြုခဲ့ရင်လည်း
ဒီကုသိုလ်နဲ့ ထိုက်တန်တဲ့ဘ၀ကို ရောက်ရတာပါပဲ...။ အရာအားလုံးဟာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံ
တွေကကိုယ့်ဘ၀ကိုဖန်တီးသွားတာပါ...။ ဒါကြောင့်မို့ လည်း မေတ္တာ ကရုဏာနဲ့ 
ကျေးဇူးအနန္တကြီးမားတော်မူတဲ့ဘုရားရှင်က ဒီလိုဘ၀တွေကို မခံစားရအောင် မမေ့မလျှော့မပေါ့မဆတဲ့
သတိတရားနဲ့ ကုသိုလ်ကောင်းမူ့ တွေကိုပြုလုပ်ကြပါလို့ သတ္တ၀ါတွေကိုအရေးတကြီးမှာခဲ့တာနေမှာပါ။

*ရပ်ပြစ် ၈-ပါး*

  1. ငရဲ၌ ဖြစ်ရခြင်း
  2. တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
  3. ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
  4. ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့် အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
  5. ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
  6. ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍ တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
  7. ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
  8. တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌ လူဖြစ်ရခြင်း။

ဓမ္မမိတ်ဆွေအပေါင်း ကုသိုလ်တရားပွားများနိုင်ကြပါစေ...
အကုသိုလ်အပေါင်းမှကင်းဝေးနိုင်ကြပါစေ...


Life in 'trash Land'


Thursday, August 25, 2011

“ရဝေနွယ်အသစ်”(၃)


“ရဝေနွယ်အသစ်”(၃)

ရဝေနွယ်(အင်းမ)

“ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက”

အမှန်ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါတကယ်ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ်မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။

ရဟန်းလည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်းဖြစ်ပြီး “ဒီအကုသိုလ်မျိုးတွေ ဝင်လာရပါ့မလား”ဆိုပြီး တွေးရင်းတွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင်သမျှ စုထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်း တွေကိုလည်း ချစ်တဲ့ စာဖတ်သူတွေဆီကို ရေးပို့နေဦးမှာပါ။

အဲဒီလို အကုသိုလ်စိတ် ဝင်လာလို့ စိတ်ဆင်းရဲရပြီ ဆိုရင် ကိုယ့်ကိုယ်ကို တရားပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စကားလေးပါ။ အဲဒီစကားလေးကို ထပ်ကာ ထပ်ကာ ရွတ်နေလိုက်ရင် စိတ်က သက်သာသွားတာ များပါတယ်။

အခုတလော တရားပွဲတွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီးသားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘော ကျတာပါ။

ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယတစ်ယောက် ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက် လည်းဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေးလုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။

“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာ ဘာပဲဖြစ်နေ ဖြစ်နေမှာ နှစ်ပိုင်း ရှိပါတယ်။ ကိုယ်ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိက၊ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါ။

ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်း ရှိမယ်။ လူမှုရေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်၊ အလုပ် အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာ လည်းရှိမယ်။ ရာထူးဌာနန္တရ အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါပဲ။

နောက်တစ်ပိုင်းက သူများ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့က အဓိကပါ။ သူများတွေ ဘယ်လို အခြေအနေ အနေအထားတွေပဲ ရောက်နေရောက်နေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါပဲ။

ဒီနေရာမှာ သူများဘာပဲဖြစ်နေ ဖြစ်နေ ကိုယ်တရားအားထုတ်ဖို့အဓိက ဆိုတော့“နည်းနည်းများ အတ္တဆန် မနေဘူးလား” လို့ မေးစရာရှိပါတယ်။ “ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိက ဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့ အတိုင်း ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာက အဓိကပါ။

တရားအားထုတ်နေစဉ် ကာလမှာ အားလုံးကို ဥပေက္ခာ ပြုထားရမှာပါ။ ဒီတော့ ကိုယ်တရား အားထုတ်နေစဉ် ကာလမှာ ကိုယ့်ခင်ပွန်း ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ၊ ကိုယ့်ဇနီးကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့် သားသမီး ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ဥပေက္ခာပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာပြုထားရမှာပါပဲ။

ဘာပဲဖြစ်နေဖြစ်နေ တရားအားထုတ်နေရင် ဘဝက အဓိပ္ပါယ် ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန် တည်ဆောက်တဲ့နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာတရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက် ရမှာပါပဲ။ ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာ တချို့က အားထုတ်လို့ ကောင်းတာလည်းရှိမယ်၊ အားထုတ်လို့ မကောင်း တာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုးရှိပါတယ်။

(၁) တရားရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်း အတွေ့နှေး တယ်၊ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါဒန္ဓာ ဘိညာလို့ ခေါ်ပါတယ်။

(၂) တရားရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာလို့ ခေါ်ပါတယ်။

(၃) တရားရှုမှတ်တဲ့ အခါမှာတော့ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာလို့ ခေါ်ပါတယ်။

(၄) တရားရှုမှတ်တဲ့ အခါမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန် တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကိုကျတော့ သုခါပဋိပဒါခိပ္ပါဘိညာလို့ ခေါ်ပါတယ်။ တရားရှုမှတ်တဲ့နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲ ဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။

၁။ အတိတ်တိတ် ဘဝတွေက သမထလည်း အားမထုတ်ခဲ့ဖူးဘူး။ ဝိပဿနာ လည်းအားမထုတ်ခဲ့ ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။

၂။ အတိတ်တိတ်ဘဝတွေက ဝိပဿနာ တရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ်ခဲ့ဖူး ဘူးဆိုရင် တရားရှုမှတ်တဲ့အခါ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။

၃။ အတိတ်တိတ် ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ တရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရားရှုမှတ်တဲ့ အခါ ချမ်းချမ်းသာသာ လွယ်လွယ် ကူကူတော့ ရှုမှတ်ရတယ်။ တရားကျတော့ အတွေ့ နှေးတတ်ပါတယ်။

၎။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ လည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။

ဒီသဘောတွေ သိထားတော့ တရားအားထုတ်တဲ့ အခါ အခက်အခဲ တွေ့ရပေမယ့်ဘာမှ စိတ်ပျက် အားငယ်စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူးရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝ တွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက်အပံ့ကောင်းတွေ ရသွားတော့ တာပါ။

တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊ စေတီတွေ၊ တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဝီရိယရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင် ဝီရိယ ရှိကြတဲ့သူတွေပါ။ ပြောရရင် သမထနဲ့ပဲ လမ်းဆုံးနေတာပါ။ အဲဒီဝီရိယ တွေနဲ့ သမထက တစ်ဆင့် ဝိပဿနာ ဘက်ကူးသွားနိုင်ရင် သိပ်ကောင်းတာပါ။ ဝီရိယကရှိပြီးသား ဆိုတော့ ဝိပဿနာ တရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိက သမထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။

ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ” ဆိုပြီး သမထကို လျှော့ချမထားရပါဘူး။ တရားအားထုတ်တဲ့ အခါ ဝိပဿနာ တရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ် နေရမယ်လို့ မဆိုပါဘူး။ တရားအားထုတ်တယ် ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရားအားထုတ်ရင်းနဲ့ စိတ်ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာတတ်ပါတယ်။ စာမှာတော့ အဲဒီလို အခါမျိုးမှာ ဝိပဿနာ တရားကို ခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ်ရမယ်လို့ ဆိုပါတယ်။ စာမှာ ဥပမာ ပေးထားတာကတော့ စစ်သားတစ်ယောက်ဟာ စစ်တိုက်လို့ မောပန်းလာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမောပြေတဲ့အခါ အားအင်တွေ ပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရားအားထုတ်နေတဲ့ ယောဂီဟာလည်း ဝိပဿနာတရား အားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့ လာရင် စစ်သားဟာ ကတုတ်ကျင်းထဲ ပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာတရားကို ခဏရပ်ပြီး သမထကို ပြန်အားထုတ်ပါတဲ့။ သမထ အားထုတ်လို့ စိတ်ပြန်ကြည်လင် လာပြီဆိုမှ ဝိပဿနာ တရားကို ပြန်အားထုတ်ပါတဲ့။

ဒီအဋ္ဌကထာ အဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာ အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏ ရပ်ထားပြီး သမထကို ပြန်အားထုတ်ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။ ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင် လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညို တာလည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်းတွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့ တာတွေနဲ့လည်း ဆိုင်နေပါတယ်။ အကုသိုလ် ကိုတွေးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ် ကိုတွေးရင် အကုသိုလ် ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေး နေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။

ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကို မကြည်ညို ဘူးဆိုရင် အသစ်ပြန် တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာ တရားနဲ့ ပြန်တည်ဆောက်တာ အကောင်းဆုံးပါပဲ။ လောကမှာ ဝိပဿနာ ထက်ကောင်းတာ ဘာမှ မရှိတော့ပါဘူး။ ဝိပဿနာ အားထုတ်ရင် သီလကလည်း တွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများ သိထားပြီဆိုတော့ ဝင်လာတဲ့ အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခု နဲ့ ပယ်ပစ်ရုံပါပဲ။

ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ်ပြန် တည်ဆောက် လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ် သွားပါလိမ့်မယ်။ ဘာပဲဖြစ်နေဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့အတိုင်း တရားသာ အားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။

ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။

“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”

ရဝေနွယ်(အင်းမ)

ဆရာတော်၏ဓမ္မဆိုဒ်သို့ ...




Thursday, August 18, 2011

ကံကံ၏အကျိုး


ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။

ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။

ကမ္မပစ္စယောတိ-

“ ကုသလာ ကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)

“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (သဟဇာတ ကမ္မ)

ကုသိုလ် အကုသိုလ် စိတ်နဲ့ ယှဉ်သော စေတနာတို့သည် ဖြစ်ပြီး ချုပ်ပျောက်ရသော သဘောရှိသည်။ ထိုသို့ ချုပ်ပျောက်သည့်တိုင် ပြီးပြီးပျောက်ပျောက် ဘာမျှ မထားခဲ့သည်မဟုတ်။ ကမ္မသတ္တိ တစ်ခု ချန်ထားခဲ့လေ့ရှိသည်။ ၄င်း ကမ္မသတ္တိသည် ကံပြုဆဲအခိုက်တွင် အကျိုး မပေး။ ခဏခြား၍သော်လည်းကောင်း ဘ၀ပေါင်းများစွာခြား၍သော်လည်းကောင်း အကျိုးဝိပါတ်အနေဖြင့် နာမ်ခန္ဓာ ၄ ပါးနှင့် ကမ္မဇရုပ်များကို ဖြစ်စေပါသည်။ ယင်းကံများကို နာနာက္ခဏိကကံ များဟုခေါ်သည်။ လက်ရှိပြုဆဲ ကုသိုလ် အကုသိုလ် စေတနာတွေကြောင့် ၄င်းနှင့်ယှဉ်ဘက် စိတ်စေတသိတ်များနှင့် စိတ္တဇရုပ်များ တစ်ပြိုင်တည်း ဖြစ်ပေါ်ခြင်းသည် သဟဇာတကံ ၏ အကျိုးဖြစ်သည်။

နာနာက္ခဏိကကံများကို အမျိုးအစားခွဲလျှင် ၃ မျိုးတွေ့ရမည် ဖြစ်ပါသည်။

(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ။ ကုသိုလ် အကုသိုလ်ပြုခိုက် ပေါ်သော ဇော ၇ ချက်အနက် ပထမဇောစေတနာကြောင့် ပေါ်လာသော ကံဖြစ်သည်။ အကျိုးပေးရန် အားအနည်းဆုံးကံ ဖြစ်သည်။ လက်ရှိဘ၀ (ပထမဘ၀)တွင် ကံပြုပြီးသည်နှင့် ချက်ချင်း အကျိုးပေးသည်။ အကယ်၍ အကျိုးပေးခွင့် မရလျှင် “အဟောသိကံ” ဖြစ်သွားသည်။ ဘယ်သော်အခါမျှ အကျိုးမပေးတော့ပေ။ ဘုရား၊ ရဟန္တာများ၊ ဖလသမာပတ်ဝင်စားပြီး အလွန်စင်ကြယ်သော ပုဂ္ဂိုလ်များ စင်ကြယ်သော ပစ္စည်းပေးလှူပါက ချက်ချင်းသူဌေးဖြစ်အောင် အကျိုးပေးသည်။ ဥပမာအာဖြင့် ဘုရားရှင် လက်ထက်တော်က “မဟာဒုဂ်”၊ “ကာက၀လ္လိယ” တို့ ဖြစ်သည်။ ယခုခေတ် အခါတွင် ၄င်းပထမဇော စေတနာ၏ အကျိုးပေးစရာ မရှိတော့ဘူးလားဟု မေးလျှင် အကျိုးပေးပါသည်ဟု ဆရာတော် အရှင်ဇနကာဘိဝံသက ဖြေကြားထားပါသည်။ သို့သော် အလွန် အားနည်းလွန်း၍ မသိသာ မထင်ရှားခြင်းဖြစ်သည်။ အတိတ်ကံဖြင့် ပေါင်း၍ အကျိုးပေးတတ်သည်။ ဆရာတော် အရှင်ဇနကာ ဘိဝံသ၏ အခြေပြု ပဌာန်းကျမ်းတွင် မြောင်းထဲတွင် သာမန်စီးနေသောရေသည် အားပျော့သည် တွန့်ဆုတ်တွန့်ဆုတ်ရှိသည်။ အကယ်၍ မိုးရွာချလိုက်သောအခါ မိုးရေနှင့်အတူ ပေါင်းပြီး ဒလဟော စီးသွားသကဲ့သို့ဟု ဥပမာပေးထားပါသည်။

(၂) ဥပပဇ္ဖဝေဒနိယကံ။ ရှေ့ကပ်လျက် ဒုတိယဘ၀တွင် အကျိုးပေးမည်ကံ ဖြစ်သည်။ ဇော ၇ ချက်အနက် သတ္တမမြောက်ဇောစေတနာသည် ရှေ့လာမည့်ဘ၀ ပဋိသန္ဓေအကျိုးပေးသည်။ အကျိုးပေးခွင့် မရလျှင် အဟောသိကံဖြစ်သွားသည်။ ဇော ၇ ချက်တွင် အားအကောင်းဆုံး အကျိုးပေး အထက်မြက်ဆုံးသော စေတနာဖြစ်သည်။ ကောင်းမှုအကျိုးပေးလျှင် လူချမ်းသာဘ၀ နတ်ချမ်းသာဘ၀ကို ရောက်စေသည်။ အကုသိုလ် အကျိုးပေးလျှင်လည်း အပါယ်ငရဲသို့ ရောက်စေသည်။ ကျန်ဇောစေတနာများလို လက်ရှိဘ၀အတွင်း ချမ်းသာဆင်းရဲ အကျိုးလောက်ပေးခြင်း မဟုတ်။ လူ့ဘ၀မှ နတ်ဘ၀သို့လည်းကောင်း၊ လူ့ဘ၀မှ တိရိစ္ဆာန်ဘ၀သို့လည်းကောင်း ဘ၀အသစ်ကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။ အကုသိုလ်စိတ်ကြောင့် သတ္တမဇော အကျိုးပေးပုံကို ဆရာတော် အရှင်ဇနကာဘိဝံသက အရှင်သာရိပုတ္တရာကိုယ်တော်ကြီး ခေါင်းရိတ်စ ကတုန်းပြောင်နေသည်ကို နန္ဒဘီလူးက ခေါင်းခေါက်ချင်စိတ် ဖြစ်လာပြီး ခေါက်လိုက်မိရာ ဘီလူးဘ၀မှ ချက်ချင်းစုတေပြီး အ၀ီစိသို့ တိုက်ရိုက် ဆင်းသွားတော့သည်ဟု ဥပမာပေး ဟောကြားထားသည်။ ခေါင်းခေါက်လိုက်သည်နှင့် ပထမဇောကြောင့် စုတေပြီး သတ္တမဇောကြောင့် အ၀ီစီတွင် ငရဲ ပဋိသန္ဓေအကျိုးပေးသည်။ ထိုသို့ လက်ရှိဘ၀တွင် ကံအမှုပြုတိုင်း ဖြစ်ပေါ်သော သတ္တမဇောများအနက် တစ်ခုသော သတ္တမဇောကြောင့် ဖြစ်သောကံက ပဋိသန္ဓေအကျိုးပေးလိုက်သည်နှင့် ကျန်သတ္တမဇောကြောင့် အကျိုးမပေးရသေးသော ကံအားလုံး အဟောသိကံ ဖြစ်သွားတော့သည်။

(၃) အပရာပရိယဝေဒနိယကံ။ မျက်မှောက်ဘ၀နှင့် ရှေ့ ဒုတိယဘ၀များမှ လွဲ၍ ကျန်ဘ၀ပေါင်းများစွာ သံသရာမှ မထွက်မချင်း အခွင့်သာသလို အကျိုးပေးမည့်ကံကိုခေါ်သည်။ ဇော ၇ ချက် အနက် အလယ်ဇော ၅ ချက် ချုပ်ပျောက်ပြီး ချန်ထားရစ်ခဲ့သော ကံများ ဖြစ်သည်။ အများပြောသည့် အတိတ်ကံများသည် အတိတ်ဘ၀များစွာက ကံပြုစဉ်ဖြစ်ပေါ်ခဲ့သော အလယ်ဇော ၅ ချက်၏ နာနာက္ခဏိက ကမ္မသတ္တိများဖြစ်သည်။

ရှေ့ဘ၀ပေါင်းများစွာက ပြုခဲ့သော ပုညာဘိ၊ အပုညာဘိ သင်္ခါရများ ပြုပြီးတိုင်း ချန်ထားခဲ့သည့် နာနာက္ခဏိက ကံကြောင့်ဖြစ်သော စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းသည် ၀ိပါက၀ဋ် လည်ခြင်းဖြစ်ပြီး သဟဇာတကံကြောင့် စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းကို ကမ္မ၀ဋ် လည်ခြင်းဖြစ်ပါသည်။ ထိုသို့ အတိတ်အကျိုး ရုပ်နာမ်ခန္ဓာများပေါ် အခြေခံပြီး ပစ္စုပ္ပန် အကျိုးရုပ်နာမ်ခန္ဓာများက ကောင်းမှု မကောင်းမှုကို ဆောင်ရွက်စေရန် ညွှန်ကြားနေသူမှာ အခြားမဟုတ် အ၀ိဇ္ဖာ၊ တဏှာဦးဆောင်သော ကိလေသာ အပေါင်းအဖော်များပင် ဖြစ်သည်။ အာရုံနှင့် ဒွါရတိုက်တိုင်း ယင်းတို့ ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ခြင်းကို ကိလေသ၀ဋ် လည်ခြင်းဟု ခေါ်သည်။

အတိတ် ဘ၀ပေါင်းများစွာကတည်းက အမှန်မသိမှု အ၀ိဇ္ဖာကြောင့် ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ခန္ဓာစဉ်ကို ငါ့ကိုယ် ငါ့ဟာဟု လွဲမှားစွာ စွဲလမ်းခဲ့သည့် တဏှာသည် ဘ၀တိုင်း ဘ၀တိုင်းတွင် စဉ်ဆက်မပြတ် အစားထိုးသွားသော ရုပ်နာမ်ခန္ဓာတိုင်းတွင် အနုသယသဘော ဗီဇသဘောနှင့် ပါလာသည်။ အတိတ်အကျိုးကို အနာဂတ် အကြောင်းဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သော မောင်းနှင်အား ဖြစ်ပါသည်။ အကယ်၍ ရုပ်နာမ်ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တရားကို နားလည်သဘောပေါက်သော အသိဉာဏ်ဖြစ်ပေါ်လာလျှင် ပဲ့ကိုင်ကောင်းသော လှေတစ်စင်းလို လိုရာခရီးရောက်အောင် ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ်လျှင်ကား ပဲ့ကိုင်မရှိသော လှေတစ်စီးကဲ့သို့ ပရမ်းပတာ သွားချင်ရာသွားပြီး သံသရာ ၀ဲသြဃတွင် ဆုံးဆုံးမြုပ်ပေလိမ့်မည်။

ဤနေရာတွင် ရုပ်နာမ်ခန္ဓာကို အသက်ကောင် ၀ိညာဉ်ကောင်ဟုယူဆပြီး ရှေ့ဘ၀က ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းကံ မကောင်းကံများကို လက်ရှိဘ၀တွင် ၄င်းဝိညာဉ်ကောင် ကိုယ်တိုင်ကူပြောင်းရောက်ရှိလာပြီး အကျိုးခံစားသည်ဟု မြင်လျှင် သဿတဒိဌိ ဖြစ်ပါသည်။ ထိုသို့မဟုတ် ယခင်ဘ၀က ၀ိညာဉ်ကောင်ကသတ်သတ် ယခုဘ၀ ၀ိညာဉ်ကောင်က သတ်သတ်၊ ယခင်ဘ၀ ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းမှု မကောင်းမှုကံများကို ယခုဘ၀ ၀ိညာဉ်ကောင်က ခံစားရသည်ဆိုလျှင် ဥစ္ဆေဒဒိဌိ ဟု ဆိုရပေမည်။

ရုပ်နာမ်ခန္ဓာတို့သည် ခဏမဆဲ ဖြစ်လျက် ပျက်လျက်သာရှိသည်။ ထိုရုပ်နာမ်ခန္ဓာတို့ကို သာသနာပအယူကဲ့သို့ ဘ၀များစွာပြောင်း၍ မြဲနေသည့် ၀ိညာဉ်ကောင်သည်ဟု၍ လည်းကောင်း၊ ဘ၀တစ်ခုစီအတွင်းမြဲသည့် သီးခြားစီဖြစ်သော ဘ၀တစ်ခုဝိညာဉ်တစ်ခုဟုလည်းကောင်း မမှတ်ယူသင့်ပေ။ ရုပ်နာမ်ခန္ဓာတို့သည် မွေးရာမှ သေသည်အထိ စက္ကန့်မလပ် အသစ်အသစ်များ အစားထိုးနေသည်ဟု ရှုမြင်ရမည်။ ထိုသို့ အသစ်အသစ်အစားထိုးရာတွင် ဖြစ်ချင်သလို ဖြစ်နေသည်လည်းမဟုတ်၊ အကြောင်း ကံ ကောင်းခြင်း ဆိုးခြင်းပေါ် မူတည်၍ အကျိုးရုပ်နာမ်များ အကောင်းအဆိုးဖြစ်လျက် အသစ်အသစ်များ အစားထိုးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု ရှုမြင်သုံးသပ်ခြင်းတတ်သည့် ကမ္မဿကတာသမ္မာဒိဌိဉာဏ် အမြင်ရှိရန် လိုအပ်ပါသည်။ ၄င်းဉာဏ်အမြင်ကို ဗုဒ္ဓဘာသာဝင်များအဖို့ တရားနာခြင်း၊ ဆရာသမားတို့ ဆိုဆုံးမမှုဖြင့် အောက်ဆုံးထစ် မှန်းဆသိမြင်ထားသင့်ပါသည်။ ထို့ထက်ပို၍ ရုပ်နာမ်ခန္ဓာတို့၏ ကြောင်းကျိုးဆက်နွယ်နေသော သဘောတရားကို နာမရူပပဋိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက်သိမြင်ရာမှ ရရှိလာသော ကမ္မဿကတာသမ္မာဒိဌိ ဉာဏ်ဆိုလျှင်ကား အထူးဆိုဖွယ်ရာမရှိပေ။ ၄င်းခန္ဓာဉာဏ်ရောက်အမြင် ရှေ့သွားလျက် ကောင်းမှုပြုလျှင် အကျိုးဖြစ်ရာဘ၀၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်သည်ဟု ဖားအောက်ဆရာတော်ကြီး၏ကျမ်းတွင် ဖော်ပြထားပါသည်။

အထက်တွင် ဖော်ပြခဲ့သလို နာနာက္ခဏိကကံသည် အတိတ်မှာ ပြုခဲ့သောကံ ဖြစ်သဖြင့် မိမိစိုက်ခဲ့သော အပင်၏ အသီးကို မိမိမစားချင်လို့ မရ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယခု ဘ၀တွင် လက်ခံရတော့မည်။ လက်ရှိဘ၀တွင် ရုပ်အဆင်း လှခြင်း မလှခြင်း၊ အသက် ရှည်ခြင်း တိုခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ခြွေရံ များခြင်း၊ နည်းခြင်း၊ စသည်တို့မှာ ဘ၀ပေါင်းများစွာက စိုက်ခဲ့သော အပင်၏ အသီးများ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကုသိုလ်ကံအကျိုးပေးတော့မည် အကုသိုလ်ကံအကျိုးပေးတော့မည်ကို သာမန်လူတို့အဖို့ ကြိုတင်သိရှိရန် မလွယ်ကူပေ။ မိမိလုပ်နိုင်သည်မှာ လက်ရှိ ပစ္စုပ္ပန်အခိုက်တွင် သဟဇာတကံများကို ကောင်းမှုများသာ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ ယောနိကော မနသိကာရ သင့်တင့်စွာနှလုံးသွင်းပြီး ၀ီရိယ၊ ဉာဏ်အားစိုက်ထုတ်ကာ ကောင်းမှုများကို ပျိုးထောင်နေခိုက်တွင် အရိပ်သဏ္ဍန်လိုက်နေသော အကုသိုလ်တို့ အကျိုးပေးခွင့် မသာဖြစ်ရသည်။ အကျိုးပေးဦးတော့ အကုသိုလ်အသေးစားလေးတွေသာ အခွင့် သာတော့သည်။ အကယ်၍ ပစ္စုပ္ပန် ကောင်းမှု သဟဇာတကံများ အားကြီးခိုက်တွင် အတိတ်က အကုသိုလ်ကံများလုံးဝ အကျိုးပေးခွင့် မရသေးပဲ အတိတ်ကုသိုလ်ကံများသာ အုံနဲ့ကျင်းနဲ့ ထပ်လောင်း အကျိုးပေးဖို့ အခွင့်သာ သွားနိုင်သည်။

လောကတွင် မကောင်းမှုများလုပ်ရင်း ချမ်းသာနေသူများရှိသလို ကောင်းမှုလုပ်နေသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေသူများလည်း တွေ့ရပေမည်။ ယင်းမှာ အတိတ် ကုသိုလ် အကုသိုလ်ကံ အကျိုးပေး အားကြီးနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် အရာရာကို အတိတ်ကံကိုချည်း ယိုးမယ်ဖွဲ့နေ၍လည်း မဖြစ်။ ပစ္စုပ္ပန်အားထုတ်မှုက အကျိုးရလါဒ်ကို အနည်းနှင့်အများ ပြောင်းလဲစေနိုင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အတိတ်က အကုသိုလ်ကံ အကျိုးပေးလာခိုက် ပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနိယ ကုသိုလ်ကံက အားနည်းပင် နည်းငြားသော်လည်း အကျိုးပေးမည့် အကုသိုလ်ကံ ချိနဲ့ သွားနိုင်သလို အတိတ်က ကုသိုလ်ကံ အကျိုးပေးခိုက်ကြုံလျှင်လည်း ရေမြောင်းတွင်းမှ ရေများ မိုးရေးနှင့်ရော၍ ဒလဟောစီးသလို ကုသိုလ်ကံ အကျိုးပေးက အားမောင်းသန်ဖြစ်လာမည်ကို သတိချပ်သင့်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် ကံ၊ကံ၏အကျိုးပေးပုံကို ကမ္မဿကတာသမ္မာဒိဌိဉာဏ်ဖြင့် ကျကျနန သိရှိထားပါက ဤလောကီလူ့ဘောင်၌ နေ့တစ်ဓူဝ ဆောင်ရွက်သမျှ ကိစ္စအ၀၀တွင် ယောနိကော မနသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း)ဖြင့် ကောင်းမှု အစုစု နေ့စဉ်ပြုကြရင်း လောကဓံ အကောင်းအဆိုးတို့ ရိုက်ခတ်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်သော ကလျာဏပုထုဇဉ်များ မလွဲဧကန် ဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။
(အရှင်တေဇနိယ)

Monday, August 15, 2011

The Lumbini project: China's $3bn for Buddhism




Former Nepalese King Gyanendra walks on the red carpet in Lumbini along with Queen Komal Raiya Laxmi Devi Shah [Getty]

The town of Lumbini in Nepal is where the Buddha was born as Prince Gautama Siddhartha, before achieving enlightenment more than 2,500 years ago.

Now China is leading a project worth $3bn to transform the small town into the premier place of pilgrimage for Buddhists from around the world. Little Lumbini will have an airport, highway, hotels, convention centre, temples and a Buddhist university. That's in addition to the installation of water, electricity and communication lines it currently lacks.

That's a lot of money anywhere - but especially for a country like Nepal whose GDP was $35bn last year. That means the project is worth almost 10 per cent of the country's GDP. So what does China want back?

The organization behind the project is called the Asia Pacific Exchange and Cooperation Foundation (APECF), a quasi-governmental non-governmental organisation. Its executive vice president, Xiao Wunan, is a member of the Communist Party and holds a position at the National Development and Reform Commission, a state agency.

On Friday, APECF held a signing ceremony for the project with the United Nations Industrial Development Organization (UNIDO).

With the backing of the UN, Xiao has said he hopes Lumbini will bring together all three schools of the faith: the Mahayana as practised in China, Japan, and South Korea; the Hinayana as practiced in Southeast Asia; and Tibetan Buddhism.

Indeed, the APECF says it has already received full support from Buddhists representing all three schools. With one exception. Apparently, no one from the Lumbini project has reached out to the Dalai Lama's office.

The Dalai Lama, head of the Gelug, or "Yellow Hat" branch of Buddhism, is spiritual leader to millions of Buddhists around the world. This would make him a top candidate for involvement in the Lumbini project. But he's also China's enemy. Is it even fathomable that China would allow the Dalai Lama to traipse around Lumbini's grounds after building the place at a cost of $3bn?

"It's just not a question we're looking at, for the moment," says Xiao. "We're pulling together experts in finance, investment; we've got economists. Our primary focus is on building infrastructure, setting up running water and electricity. We're focusing on developmental issues."

Indeed, these are early days and a project this size has many dynamics and issues that go beyond the Dalai Lama. As Xiao has acknowledged, it's an investment opportunity. Nepal will need to contract international builders to make this dream a reality. The sheer scale of the investment will give China significant clout, as Chinese construction companies line up for a portion of the $3bn pie.

Xiao's background as a former employee of China's Industrial and Commercial Bank would certainly help facilitate any deals, or at least get the two sides talking. Xiao is also convinced that if he builds it, they will come. Some 500,000 visitors already make the pilgrimage to Lumbini every year. This could balloon to millions of visitors each year when the project is complete.

There are also real benefits for the Nepalese people. Lumbini will become a special development zone, similar to some of China's successful zones such as Shenzhen, with preferential treatment, tax breaks and investment incentives.

Hu Yuandong of UNIDO, which will advise on the creation of the development zone, says the focus of the project is job creation, poverty alleviation and environmental protection.

Xiao has made clear that the $3bn investment is not coming from the Chinese government, but rather from various funds "around the world" - even from the Middle East. But it would be difficult not to see this as a smart move by China and an extension of its soft power.

If not directly piloted by the Chinese government, Lumbini is close enough. It was the first place China's new ambassador to Nepal visited following his appointment this week. And if its creators had no intention of stirring up the political pot, the project has nevertheless alarmed India. Nepal is sandwiched between the two giant countries.

Just this month, the Centre for Air Power Studies, a think tank in New Delhi, warned that Lumbini would "help China achieve its long-term strategic goal of bringing Nepal irrevocably under its influence". The think tank said further that the project would mean that "China will have crossed the Himalayas and established its influence up to the lower foothills bordering India".

There may be little justification for Indian fears, but that doesn't change the fact that they exist.

"This is more significant than it might at first appear because Buddhism has no overarching international structure," says Robbie Barnett, director of the Modern Tibetan Studies Program at Columbia University. "So that makes any initiative by a powerful government to establish some kind of organising structure for the religion more significant than in other religions."

If the project results in undermining the Dalai Lama's influence, while China's political and economic influence in Nepal are built up, then all the better from a Chinese point-of-view.

From an outsider's perspective, there may be a cognitive dissonance about the entire venture. Communist China, officially atheist, is seen deeply involved in a multi-billion dollar religious project. But it could all actually be part of the ideology.

Chinese President Hu Jintao has been promoting a "harmonious society" as part of his socio-economic vision, and some years ago Party officials began to entertain the notion that religion, if carefully managed, could play a positive role in building such a society. Buddhism's historical connection with China made it the likeliest candidate as the contributor.

"It is seen as an indigenous Chinese religion, not a foreign one," says Barnett. "And because it doesn't have a single, institutional structure such as in Catholicism, it's viewed as being less likely to oppose the state."

In that sense, the project is partially a sign China is concerned about the spiritual deficiency of its own population in a country whose ideology is communist, but whose practice has become capitalist.

That would be Lumbini at its best. At worst, Lumbini's goal is to marginalize key Buddhist leaders who challenge Chinese state dominance, and is meant to co-opt the global Buddhist conversation to make it less Tibetan-influenced.

What role, for example, will the university at Lumbini play? Would it offer scholarships for free monastic education to monks around the world? And if so, what would it teach? A Chinese-sanctioned version of Buddhism? Or will monks have the opportunity, as is the tradition in many parts, for spirited theological debates?

In the end, the question does goes back to the Dalai Lama and whether he'd be welcome at Lumbini. An invitiation there would send a signal that the project's intention is strictly religious and even economic - but not political. Shutting the Dalai Lama out of the project would only confirm ulterior Chinese motives.

The signal is mixed. Xiao Wunan himself is a devout Buddhist, who appears dedicated and enthusiastic, along with others around him working on the project. They say they'd like Lumbini to become the Buddhist Mecca.

On the other hand, the Dalai Lama has not been allowed to visit Lumbini since the late 1980s, and the Nepalese government, under pressure from Chinese diplomats, continues to show little tolerance of its Tibetan refugee community.

On the Dalai Lama's birthday last week, Nepalese riot police prevented Tibetans from celebrating, over concerns the gatherings would turn anti-Chinese - perhaps a nod to its $3bn benefactor.

Source:Aljazeera

Sunday, August 14, 2011

*တရားအားထုတ်စဉ်မဂ္ဂင်ကိစ္စ*


မဂ္ဂင်ကိစ္စ

(၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြတ်ပန်းရဂုံတွင် ပါရှိသော ဘိက္ခုသုည၊ ဘားအံ-၏ မဂ္ဂင်ကိစ္စ မေးခွန်းသုံးပုဒ်ကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
မေး။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။
ဝိပဿနာ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သမာဓိမဂ္ဂင် နှင့် ပညာမဂ္ဂင်ငါးပါး ပြည့်စုံလျှင် သီလမဂ္ဂင်သုံးပါးနှင့် ပေါင်းကာ မဂ္ဂင်ရှစ်ပါး ပြည့်စုံရသည်ဟု မှတ်သားရပါသည်။ သီလမဂ္ဂင်သုံးပါး ပေါင်းသည့်ကာလ၊ ပေါင်းသည့်အခြေအနေတို့ကို ရှင်းလင်းစွာ နားမလည်သေးပါ။

ဖြေ။ ။
လမ်းခရီးကို ပါဠိလို မဂ္ဂ-ဟု ခေါ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း ကောင်းမြတ်သော လမ်းစဉ်ဖြစ်သောကြောင့် မဂ္ဂရှစ်ပါး မြတ်တရားကိုလည်း မဂ္ဂ-ဟု ခေါ်ပါသည်။ ထိုမဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း လမ်းစဉ်ကောင်း၏ အစိတ်အပိုင်း အင်္ဂါရှစ်ပါးကို မဂ္ဂ+အင်္ဂ=မဂ္ဂင်္ဂ=မဂ္ဂင်-ဟု ခေါ်ပါသည်။

ထိုမဂ္ဂင်ရှစ်ပါးမှာ
(၁) သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်သော ဉာဏ်အမြင်၊
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်=မှန်ကန်သောအကြံအစည်၊
(၃) သမ္မာဝါစာမဂ္ဂင်=မှန်ကန်သောစကား၊
(၄) သမ္မာကမ္မန္တမဂ္ဂင်= မှန်ကန်သောအလုပ်၊
(၅) သမ္မာအာဇီဝမဂ္ဂင်= မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊
(၆) သမ္မာဝါယာမမဂ္ဂင်= မှန်ကန်သော အားထုတ်မှု လုံးလဝီရိယ၊
(၇) သမ္မာသတိမဂ္ဂင်= မှန်ကန်သော ဆင်ခြင်အောက်မေ့မှု၊
(၈) သမ္မာသမာဓိ= မှန်ကန်သော တည်ကြည်မှု တို့ဖြစ်၏။

ထိုတွင်
(၁) သမ္မာဒိဋ္ဌိ-ဟူသည် သစ္စာလေးပါးကို သိသော ဉာဏ် အမြင်ကို ဆိုလို၏။

(၂) သမ္မာသင်္ကပ္ပ-ဟူသည် ဝတ္ထုကာမ၊ ကိလေသာ ကာမတို့မှ လွတ်မြောက်လိုသောအကြံ၊
သူတစ်ပါးတို့ကို မပျက်စီးစေ လိုသော အကြံ၊ မညှဉ်းဆဲလိုသောအကြံကို ဆိုလို၏။

(၃) သမ္မာဝါစာ- ဟူသည် မုသာ-မိတ်ခွဲ-ဆဲရေး-ပြိန်ဖျင်းဟူသော လေးသင်းသော
ဝစီကံ တို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။

(၄) သမ္မာကမ္မန္တဟူသည် သက်သတ်-ခိုးမှု-ကာမေသုဟူသော
သုံးခုသော ကာယကံတို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။

(၅)သမ္မာအာဇီဝ-ဟူသည် အထက်ပါ ကာယကံသုံးပါး၊ ဝစီကံလေးပါးဟူသော
ဒုစရိုက်ခုနစ်ပါးတို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှုကို ဆိုလို၏။

(၆) သမ္မာဝါယာမ-ဟူသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊
ဖြစ်ပြီးသော အကုသိုလ်တရား တို့ကို ပယ်ရန်၊
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားစေရန်၊
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်ဖြစ်ပွားစေရန် အားထုတ်မှုကို ဆိုလို၏။

(၇) သမ္မာသတိ-ဟူသည် ကိုယ်ကာယ၌ သော်လည်းကောင်း၊
ခံစားမှု၌သော်လည်းကောင်း၊ စိတ်၌သော်လည်း ကောင်း၊
နီဝရဏစသော တရားတို့၌သော်လည်းကောင်း
မိမိစိတ် တည်နေစေရန် မမေ့မလျော့နေခြင်းကို ဆိုလို၏။

(၈) သမ္မာသမာဓိ- ဟူသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို ဆိုလို၏။ ထိုမဂ္ဂင်ရှစ်ပါး မြတ်တရားတို့ကို သဘောတူရာပေါင်း၍ အုပ်စုဖွဲ့သည်ရှိသော်
သီလက္ခန္ဓ (သီလအုပ်စု)၊
သမာဓိက္ခန္ဓ (သမာဓိ အုပ်စု)၊
ပညာက္ခန္ဓ (ပညာအုပ်စု)ဟု သုံးခုဖြစ်လာ၏။

ထိုတွင်
သမ္မာဝါစာ၊
သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ-ဟူသော မဂ္ဂင်သုံးပါးသည်
ရှောင်ကြဉ်အပ်သောကြောင့် ဝိရတီမည်၏။
သီလ သဘောရှိသဖြင့် သီလအစု၌ ရေအပ်သောကြောင့် သီလက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။

သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-ဟူသော မဂ္ဂင်သုံးပါးကို သမာဓိက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။
(သမာဓိသည် မိမိ၏သဘောအားဖြင့် တည်ကြည်မှု မရနိုင်၊
သတိ ဝီရိယတို့၏ အထောက်အပံ့ရမှသာ တည်ကြည်မှု ရနိုင်၏။
ထို့ကြောင့် ဝါယာမ သတိ-တို့ကို လျော်သောအနေအားဖြင့် သမာဓိ၌ သွင်းယူသည်။)

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ-ဟူသော မဂ္ဂင်နှစ်ပါးကို ပညာက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။
(သမ္မာဒိဋ္ဌိ-ဟူသော ပညာသည် မိမိ၏သဘောအားဖြင့်
အနိစ္စ-ဒုက္ခ-အနတ္တဟု အာရုံကို ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ သမ္မာသင်္ကပ္ပ ဟူသော ဝိတက်က အာရုံသို့ ရှေ့ရှုတင်ပေးမှ (ဝါ) အာရုံကို တီးခေါက်ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်၏။

ထို့ကြောင့် ပညာနှင့်တူသော အနေအားဖြင့်
သမ္မာသင်္ကပ္ပကို သမ္မာဒိဋ္ဌိနှင့်အတူ ပညာက္ခန္ဓာ၌ သွင်းယူသည်။

(ပဏ်၊ဋ္ဌ၊ ၁၊၂၆၀။ အဘိ၊ဋ္ဌ၊၂၊၈၅)
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် “ဝိရတီယော ပန တိေဿာပိ လောကုတ္တရ
စိတ္တေသု သဗ္ဗထာပိ နိယတာ ဧကတောဝ လဗ္ဘန္တိ၊ လောကိယေသု ပန
ကာမာဝစရကုသလေသုသွေဝ ကဒါစိ သန္ဒိဿန္တိ ဝိသုံ ဝိသုံ။” ဟူသော သင်္ဂဟပါဠိနှင့်အညီ မဂ်မရမီ ပုဗ္ဗဘာဂမဂ်ဟု ဆိုအပ်သော လောကီဘက်၌ ရှစ်ပါးလုံး တစ်ပြိုင်နက် တစ်ချိန်တည်း မဖြစ်နိုင်ကြကုန်။ အသီးအသီး တပြိုင်နက် တွဲဖက်ဖြစ်ပေါ်နိုင်သမျှသာ တွဲဖက်ဖြစ်ပေါ်နိုင်ကြကုန်၏။
လောကုတ္တရာသို့ ရောက်သောအခါ၌ ကား တပြိုင်နက်
တစ်ချိန်တည်း ရှစ်ပါးလုံး တွဲဖက်ဖြစ်ပေါ်ကြ၏။

သောတာပတ္တိမဂ်၏ ရှေးအဖို့ဖြစ်သော ပုဗ္ဗဘာဂမဂ်၌ကား
ဝိရတီ ဟု ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အာရုံမတူသောကြောင့်
တပြိုင်နက် မဖြစ်နိုင်ကြကုန်။
ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခိုက် သမ္မာဝါစာ သာဖြစ်၍ သမ္မာကမ္မန္တ-စသည် မဖြစ်။

ဤသို့လျှင် သီလမဂ္ဂင်သုံးပါးသည် အချင်းချင်း တစ်ပါးနှင့်တစ်ပါး
အာရုံကွဲပြားသဖြင့် လောကီဘက်၌ တပြိုင်နက် အတူတကွ မဖြစ်နိုင်ကြရုံမက
ဝိပဿနာရှုပွားခိုက်တွင်လည်း အာရုံချင်းမတူသော ကြောင့် ပါဝင်ခြင်းမရှိကြ။ မှန်၏။ ယင်းသီလမဂ္ဂင်သုံးပါးသည် လောကီစိတ်နှင့် ယှဉ်တွဲခိုက် မလွန်ကျူးအပ်သော ဝတ္ထုကို အာရုံပြု၏။ ဝိပဿနာရှုပွားရာတွင်ကား ရုပ်နာမ်ဓမ္မသင်္ခါရတို့ကိုသာ ရှုပွားရသဖြင့် ကျန်မဂ္ဂင်ငါးပါးသာ ဖြစ်ပေါ်ကြ၏။

ထိုသို့ မဂ္ဂင်ငါးပါးသာ ရှိသောကြောင့် ပုဗ္ဗဘာဂမဂ်ကို ပဉ္စင်္ဂိကမဂ်ဟု ခေါ်၏။
ထိုသို့ မဂ္ဂသစ္စာကို ပွားများအားထုတ်ရာတွင် အရိယာမဂ်ကို မရမီ ရှေ့အဖို့၌ မဂ္ဂင်ငါးပါးကိုသာ ပွားများအားထုတ်နိုင်ကြသော်လည်း လောကုတ္တရာမဂ် အခိုက်အတန့်သို့ ရောက်သောအခါတွင်မူ အကုသိုလ်တရားတို့ကို သမုစ္ဆေဒဝိရတီဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက် သဖြင့်
ဝိရတီသုံးပါးဟု ခေါ်ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အတူတကွ ပါဝင်လာ၍
မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ဖြစ်လေတော့သည်။

(ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ဒု၊ ၆၅၈)

မေး။ ။
သမထဖြင့် ဈာန်ရပြီးမှ ဝိပဿနာရှုကာ သောတာပန် စသည်ဖြစ်သော ပုဂ္ဂိုလ်များရသော
မဂ်ကို ပထမဈာန်နှင့်ယှဉ်သော သောတာပတ္တိမဂ် စသည်ဖြင့် ခေါ်ပါ၏။
(ဈာန်ကို အားမထုတ်ဘဲ ဝိပဿနာသက်သက်ဖြင့် မဂ်ရသောပုဂ္ဂိုလ်များကို မဆိုလိုပါ။)
ထိုအခါ ပထမဈာန်မှထ၍ မဂ်ရသောပုဂ္ဂိုလ်များမှာ မဂ္ဂင်ရှစ်ပါး ပြည့်စုံခြင်းကို ရှင်းပါသော်လည်း ဝိတက်ကိုပယ်ထားသော ဒုတိယဈာန်မှ ပဉ္စမဈာန် အထိရသော ပုဂ္ဂိုလ်များအဖို့ မဂ္ဂင်ရှစ်ပါး မည်သို့ ပြည့်စုံသည်ကို မရှင်းလင်းတော့ပါ။
ဝိတက်သည် သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်ပါသည်။


ဖြေ။ ။
ဈာန်-သမာပတ်-အဘိညာဉ်တို့ကို ရရှိသော
အရိယာပုဂ္ဂိုလ် သုံးမျိုးသုံးစား ရှိသည်ဟု ဆိုပါသည်။ သုံးမျိုးမှာ-

(က) အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့်
လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို ရကြသော အရိယာပုဂ္ဂိုလ်များ။

(ခ) ပုထုဇဉ်အခိုက်ကပင် လောကီဈာန်သမာပတ် အဘိညာဉ် တို့ကို ရခဲ့ပြီးဖြစ်၍
အရိယာဖြစ်ပြီးသောအခါ သမထကမ္မဋ္ဌာန်းကို အသစ်စီးဖြန်းမှု မပြုရတော့ဘဲ ထိုပုထုဇဉ်အခိုက်က ရပြီးသော လောကီဈာန်သမာပတ်တို့ကို အလွယ်တကူ ဝင်စားနိုင်ကြသော အရိယာပုဂ္ဂိုလ်များ။

(ဂ) ပုထုဇဉ်အခိုက်က လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို မရရှိခဲ့ကြသော်လည်း
လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည် နှင့် တပြိုင်နက်
လောကီဈာန်သမာပတ်အဘိညာဉ်တို့ ရပြီးရောက်ပြီး သားဖြစ်ကြကာ
အလိုရှိသောအချိန်မှာပင် အလွယ်တကူ ဝင်စား
သုံးဆောင်တော်မူနိုင်ကြသော အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။

(မဟာဗုဒ္ဓဝင်၊၃၊ ၃၈၃)
မေးခွန်းရှင် သိလိုသော ပုထုဇဉ်ဘဝက ဒုတိယဈာန်စသည်ကို ရရှိကာ
ထိုဒုတိယဈာန်စသည်ကို အခြေပြု၍ ဝိပဿနာရှုသဖြင့် မဂ်ရသော ပုဂ္ဂိုလ်များမှာ
မဂ္ဂင်ရှစ်ပါး မပြည့်စုံဟုပင် မှတ်ရပါမည်။ မှန်ပါသည်။
ဒုတိယဈာန်စသည်တွင် ဝိတက်မပါဝင်သဖြင့် သမ္မာသင်္ကပ္ပမဂ္ဂင်မပါ။
မဂ္ဂင်ခုနစ်ပါးသာ ဖြစ်ပါသည်။

ကျမ်းကိုး။ ။ ဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ဝိပဿန္တဿ ဥပ္ပန္နော
မဂ္ဂေါ ဒုတိယဇ္ဈာနိကော ဟောတိ၊
မဂ္ဂဂ္ဂင်္ါနိ ပနေတ္ထ သတ္တ ဟောန္တိ။
(အဘိ၊ဋ္ဌ၊ ၂၊ ၁၁၃)
သို့ဆိုလျှင် ပါဠိတော်နှင့် ဆန့်ကျင်သည်မဟုတ်ပါလော ဟူငြားအံ့။
ပါဠိတော်တွင် “အဋ္ဌင်္ဂိကော”ဟု ဆိုထားခြင်းမှာ ဥက္ကဋ္ဌနိဒ္ဒေသ=အလွန်အားဖြင့် ဆိုသောနည်းဖြင့် ဆိုထားခြင်းဖြစ်သော
ကြောင့် မဆန့်ကျင်ပါဟု ဖြေအပ်၏။
ကျမ်းကိုး။ ။ အယဥှိ လောကုတ္တရပဌမဇ္ဈာနဝသေန ဥပ္ပဇ္ဇမာနော အဋ္ဌင်္ဂိကော မဂ္ဂေါ ဟောတိ၊ အဝသေသဇ္ဈာနဝသေန သတ္တင်္ဂိကော။ ဥက္ကဋ္ဌနိဒ္ဒေသတော ပနိဓ အဋ္ဌင်္ဂိကောတိ ဝုတ္တော။

(ပဏ်-ဋ္ဌ၊၁။၁၁၂။ ပဏ်-ဋီ။၁။ ၂၀၃)

မေး။ ။ နောက်ထပ်သိလိုသည်မှာ ရူပ၊ အရူပဘုံရှိ ဗြဟ္မာကြီးများမှာ ပီတိကိုသာ စားသုံးနေကြသဖြင့် သမ္မာအာဇီဝမဂ္ဂင် မည်သို့ပြည့်စုံကြပါသနည်း။ ရုပ်မရှိသော အရူပဗြဟ္မာကြီးများသည် သမ္မာကမ္မန္တ၊ သမ္မာဝါစာမဂ္ဂင်များ မည်သို့ပြည့်စုံကြပါသနည်း။

ဖြေ။ ။ ယခင် (လူ့)ဘဝက ဆောက်တည်ကျင့်သုံးခဲ့သော သီလတို့၏
မပျက်မစီးသေးသောကြောင့်လည်းကောင်း၊ ဘုံအလိုက် ဝိရတီမရထိုက်သဖြင့် ဝိရတီသီလမဖြစ်နိုင်ကြသော်လည်း အချို့သော ဗြဟ္မာတို့အား သစ္စဝါစာကို ပြောခိုက် စေတနာသီလအချို့ ဖြစ်နိုင်သောကြောင့်လည်းကောင်း၊
သီလမဂ္ဂင်သုံးပါး ပျက်စီးခြင်း၏ အကြောင်းရင်းကို ဈာန်ဖြင့် ပယ်ခွာထားသောကြောင့်လည်းကောင်း (ဝိက္ခမ္ဘနပဟာန်)၊ မဂ်ရခိုက် ဒုစရိုက်မှုပြုခြင်း၏ အကြောင်းရင်းကို
ပယ်ဖြတ်သောအားဖြင့် (သမုစ္ဆေဒပဟာန်) သီလမဂ္ဂင် ပါဝင်နိုင်သော ကြောင့်လည်းကောင်း
ရူပ-အရူပဘုံတို့၌ သီလမဂ္ဂင်သုံးပါး ပါဝင်နိုင် ပြည့်စုံနိုင်၏-ဟုပင် ထင်မြင်ယူဆမိပါသည်။
မဃဒေဝလင်္ကာသစ်၌လည်း ဤသို့ ရေးသားထားသည်ကို တွေ့ရှိမှတ်သားရပါသည်။
“သီလဟူပြီ၊
ပါရမီလည်း၊
ဝိရတီချို့၊ ဗြဟ္မာတို့၌၊
သို့ဖြစ်စေကာ၊

စေတနာဖြင့်၊
ဆယ်ဖြာအမိုက်၊

ဒုစရိုက်ကို၊
ဘုံလိုက်အမြဲ၊

ကွာရှဲပြကတေ့၊
ဘဝလေ့တိုင်း၊
သိမ်မွေ့စင်စစ်၊
သီလဖြစ်၏။”

(ပိုဒ်ရေ၊ ၄၈၈)

သံသယဆူးခလုတ်ကို နှုတ်ပစ်ပယ်ဖျောက်၍ နိဗ္ဗာန်ရောက်သည် အထိ ကျင့်ကြံကြိုးစား ပွားများအားထုတ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)

အရှင်တေဇနိယ ဓမ္မဆိုဒ်မှကူးယူမျှဝေပါသည်...



Saturday, August 13, 2011

*တရားတဖက် ဓါးတလက်*


ငါဆိုတဲ့အတ္တတလုံးကိုကိုင်စွဲလို့ 
ငါ့တိုင်းပြည်
ငါ့လူမျိုး
ငါ့မြေ
ငါ့ဘာသာ
ငါ့သာသနာ
ငါ့ရင်ထဲမှာ
ငါ့နှလုံးသားထဲမှာ
ငါ့သွေးထဲမှာ
ငါ့ဦးနှောက်ထဲမှာ
အဆက်မပြတ်
လှည့်ပတ်စီးဆင်း
အရှိန်အဟုန်ပြင်းတဲ့
မြစ်တစင်းလိုပေါ့......

တခါ တခါတော့
ငါဆိုတာ
အမှန်တရားကိုကိုးကွယ်လို့ 
အမုန်းတရားတွေကင်းဝေးစွာနဲ့ 
နှလုံးသားဖြူစင်တဲ့
သူတော်ကောင်းလည်းဖြစ်ချင်ရဲ့ကွယ်...

တခါ တခါတော့လည်း
ငါဆိုတာ
မတရားမူ့ တွေဆိတ်သုန်းဖို့ 
အဓမ္မတွေကိုဖြိုခွင်းချင်တဲ့
Warrior လည်းဖြစ်ချင်ပါရဲ့...

သြော်...
ငါဆိုတဲ့အတ္တစွဲတွေမကင်းသမျှတော့
ငါဆိုတဲ့ငါကတော့
တရားတဖက် ဓါးတလက်နဲ့ ပါပဲလား......။

Wednesday, August 10, 2011

***နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်***


ငြင်းခုံတာ ရန်ဖြစ်တာ သိက္ခာကျတယ်။ လူတစ်ယောက်နဲ့  ရန်ဖြစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နှိမ့်လိုက်တာပဲ။ ဂုဏ်သိက္ခာ

တကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့် ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့ မှ မငြင်းဘူး၊

ရန်မဖြစ်ဘူး၊ ပြောစရာ ရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။

သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့  သူတစ်ပါး သိက္ခာကျအောင်

ပုတ်ခတ်တဲ့စကားမျိုးကို မပြောဘူး၊ သူများ သိက္ခာကျမှ

ကိုယ့်မှာ ဂုဏ်ရှိတယ်လို့  မယူဆဘူး။

ဒီနေရာမှာ မြတ်စွာဘုရားနဲ့  ပတ်သက်တာတစ်ခု သွားသတိရတယ်။

မြတ်စွာဘုရားက "ငါဘုရားဟာ လောကလူအများနဲ့  မငြင်းခုံဘူး။

လောကလူအများကသာ ငါဘုရားနဲ့  အငြင်းအခုံလုပ်တာ"

လို့ မိန့် တော်မူတာ စာပေထဲမှာ ဖတ်ဖူး မှတ်ဖူးတယ်။

ဒီအချက်ဟာ တော်တော် လေးလေး နက်နက် မှတ်သားထိုက်၊ စဉ်းစားထိုက်တယ်။

မြတ်စွာဘုရား လက်ထက်က ဘုရားကို နိုင်အောင် ငြင်းဖို့ ၊ ၀ါဒပြိုင်ပွဲလုပ်ဖို့ 

လာကြတဲ့သူတွေ ရှိပါတယ်။ သူတို့ ကို မြတ်စွာ ဘုရားက ပြောသင့်တာကို

အေးအေးဆေးဆေးပဲ ပြောတယ်။ မေးသင့်တာကို မေးတယ်၊ ဖြေသင့်တာကို ဖြေတယ်။

ဒါပေမယ့် တစ်ခါမှ အငြင်းအခုံ မလုပ်ခဲ့ဘူး။

အနိုင်လိုချင်တဲ့စိတ်နဲ့  ငြင်းခုံတာ သိက္ခာကျတယ်။ ဒါကြောင့် သိက္ခာရှိရှိ၊

Dignity ရှိရှိ နေတတ်တဲ့သူဟာ ငြင်းခုံတာ မလုပ်ဘူး။ ရန်မဖြစ်ဘူး။

ရန်ဖြစ်နေကြတာကို ဘေးကနေ အေးအေးဆေးဆေး အကဲခတ်ကြည့်ပါ။

တစ်ယောက်ကို တစ်ယောက်ပုတ်ခတ်နေတာ၊ ဆဲနေတာ၊ စွပ်စွဲနေတာ ဘယ်လောက်

သိက္ခာကျသလဲ၊ ဘယ်လောက် ရယ်စရာ ကောင်းသလဲ၊

ဘယ်လောက် ရှက်စရာကောင်းသလဲ။ ဘယ်သူမှ ဂုဏ်သိက္ခာ တိုးမလားဘူး။

နှစ်ဖက်လုံးပဲ ဂုဏ်သိက္ခာ ကျသွားတယ်။ ဒါ တော်တော် ဥာဏ်မပါတဲ့အလုပ်

ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။

လူတွေမှာ တစ်ယောက်နဲ့  တစ်ယောက် ထိတွေ့ မှု ဆက်ဆံမှု တော်တော်များတယ်။

အဆင်မပြေမှုလည်း တော်တော်များတယ်။ အဆင်မပြေမှုများရတဲ့ အကြောင်းတစ်ခုက

တစ်ယောက်ကို တစ်ယောက် နားလည်ဖို့  ကိုယ်ချင်းစာဖို့  မကြိုးစားပဲ

အနိုင်ယူဖို့  ကြိုးစားလို့ ပါပဲ။ တစ်ယောက်နဲ့  တစ်ယောက် တွေ့ ကြတဲ့အခါ တွေ့ ခါစမှာ

နည်းနည်း အဆင်ပြေတယ်။ အတူတူနေတာ၊ အတူတူ အလုပ်လုပ်တာ ကြလာရင်

အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့ လဲ။

အတူတူနေတာ အတူတူအလုပ်လုပ်တာ ကြာလာရင် တစ်ယောက်ကို တစ်ယောက်

နိုင်ချင်လာတယ်၊ အပြစ်ရှာလာတယ်။ အပြစ်တွေ ချို့ ယွင်းချက်တွေ ရှာကြည့်လာတယ်။

အိမ်ထောင်ကျခါစမှာ အဆင်ပြေတယ်။ ကြာရင် တစ်ယောက်ကိုတစ်ယောက်

မလေးစားတော့ဘူး။ အထင်သေးတဲ့စကားမျိုး အပြစ်ရှာတဲ့ စကားမျိုးတွေ ပြောလာတယ်။

ကိုယ့်မှာလည်း အကောင်းအဆိုး ရှိတယ်။ သူ့ မှာလည်း အကောင်းအဆိုး ရှိတယ်။

တစ်ဘက်လူအပေါ် အကောင်းချည်းပဲ မျှော်လင့်နေရင် ကိုယ်ထင်သလို အကောင်းချည်းပဲ

မဟုတ်တာ တွေ့ တဲ့အခါမှာ စိတ်ပျက် စိတ်ဆိုးမယ်၊ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်။

ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့

အကောင်းကို လက်ခံနိုင်သလိုအဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်။

အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း

ပြောင်းသွားမယ်။

လက်ခံနိုင်သေးသရွေ့ ၊ ဖုံးကွယ်ထားသရွေ့  အကောင်း ဖြစ်မလာနိုင်ဘူး။

ဖုံးကွယ်ထားပြီး မရှိဟန်ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး။

ဒါဟာ သဘာဝပဲ။ အမှန်အတိုင်း မဖုံးမကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်။

သူတစ်ပါးလည်း ကိုယ့်လိုပဲ ကောင်းတာနဲ့ ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်။

သူတစ်ပါးရဲ့ အမှားကို မြင်ရင် ပြစ်တင် ရှုတ်ချတာမျိုး မလုပ်ပဲနဲ့  ၊

အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့ ၊ ကိုယ်ချင်းစာပြီးတော့ လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်နဲ့  သူ့ ရဲ့ချို့ ယွင်းချက်ကို လက်ခံနိုင်ရင် တစ်ဖက်လူဟာ

သူ့ ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့ အနေနဲ့  ဖုံးကွယ်နေစရာ မလိုတော့ပဲ

သူ့ ချို့ ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်။

သူ့ ချို့  ယွင်းချက်ကို ထောက်ပြပြီး အရှက်ခွဲမယ်ဆိုရင် သူ့ ကိုယ်ကိုသူ

အကာအကွယ် ယူရတော့မယ်။ အလျှော့ မပေးနိုင်းဘူး၊ ၀န်မခံနိုင်ဘူး။

အလျှော့ပေးလိုက်ရင် ပိုပြီး အနိုင်ခံရမှာ ကြောက်လို့  တုန့် ပြန်မယ်။

ကိုယ့်အမှားကို ဖော်ပြီး ကိုယ့်ကို အရှက်ခွဲမယ်၊ အရွဲ့ တိုက်ပြီး ပိုဆိုးအောင်

လုပ်ချင်လုပ်မယ်။ ပြင်ဖို့  စိတ်မကူးနိုင်ဘူး။ ပြင်လိုက်ရင် အရှုံးပေးရာ

ရောက်သွားမှာ ကြောက်မယ်။

သူ့ ကို လေးစားတဲ့စိတ် ကိုယ်ချင်းစားတဲ့စိတ်နဲ့  သူ့ အမှားကို လက်ခံနိုင်ရင် သူ

အကာအကွယ် မယူတော့ဘူး။ သူ့ စိတ်ထားတွေ နူးညံ့လာမယ်။

လူတွေဟာ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြတာများနေတော့

အပြစ်တင်ခံရမှာ ကြောက်လို့  အများကြီး အကာအကွယ် ယူနေကြတယ်။

ဘာနဲ့  ဥပမာတူသလဲဆိုတော့ သူလည်း သံချပ်ကာ အင်္ကျီ

ဝတ်ထားတယ်။ ကိုယ်လည်း သံချပ်ကာ အင်္ကျီဝတ်ထားတယ်။

အတွင်းက လူကို ထိလို့ မရအောင် အပြင် အမာခံနဲ့  အကာအကွယ် ယူထားကြတယ်။

သူ့ အမှားကို ကိုယ်က ဖော်ရင် ကိုယ့်အမှားကိုလည်း သူက ဖော်မှာ ကြောက်ပြီးတော့

တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်လင်း ရိုးရိုးသားသား မဆက်ဆံနိုင်ကြဘူး။

မင်းလည်း မမြင်ဟန် မသိဟန် ဆောင်နေလိုက်။ ငါလည်း မမြင်ဟန်၊ မသိဟန်ဆောင်

နေလိုက်မယ်။ သူလည်း မျက်နှာဖုံးစွပ်ထားတယ်။ ကိုယ်လည်း မျက်နှာဖုံးစွပ်ထားတယ်။

မျက်နှာဖုံးချင်းသာ ဆက်ဆံတော့တယ်။ နောက်ကွယ်က လူအချင်းချင်း ဆက်ဆံရေး

မရှိတော့ဘူး။

ကိုယ့်အကြောင်း အကောင်းအဆိုးကို အမှန်အတိုင်းသိပြီး လက်ခံတဲ့ သူ မရှိတော့ဘူး။

သူ့ အကြောင်း အကောင်းအဆိုးကိုလည်း ကိုယ်က အမှန်အတိုင်း မသိတော့ဘူး။

အဲဒီလို ဖြစ်နေရင် ဘယ်လို ခံစားရမလဲ။ ငါ့ကို တကယ်သိတဲ့သူ၊ လက်ခံတဲ့သူ၊

တန်ဖိုးထားတဲ့သူ မရှိဘူး၊ ငါ ဟန်လုပ်ပြတာကိုပဲ လက်ခံနေကြတယ်။

ငါ တစ်သက်လုံး ဟန်လုပ်ပြီး နေရတော့မယ်။ ဟန်မလုပ်နိုင်တဲ့အခါ ငါ့ကို လေးစားမှာ

မဟုတ်တော့ဘူး။ ငါ့အကြောင်း ကောင်းတာရော၊ ဆိုးတာရော အမှန်အတိုင်းသိပြီး

ငါ့ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ချစ်နိုင်တဲ့သူ၊ ခင်နိုင်တဲ့သူ ရှိရင် ကောင်းမှာပဲ။

ဟန်လုပ်နေစရာမလိုပဲ ဆက်ဆံလို့ ရတဲ့သူတွေနဲ့  နေရရင် ကောင်းမှာပဲ။

ဟန်လုပ်နေရတာ ပင်ပန်းလှပြီ။ ဟန်လုပ်နေရတာ အဖော်မဲ့ အထီးကျန်ဖြစ်နေပြီ။

ငါ့အကြောင်းကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ငါ့ကို အပြစ်တင်မှာ

အထင်သေးသွားမှာ ကြောက်တယ်။ မပြောတော့ပါဘူးဆိုပြီး အဖော်မဲ့ပြီး

အလွန်ပြင်းထန်တဲ့ အထီးကျန်ခံစားမှုကို ခံစားရတယ်။

တကယ်တော့ လူတိုင်းဟာ အနည်းနဲ့  အများ အဖော်မဲ့တဲ့ခံစားမှု အထီးကျန်ဖြစ်နေတဲ့

ခံစားမှုကို ခံစားနေကြရပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် အထီးကျန်ခံစားမှုဖြစ်တဲ့

အတိုင်းအတာချင်း မတူဘူး။ နည်းနည်း ပွင့်လင်းရင် နည်းနည်းသက်သာတယ်။

မပွင့်လင်းတဲ့သူဟာ ပိုပြီး အထီးကျန်ခံစားမှုကို ခံစားရတယ်။ လုံးဝမပွင့်လင်းတဲ့သူဟာ

အဆိုးဆုံး ရူးသွားတဲ့အထိ ဖြစ်နိုင်တယ်။ စိတ်ရောဂါ ဖြစ်နိုင်တယ်။

လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိတဲ့အခါ အထီးကျန်ဖြစ်တယ်။

အထီးကျန် အဖော်မဲ့  ဖြစ်နေရင် အားငယ်တယ်။ အားငယ်တော့ ဆက်ဆံရေးမှာ

မပွင့်လင်းတော့ပဲ ပြောချင်တာကို မပြောပဲ အောင့်ထားတယ်။ အောင့်ထားပါများရင်

စိတ်ရောဂါဖြစ်သလို ခန္ဓာကိုယ်ရောဂါလည်းဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါ၊

အားနည်းတဲ့ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါဆိုတာတွေဟာ များသောအားဖြင့်

အောင့်ထားရာကရတဲ့ ရောဂါတွေပဲ။ ယုံကြည်ရတဲ့သူမရှိလို့ ၊ ပြောရမှာ ကြောက်လို့ 

ပြောချင်တာတွေကို မပြောပဲ အောင့်ထားရာကနေ ရောဂါဖြစ်သွားတတ်တယ်။

ဒါကြောင့် ကိုယ့်အကြောင်းကိုကိုယ် သိအောင် ကြိုးစားသင့်တယ်။ ကိုယ့်စိတ်ထဲမှာ

ဘာတွေ တွေးနေသလဲ။ ဘာတွေ ခံစားနေရသလဲဆိုတာ အကုန်လုံး ဖော်သင့်တယ်။

ပြောလို့ ဖြစ်သလောက် ပြောသင့်တယ်။ ဒါမှ လူလူချင်း ရင်းနှီးမှု နားလည်မှုရှိမယ်။

တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊ တစ်ယောက်ကို

တစ်ယောက် နားမလည်ပဲနဲ့  စစ်မှန်တဲ့ မေတ္တာ ဖြစ်နိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်။

ဒါကြောင့် ကိုယ့်အကြောင်း အကောင်းရော အဆိုးပါ သိပြီး နားလည်ပြီး

လက်ခံပြီးတော့ သူလည်း ငါ့လိုပါပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ ကို နားလည်

လက်ခံနိုင် ကိုယ်ချင်းစာနိုင်ဖို့  ကြိုးစားရတယ်။

ပြီးတော့ ဒီလူဟာ ငွေအကြောင်းကို ဘယ်တော့မှာ မပြောဘူးတဲ့။

ငွေစကား မပြောဘူးတဲ့။ ဒါတော်တော် အံသြစရာကောင်းတဲ့ အချက်ပဲ။

လူများစုဟာ ငွေအကြောင်းတွေးတယ်။ ငွေအကြောင်းပြောတယ်။

ရှိတဲ့ လူကလည်း ပြောတယ်။ မရှိတဲ့ သူကလည်း ပြောတာပဲ။

ရှိတဲ့ သူက သူ့ မှာရှိကြောင်း ဂုဏ်ဖော်ချင်တယ်။ ကြွားချင်တယ်။

ကိုယ့် လောက် မရှိတဲ့သူနဲ့  တွေ့ ရင် ကိုယ့်မှာရှိတာကို ပြောပြီး အသာစီး

အထက်စီးကနေ နေတယ်။ ငါ့အိမ်က ဘယ်လောက်တန်တယ်။

ငါ့ကားက ဘယ်လောက်တန်တယ်ဆိုတာ ပြောချင်တယ်။

အထူးသဖြင့် အခုခေတ်မှာ ငွေစကားပြောကြတာများတယ်။

ကိုယ့်ငွေတွေ ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာကိုလည်း ပြောတတ်တယ်။

ဒါကိုလည်း ဂုဏ်တစ်ခုလို ပြောကြတာ ကြားရတယ်။ အဖိုးတန်ပစ္စည်းတွေ

ဘယ်လောက်တန်တာ ၀ယ်လိုက်တယ်။ ဘယ်စားသောက်ဆိုင်မှာ

ဘယ်လောက်ကုန်ကျအောင် စားလိုက်တယ်။ ဘယ်သူ့ ကို ဘယ်လောက်

အကုန်အကျခံပြီး ဧည့်ခံလိုက်တယ်။ မွေးနေ့ မင်္ဂလာတို့  ၊ ထိမ်းမြားမင်္ဂလာတို့ မှာ

ဘယ်လောက် အကုန်အကျခံပြီး ဧည့်ခံကျွေးမွေးတယ်၊ စသည် စသည် ငွေစကားတွေကို

အရသာခံပြီး ကြွားပြီး ပြောကြတယ်။

ငွေဟာ လူတွေရဲ့ စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာဖြစ်နေတယ်။

သားသမီးနဲ့  မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွန်း ဆက်ဆံရေး၊ မိတ်ဆွေ အပေါင်းအသင်း

ဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခုဖြစ်နေတယ်။

လူတွေကို အများဆုံး လွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်။ ငွေခိုင်းတာ

လုပ်နေကြရတယ်။ ဒီလူကတော့ ငွေအကြောင်း မတွေးဘူး၊ ငွေစကား မပြောဘူး။

ရတာကို မျှအောင် သုံးတယ်။ ငွေခိုင်းတာကို မလုပ်ဘူး။ သူ့ စိတ်ဟာ လွတ်လပ်နေတယ်။

ဣနြေ္ဒသိက္ခာ တည်ကြည်မှု ခံ့ညားမှုရှိတယ်။

ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့ တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊

လူ့ ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေးဖြစ်တယ်။

ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒ သိက္ခာ မရှိဘူး။

ဒီလူကတော့ စိတ်နေသဘောထားနဲ့  အသိဥာဏ် မြင့်မားတဲ့သူ ဖြစ်လို့  ဘ၀မှာ ငွေဟာ

အရေးအကြီးဆုံးလို့  သဘောမထားဘူး။ ချမ်းသာတဲ့သူကိုလည်း အထင်မကြီးဘူး။

ဆင်းရဲတဲ့သူကိုလည်း အထင်မသေးဘူး။သူ့ စိတ်ဟာအင်မတန်လေးနက်မြင့်မြတ်နေတယ်။

သူ့ ဘ၀ကို ငွေနဲ့  မတိုင်းတာဘူး။ သူ့ ဘ၀ကို ငွေနဲ့  မရောင်းဘူး။ ဒါကြောင့် သူဟာ

သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ dignity ရှိရှိ နေနိုင်တဲ့သူ ဖြစ်တယ်။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိက္ခာရှိရှိနေမယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။




ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ......

Monday, August 8, 2011

***စိတ်အားဖြည့်ဓမ္မပဒ***


***စိတ်အားဖြည့်ဓမ္မပဒ***

"ဘ၀ဆင်းရဲတာ စိတ်မကောင်းလို့"

တရားအားလုံးရဲ့ ရှေ့သွာခေါင်းဆောင်ဟာစိတ်ပါ။

တရားအားလုံးရဲ့အကြီးအမှုးဟာစိတ်ပါ။

တရားအားလုံးဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။

ပျက်စီးတဲ့စိတ်၊မကောင်းတဲ့စိတ်နဲ့ပြုမယ်၊ပြောမယ်၊ကြံစည်မယ်ဆိုရင်

အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေပဲ အစဉ်တစိုက်လိုက်ကြပါလိမ့်မယ်။

ဘာနဲ့ဥပမာတူသလဲဆိုရင်လှည်းတပ်ထားတဲ့ဝန်ဆောင်နွားရဲ့ ခြေထောက်ကိုလှည်းဘီးက

အစဉ်တစိုက်လိုက်ပြီးနှိပ်စက်နေသလိုပါပဲ။

(ဓမ္မပဒဂါထာ-၁။)


"ဘ၀ချမ်းသာတာစိတ်ကောင်းလို့"

တရားအားလုံးရဲ့ရှေ့သွားခေါင်းဆောင်ဟာစိတ်ပါ၊

တရားအားလုံးရဲ့အကြီးအမှုးဟာစိတ်ပါ။

တရားအားလုံးဟာစိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။

ကြည်လင်တဲ့စိတ်၊ကောင်းတဲ့စိတ်နဲ့ပြုမယ်၊ပြောမယ်၊ကြံစည်မယ်ဆိုရင်

အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာသုခ တွေပဲအစဉ်တစိုက်လိုက်ကြပါလိမ့်မယ်။

ဘာနဲ့ဥပမာတူသလဲဆိုရင်အရိပ်ဟာ…..အရိပ်ပိုင်ရှင်၊အရိပ်ထွက်ပစ္စည်းရဲ့ နောက်ကို

အစဉ်တစိုက်မခွဲမခွာလိုက်ပါနေသလိုပါပဲ။

(ဓမ္မပဒဂါထာ-၂။)


"အငြိုးဖွဲ့လျှင်ရန်မငြိမ်း"

“ငါ့ကိုသူဆဲဖူးတယ်၊ကဲ့ရဲ့ဖူး၊အပြစ်ပြောဖူးတယ်၊

ငါ့ကိုသူချဖူးတယ်၊ထိုးဖူး၊ရိုက်ဖူးတယ်၊ငါ့ကိုသူမတရားအနိုင်ယူဖူးတယ်”လို့

ထပ်တလဲလဲတွေးတော ပြီးရန်ငြိုးဖွဲ့နေမယ်ဆိုရင်တစ်ကြိမ်တစ်ခါဖြစ်ခဲ့ဖူးတဲ့ရန်က

နှစ်ဦးနှစ်ဖက်လုံးအတွက်ဘယ်တော့မှမငြိမ်းအေး နိုင်တော့ပါဘူး။

(ဓမ္မပဒဂါထာ-၃။)


"အငြိုးမဖွဲ့ မှရန်ငြိမ်း"

“ငါ့ကိုသူဆဲဖူးတယ်၊ကဲ့ရဲ့ဖူး၊အပြစ်ပြောဖူးတယ်၊

ငါ့ကိုသူချဖူးတယ်၊ထိုးဖူး၊ရိုက်ဖူးတယ်၊ငါ့ကိုသူမတရားအနိုင်ယူဖူးတယ်”လို့

ထပ်တလဲလဲတွေးတောပြီးရန်ငြိုးဖွဲ့နေတာမျိုးလုံးဝမပြုလုပ်ဘူးဆိုရင်

တစ်ကြိမ်တစ်ခါဖြစ်ခဲ့ဖူးတဲ့ရန်ဟာနှစ်ဦးနှစ်ဖက်လုံးအတွက်

အစဉ်ထာဝရငြိမ်းအေးသွားနိုင်ပါတယ်။

(ဓမ္မပဒဂါထာ-၄။)


"ခုလည်းပျော်ရွှင် နောင်လည်းပျော်ရွှင်"

ကောင်းမှုပြုတဲ့သူဟာဒီဘ၀မှာလည်း

ကိုယ့်ကောင်းကံကိုကိုယ်တွေးပြီးဝမ်းမြောက်ပျော်ရွှင်ရသလို

၊နောင်ဘ၀မှာလည်းကိုယ့် ကောင်းကံရဲ့အကျိုး

ချမ်းသာသုခအမျိုးမျိုးကိုကိုယ်ခံစားပြီးဝမ်းမြောက်ပျော်ရွှင်ရပါတယ်။

ပစ္စုပ္ပန်ဘ၀မှာရော၊တမလွန်ဘ၀မှာပါ ၀မ်းမြောက်ပျော်ရွှင်ရတာပါ။

ကောင်းမှုပြုတဲ့သူဟာ ကိုယ်ပြုထားတဲ့ကောင်းမှုရဲ့သန့်စင်ဖြူဖွေးမှုကိုမြင်ရတိုင်း

ဝမ်းမြောက်ပျော်ရွှင်ရ၊ကြည်နူးကျေနပ်ရပါတယ်။

(ဓမ္မပဒဂါထာ-၁၆။)


"မမေ့မပျောက်နိဗ္ဗာန်ရောက်"

မမေ့ခြင်း(အပ္ပမာဒသတိ)မှာမွေ့လျော်ပျော်ပိုက်ကြတဲ့

ပညာရှိသူတော်ကောင်းတွေဟာ

စူးစူးစိုက်စိုက်ရှုတတ်တဲ့သမာဓိလည်းရှိ၊

ဆက်မပြတ်ကြိုးစားတဲ့ကိုယ်ဝီရိယ၊စိတ်ဝီရိယလည်းရှိ၊

ပန်းတိုင်မရောက်မချင်းနောက်မဆုတ်တဲ့ခိုင်ခိုင်မြဲမြဲအားထုတ်မှုမျိုး လည်းရှိတဲ့အတွက်

ယောဂလေးပါးတို့ရဲ့ကုန်ရာနိဗ္ဗာန်ဆိုတဲ့ အမြတ်ဆုံးတရားကိုထိတွေ့ဆိုက်ရောက်နိုင်ကြပါတယ်။

(ဓမ္မပဒ ဂါထာ-၂၃။)


"စိတ်ကိုဆုံးမမှဘ၀ချမ်းသာမယ်"

နှိပ်ကွပ်ဖို့ခဲယဉ်းတဲ့စိတ်၊အဖြစ်အပျက်လျင်မြန်တဲ့စိတ်၊

သင့်မသင့်မစဉ်စားဘဲကိုယ်အလိုရှိရာအာရုံမှာကျရောက်တတ်တဲ့စိတ်၊

ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်သိပ်ကောင်းပါတယ်။

ဘာလို့လဲဆိုတော့ဆုံးမထားလို့ယဉ်ကျေးနေတဲ့စိတ်ဟာ

ချမ်းသာအမျိုးမျိုးကို ဆောင်ကြဉ်ပေးနိုင်လို့ပါပဲ။

(ဓမ္မပဒဂါထာ-၃၅။)


"ကုသိုလ်ပန်းကုံးနေ့တိုင်းကုံး"

ပန်းကုံးကျွမ်းကျင်တဲ့သူဟာပန်းပေါင်းစုံတဲ့ပန်းပုံကြီးထဲက

ပန်းတွေနဲ့ပန်းကုံးလှလှလေးတွေအမျိုးအစားစုံလင်စွာ

အရေအတွက် များပြားစွာသီကုံးပြုလုပ်ရပါတယ်။

အဲဒီလိုပါပဲ…..လူရယ်လို့ဖြစ်တည်လာသူတိုင်း

တစ်နေ့ဧကန်မုချသေဆုံးရမှာဖြစ်လို့မသေခင်

အချိန်လေးမှာကုသိုလ်ကောင်းမှုတွေကိုအမျိုးအစားစုံလင်စွာ

အရေအတွက်များပြားစွာမပြူမဖြစ်ပြုကိုပြုကြရပါမယ်။

(ဓမ္မပဒဂါထာ-၅၃။)


"ပူရာပူကြောင်းမလုပ်နဲ့ "

အလုပ်တစ်ခုကိုလုပ်လိုက်လို့လုပ်ပြီးတဲ့နောက်ပိုင်းမှာ

သတိရတိုင်းသတိရတိုင်းနောင်တတရားတွေနဲ့ပူလောင်ပင်ပန်းရတယ်ဆိုရင်

အဲဒီအလုပ်မျိုးကိုလုံးဝမလုပ်တာဘဲကောင်းပါတယ်။

အလုပ်တစ်ခုရဲ့အကျိုးတရားကိုမျက်ရည်လည်ရွှဲမျက်နှာနဲ့

၊ငိုငိုကြွေး ကြွေး၊ဆွေးဆွေးလျလျဆင်းရဲစွာခံစားရတယ်ဆိုရင်

အဲဒီအလုပ်မျိုးဟာလုံးဝမလုပ်သင့်တဲ့အလုပ်ပါပဲ။

(ဓမ္မပဒဂါထာ-၆၇။)


"အပြစ်ပြောမှန်ရင်ရွှေအိုးပေးသူ"

အမှန်တကယ်မှားယွင်းနေတဲ့ကိုယ့်ရဲ့အပြစ်ကို

သဘောထားမှန်မှန်နဲ့ဝေဖန်ထောက်ပြတတ်သူ၊

လိုအပ်ရင်လိုအပ်သလိုနှိပ်ချ ပြောဆိုဆုံးမတတ်သူ

၊အပြစ်ထောက်ပြဆုံးမနိုင်လောက်အောင်လည်းပညာအစစ်

ညဏ်အနှစ်ရှိသူကိုရွှေအိုးမြုပ်ထားတဲ့နေရာမှာ

ညွှန်ပြလာသူတစ်ယောက်လိုသဘောထားပြီးဆည်းကပ်ရပါမယ်။

အဲဒီလို ပညာရှိမျိုးကိုဆည်းကပ်ပေါင်းသင်းတဲ့သူဟာမြင့်မြတ်သထက်မြင့်မြတ်

တိုးတက်သထက်တိုးတက်လာနိုင်ပါတယ်။

ဘယ်တော့မှမယုတ်ညံ့၊ဘယ်တော့မှမဆုတ်ယုတ်နိုင်ပါဘူး။

(ဓမ္မပဒဂါထာ-၇၆။)


"မြေကြီးလိုကျင့်ရင်မြေကြီးထဲမရောက်တော့"

အကျင့်ကောင်း အကျင့်မြတ်ရှိတဲ့

ရဟန္တာပုဂ္ဂိုလ်ဟာမြေကြီးလိုပဲသည်းခံနိုင်စွမ်းရှိပါတယ်။

ဘယ်အရာကိုမှဒေါသအမျက်နဲ့ဆန့် ကျင်ဘက်မလုပ်ပါဘူး၊

တံခါးတိုင်လိုပဲခိုင်ခံ့တည်တံ့ပါတယ်။

ဘယ်လိုလောကဓံကြောင့်မှယိမ်းယိုင်တုန်လှုပ်ခြင်းမရှိပါဘူး။

ရွှံ့ညွံ ကင်းပြီးသန့်ရှင်းကြည်လင်နေတဲ့ရေအိုင်လိုပဲ၊

စိတ်အစဉ်ဟာကြည်လင်သန့်ရှင်းလွန်းလှပါတယ်။

ကိလေသာရွှံ့ညွံလုံးဝမရှိပါဘူး။ ဒီလိုသဘောရှိတဲ့ရဟန္တာပုဂ္ဂိုလ်အတွက်ဂတိကောင်း၊

ဂတိဆိုးတွေမှာအဖန်ဖန်ကျင်လည်ရခြင်းဆိုတာလုံးဝမရှိတော့ပါဘူး။

(ဓမ္မပဒဂါထာ-၉၅။)


"တစ်ခွန်းဆိုတစ်ခွန်းငြိမ်းအေးပါစေ"

အကျိုးမရှိတဲ့စကားလုံးတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့

စကားရပ်တွေအခွန်းပေါင်းတစ်ထောင်ရှိနေပါစေ….လုံးဝမမြတ်ပါဘူး

ကြားလိုက်ရတာနဲ့စိတ်ထဲမှာကိလောသာငြိမ်းအေးသွားစေတဲ့စကားမျိုး၊

အကျိုးရှိတဲ့စကားမျိုးကတော့တစ်ခွန်းတည်းဖြစ်ပါစေ၊

မြင့်မြတ်လှပါတယ်။

(ဓမ္မပဒဂါထာ-၁၀၀။)

မှတ်ချက်။ ။ဤစာစဉ်ကို“ဆရာတော်အရှင်ဆန္ဒာဓိက”၏ “စိတ်အားဖြည့်ဓမ္မပဒ”မှထုတ်နှုတ်မျှဝေကူးယူပူဇော်ပါသည်။

ဓမ္မမိတ်ဆွေများအားလုံးချမ်းသာအေးမြကြပါစေ...........။

( အရှင်တေဇနိယ ဓမ္မဆိုဒ်မှ ကူးယူမျှဝေခြင်းဖြစ်ပါသည်......။ )


Friday, August 5, 2011

အရေးကြီးသောဘ၀လိုအပ်ချက်


လောက၌ အလှဆုံးတရားသည် မေတ္တာ
အမြတ်ဆုံးတရားသည် သစ္စာ
မေတ္တာက မအောင်မြင်နိုင်သော ဘေးရန်သည်မရှိ

သစ္စာက မစွမ်းဆောင်ပေးနိုင်သောအရာသည်မရှိ။

လောကကို ပြည့်စုံလှပစေသည်မှာ မေတ္တာ

လူသားတို့ အား တရားမျှတမူ့ ကိုပေးစွမ်းနိုင်သည်မှာ သစ္စာ။


( ဒေါက်တာ မင်းတင်မွန်၏ မေတ္တာနှင့်သစ္စာ စာအုပ်မှ......)


မြတ်သီလဟူသည်

က္ကစ္ဆာသယ လိုတိုင်းရစေသော မြတ်ရွေအိုး၊
ကုသိုလ်တရားအားလုံးတို့ ၏အမွန်အစ၊ သာသနာတော်၏ အုတ်မြစ်၊ အမျိုးကောင်းသားသမီးတို့ ၏ထောက်တည်ရာ၊
အမျိုးသားယဉ်ကျေးမူ့ ၏ အဓိကမဏ္ဍိုင် ၊

လောက၏ အလှဆုံးတန်ဆာ၊

လေအောက်လေညာ သင်းပျံ့ ကြိုင်လှိုင်သောရေမွှေးနံ့ သာ၊

ငယ်စဉ်အခါမှအိုမင်းသည်အထိ မွန်မြတ်ချမ်းသာစေသောတရား၊
ဘ၀ချမ်းသာရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ ကိုလက်ငင်းပေးနိုင်သောတရားဖြစ်သည်။
ကြီးပွားချမ်းသာလိုလျှင် သီလစောင့်ပါ၊
ကျော်ကြား ထင်ရှားလိုလျှင်သီလစောင့်ပါ၊
လူချစ်လူခင်ပေါများလိုလျှင် သီလစောင့်ပါ၊

သီလအကြောင်းကို ကောင်းကောင်းသိမှ
သီလကိုအသက်တမျှ မြတ်နိုးယုယနိုင်မည်။


သီလဟူသည် ကိုယ်ကျင့်တရား၊
ကိုယ်ကျင့်တရားသည်သင်၏ အရေးကြီးဆုံး
အမွန်မြတ်ဆုံး
အရည်အသွေးဖြစ်သည်။
သင့်ဘ၀၏ ချမ်းသာအေးမြမူ့ ကြီးပွားတိုးတက်မူ့ 
ကျော်ဇောထင်ရှားမူ့ တို့ ကို သီလကလက်ငင်းဖြည့်
တင်းပေးနိုင်သည်။
မွေးဖွားသည်မှ သေဆုံးသည့်တိုင်အောင်
ကောင်းမြတ် ချမ်းသာသောတရားသည် သီလဖြစ်၏။

သီလကို အသက်နှင့် ထပ်တူထပ်မျှ မြတ်နိုးယုယကြ။

လေအောက် လေညာ နတ်ရွာဗြဟ္မာပြည်တိုင်အောင်
သင်းကြိုင်မွှေးပျံ့ သောအမွှေးကြိုင်ဆုံးအရာသည်
သီလဖြစ်၏။
သီလဖြင့် ကိုယ်ကိုထုံမွှန်းကြ။

ပျိုပျိုအိုအို အရွယ်မရွေး လူမျိုးမရွေး ဘာသာမရွေး
ဆင်တိုင်းတင့်တယ်လှပ စေသော အလှဆုံးအဆင်တန်ဆာသည် သီလဖြစ်၏ ။
သီလ အဆင်တန်ဆာကိုဝတ်ရုံကြ။

ငယ်ငယ်ကမသေ၊ အသက်ရှည်ကြာအနာကင်းမဲ့ကာ
ချမ်းသာပျော်ရွှင်စွာ
သွားလာနေထိုင်စေနိုင်သော
အသက်ရှည်ဆေးသည် သီလဖြစ်၏။

သီလကို ငယ်စဉ်အခါမှ စ၍ စောင့်ထိန်းကြ။
တရားစောင့်သူကို တရားကပြန်လည်စောင့်ရှောက်၏။

သီလလုံခြုံမှ သင့်ဘ၀လုံခြုံပြည့်စုံလိမ့်မည်။

သင့်နှလုံးသားမှ သီလကိန်းဝပ်မှ
သံသရာမှာသင်ထောက်တည်ရာကိုရသည်။

သီလမြေပေါ်တွင် ရပ်၍ သမာဓိ-ပညာဖြည့်ဆည်းကာ
နိဗာန်ရွှေပြည်မြတ်သို့ 
တက်လှမ်းပါလော့။
သုဂတိဘုံ နတ်ဘုံသို့ တက်လှမ်းရန် သီလနှင့်တူသော
စောင်းတန်းလှေကားသည်မရှိ။

နိဗာန်ရွှေပြည်မြတ်သို့  ၀င်ရောက်ရန်အတွက်လည်း
သီလနှင့်တူသော တံခါးပေါက်မည်သည်မရှိ။

မြတ်တန်ဆာ
သီလရတနာ ၊ မြတ်တန်ဆာလည်း၊ သတ္တ၀ါခပင်း ၊

မင်းဆင်းရဲသား ၊ မပိုင်းခြားဘူး ၊ လေးပါးမျိုးနွယ်၊ ကြီးငယ်မဆို ၊
ရွယ်ပျိုရွယ်ရင့် ၊
ဆင်တိုင်းတင့်၏။
( မာဃဒေ၀လင်္ကာ )

မြတ်နိုးအားကိုးစရာ
သီလရနံ့  မွှေးပျံ့ ကြိုင်စွာ ၊
သီလဆင်သိုင်း ၊ ရူ့ တိုင်းလှပါ၊

သီလစောင့်ငြား၊ မလားပါယ်ရွာ ၊
မြတ်သီလ နိစ္စကိုးကွယ်ရာ။

( မဟာစည်ဆရာတော် )

( ဒေါက်တာမင်းတင်မွန်၏ မြတ်သီလစာအုပ်မှ...)

ရှေးဘ၀ နောက်ဘ၀သည် အရေးကြီးသောဘ၀ပြဿနာတရပ်ဖြစ်သည်။

ဘ၀ပြဿနာဟူသည်မှာ ဘာသာရေးပြဿနာမျှသာမဟုတ်၊
အဓိကကျသောလူမူ့ ရေးပြဿနာ
တစ်ရပ်လည်းဖြစ်ပေ၏ ။
ဘ၀အမြင်မကြည်လင်လျှင် မိစ္ဆာဒိဋ္ဌိအယူဝင်လာမည်။

အယူလွဲမှားသော် စိတ်ဖြစ်တိုင်းအပြစ်ရှိ၍ ခြေလှမ်းတိုင်းအပါယ်တံခါးဝသို့ ဦးတည်နေလိမ့်မည်။

ငြိမ်းချမ်းသာယာသောဘ၀ကိုမရရှိနိုင်။ ဥာဏ်အမြင်ရှင်းမှ အယူဖြောင့်စင်းမည်။ အယူဖြောင့်စင်းမှ ကောင်းမြတ်သောဘ၀, တန်ဘိုးကြီးမားသောဘ၀,
အကျိုးစီးပွားမြားမြောင်သော
ဘ၀ကို ထူထောင်နိုင်လိမ့်မည်။
အတိတ်ဘ၀များနှင့် အနာဂတ်ဘ၀များကို ယုံကြည်ခြင်းသည်
ကမ္မဿကတာ သမ္မာဒိဋ္ဌိ၏
အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။
မှန်ကန်သောအယူဝါဒကိုမြင်သိရေးကား စား, ၀တ်, နေရေးထက်ပို၍အရေးကြီး၏။

ထို့ ကြောင့် လက်ငင်းဘ၀တွင် အရေးကြီးဆုံးလိုအပ်ချက်သည်
သမ္မာဒိဋ္ဌိ အယူကိုခံယူရခြင်းပင်ဖြစ်သည်။


As a man believes so he thinks, and as he thinks, so he acts.

လူတယောက်သည် သူယုံကြည်သည့်အတိုင်း တွေးခေါ်၍ သူတွေးခေါ်သည့်အတိုင်းပြုလုပ်လိမ့်မည်။


Only the right view can lead to true happiness and complete peacefulness.

မှန်ကန်သော အယူနှင့်အမြင်သည်သာ စစ်မှန်သောပျော်ရွှင်မူ့ နှင့် ပြည့်ဝသောငြိမ်းချမ်းမူ့ ကို ဆောင်ကြဉ်းပေးနိုင်ပါသည်။

( ဒေါက်တာ မင်းတင်မွန်၏ ရှေးဘ၀ နောက်ဘ၀ သိပ္ပံနည်းကျ အထောက်အထားများ
စာအုပ်မှ... ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်...။ )



Thursday, August 4, 2011

*အရဟံ ခြေလှမ်းများဖြင့်*


(မောင်ဖိုးသား ( အဖြူရောင်မေတ္တာ ) အမိမြေမပြန်ခင်ရေးခဲ့တဲ့ *အရဟံ ခြေလှမ်းများဖြင့်* ဆိုတဲ့ပိုစ့်ကို
(http://www.vimuttisukha.com/)ဖတ်မိတဲ့အခါ အသက်အရွယ်နဲ့ မလိုက်အောင် သူတော်ကောင်းတရားတွေပြည့်ဝလွန်းတဲ့ သူ့ ရဲ့မြင့်မြတ်တဲ့နှလုံးသားကို
ကိုယ့်စိတ်ထဲကလေးစားချီးကျူးမိရင်း သူ ရေးခဲ့တဲ့ဒီပိုစ့်ကိုကူးယူမျှဝေလိုက်ပါတယ်...။ )

ကိုဝိမုတ္တိသုခ (http://www.vimuttisukha.com/) ရဲ့ ခုနစ်လပိုင်း ၃၁-ရက်နေ့မှာ ကျရောက်တဲ့ ၃၅-နှစ်ပြည့် မွေးနေ့အတွက် ရည်ရွယ်လို့ ရေးဖွဲ့မိသည်။

*အရဟံ ခြေလှမ်းများဖြင့်*

ဘာရေးလို့ ရေးရမှန်း မသိသေးခင် အရင်ဆုံး ခေါင်းထဲဝင်လာတာက ညနေက (27.07.2011) ကိစ္စ။ ဘာလဲဆိုတော့ ကျွန်တော် ကိုဝိ (၀ိမုတ္တိသုခ) နဲ့ ထွေရာလေးပါး တောင်ပြော မြောက်ပြော ပြောအပြီး.. အရဟံ ဂုဏ်တော်နဲ့ ပုတီး ဆယ်ပတ်စိပ်မယ်ဆိုပြီး ဘုရားခန်းထဲ ဆင်းသွားပါတယ်..။ ဖြစ်ချင်တာကတစ်ခြား၊ ဖြစ်လာတာက တစ်ခြား..။ စစခြင်း ကိုဝိပြောသလို ခင်ပွန်းကြီး ၁၀-ပါး ကန်တော့လိုက်တယ်.. ပြီးတော့ လူက ပုတီးစိပ်ဖို့ကို မစိပ်သေးဘဲ ဓမ္မစကြာကို တစ်ခေါက်ရွတ်တယ်.. အဲ ပြီးလည်းပြီးကော အိပ်ငိုက်လာတာနဲ့ မေးကို လက်လေးနှစ်ဖက်ထောက်ပြီး ခဏမှိန်းလိုက်တာ.. အဲ တော်သေးတာပေါ့.. ဘုရားခန်းထဲ တစ်ခြားသူတွေ ၀င်မလာလို့.. ကျွန်တော် အိပ်ပျော်သွားတယ်.. ထိုင်လျက်ကြီး အိပ်ပျော်သွားတာ။ ပြန်နိုးတော့ မဖြစ်သေးပါဘူး ဆိုပြီး ပုတီးစိပ်မယ်ပြင်.. ဒါလည်း မစိပ်ဖြစ်ဘဲ အနတ္တလက္ခဏသုတ် တစ်ခေါက်ထပ်ရွတ်ဖြစ်တယ်။ ပြီးတော့ စိတ်ပေါက်ပေါက်နဲ့ မေတ္တသုတ်ကို ပါဠိလို နှစ်ခေါက်၊ မြန်မာလို အနက်ပြန်ကို တစ်ခေါက်ရွတ်ပြီး ဆုတောင်း၊ အမျှဝေ၊ နတ်တွေပြန်ပို့ပြီး ပြန်တက်လာခဲ့တော့တယ်။

အင်း.. ကျွန်တော်ပြောချင်တာက အရဟံ နဲ့ ဆက်စပ်တာပါ။ ဒီလို ပုတီးစိပ်ဖို့ကိုလည်း ကိုဝိကျေးဇူးနဲ့ ကျွန်တော် သိသွားတာ..။ ဗန်းမော်ဆရာတော် ဘုရားကြီး ဟောသွားတာလေ။ ဘာတဲ့ အရှင်ဉာဏိကာ ဘိဝံသ (http://www.mymudita.com/) ရဲ့ မုဒိတာရွှေကျောင်း ဖွင့်ပွဲ အခမ်းအနားမှာ..။ ကျွန်တော်လည်း ဆရာတော်ဘုရားကြီး တရားနာပြီးကတည်းက ကြုံရင်ကြုံသလို ပုတီးစိပ်လိုက်သေးတယ်..။ စစချင်းတော့ ဘုရားဂုဏ်တော် ၁၀-ပါး (ဘုရားဂုဏ်တော်က ကိုးပါးမဟုတ် ၁၀-ပါးပါတဲ့၊ ဆရာတော်ကြီး ဟောတာပဲ) ကို တစ်ပါးကို တစ်ပတ်နဲ့ ၁၀-ပတ် စိပ်တယ်။ နောက်တော့ လူက အပျင်းကျတယ်ပဲ ပြောရမလား.. အတိုကိုပဲ ကြိုက်တယ် ပြောရမလား.. အရဟံ ကိုပဲ ၁၀-ပတ် စိပ်တော့တယ်။ တစ်ခါတလေ အပတ် ၂၀၊ တစ်ခါတလေ အပတ် ၃၀၊ တစ်ခါတလေတော့လည်း ဘယ်နှပတ်ရလို့ ရသွားမှန်း မသိဘူး။ လက်ထဲ ပုတီး မရှိလည်း စိတ်ကတော့ အော်တို ရွတ်နေမိတယ်။

အော်.. အရဟံ.. အရဟံ..။ အရဟံ မှာ အဓိပ္ပါယ် သုံးမျိုး ရှိတာကိုတော့ သိထားတာ ကြာပါပြီ။ ကျက်လည်း ကျက်ထားတယ်။ ဒါကလည်း ဆရာတော် အရှင်ဆန္ဒာဓိက ကျေးဇူးနဲ့ပါ။ ဆရာတော့်ရဲ့ အဲ.. ဘယ်စာအုပ်ပါလိမ့်.. “လိုတရ နှလုံးသား” ထင်တယ်။ အဲဒီ စာအုပ်ထဲကနေ ဘုရားဂုဏ်တော် ကိုးပါး (အဲဒီစာအုပ်ထဲတော့ ဘုရားဂုဏ်တော်ကို ကိုးပါးနဲ့ပဲ အနက်ဖွင့်ထားတယ်) အနက်ကို ကူးပြီး ကျက်ထားမိတာ။ ရွတ်လည်း ရွတ်ဖြစ်ပါတယ်။ ဒါပေမယ့်…

အရဟံ ဆိုတဲ့ စကားလုံး သုံးလုံးကို ရွတ်ဆိုပုံအလိုက် ပြောင်းပြီး အဓိပ္ပါယ် ကွဲသွားတယ် ဆိုတာကိုတော့ ကျွန်တော် 2008 နှောင်းပိုင်းမှ သိခဲ့တာ။ ဆိုလိုတာက အရဟံ မှာ အဓိပ္ပါယ် သုံးမျိုးရှိတယ်။

၁) ကိလေသာကင်းစင်တော် မူသော မြတ်စွာဘုရား

၂) ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

၃) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား.. ဒီလို အနက်သုံးမျိုး။

ဒါပေမယ့် ဒီလို အနက်သုံးမျိုး ထွက်သွားတာက ကျွန်တော် သိသလောက် အရဟံကို ရွတ်ဆိုတဲ့ အသံထွက်ပေါ် မူတည်ပြီး ကွဲသွားတာ။ ဘယ်လိုလဲ ဆိုတော့..

ကျွန်တော်တို့ ပုံမှန်ရွတ်နေကျ အရဟံ ဆိုတဲ့ စကားသုံးလုံးကို ပူးတွဲပြီး အရဟံ လို့ရွတ်လိုက်ရင် ဒါသည် “ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား” လို့ အနက်ထွက်တယ်။ ဒီလိုမဟုတ်ဘဲ..

အရဟံ ဆိုတဲ့ စာလုံးသုံးလုံးမှာ “အရ” ကို ပူးတွဲရွတ်ပြီး (ရကောက်ကို လျှာလိပ်သံထည့်တယ်။) “ဟံ” ကို သီးသန့်ထားလို့ “အရ-ဟံ” လို့ရွတ်ရင် “ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား” လို့ အနက်ထွက်သွားတယ်။ ဒီလိုမှ မဟုတ်သေးဘဲ..

ဒီ အရဟံ ဆိုတဲ့ စာလုံးသုံးလုံးကိုပဲ “အ” ကို သီးသန့်ထားပြီး “ရကောက်” နဲ့ “ဟံ” ကို ပူးတွဲလို့ (ဒီနေရာမှာလည်း ရကောက်ကို လျှာလိပ်သံထည့်ပါ။) “အ-ရဟံ” လို့ရွတ်လိုက်ရင်တော့ “ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား” လို့ အဓိပ္ပါယ် ထွက်ပါသတဲ့။ ဒီတော့ ပြန်ချုံ့လိုက်ရင်..

၁) အရ-ဟံ ဆိုတာ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား

၂) အ-ရဟံ က = ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

၃) အရဟံ ဆိုတာကတော့ = ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ဆိုပြီး ရွတ်ဆိုပုံအလိုက် အနက်အဓိပ္ပါယ် အသီးသီး ကွဲသွားတယ်။ ဒါကတော့ ရွတ်ဆိုပုံတွေ..

ဒီလို ရွတ်ဆိုတဲ့ထဲမှာ ဘုရားရှင်ကို ပူဇော်သမှုနဲ့ ရွတ်ဆိုတာတွေလည်း ရှိတယ်။ တခြား အကြောင်းအရာတွေကြောင့် ပူဇော် ရွတ်ဆိုတာတွေလည်း ရှိတယ်။ ဘယ်လိုပဲ ရွတ်ဆို ရွတ်ဆို ပူဇော် ပူဇော်.. ဒီလို ပူဇော်နည်းမှာ သုံးဆင့် ရှိသေးတယ်တဲ့..။ ဘာတွေလဲဆိုတော့..

၁) ကျွန်တော်တို့ ရိုးရိုးသာမန် ဘုရားဂုဏ်ကို ချီးကျူး ပူဇော်တာရှိတယ်။

၂) ဒုတိယက ဘုရားကို အသက်ဝင်လောက်အောင် ပုံဖော်ပြီး ကြည်ညို ပူဇော်တဲ့ အထူးပူဇော်ခြင်း ဆိုတာရှိတယ်။

၃) နောက်ဆုံး တိုက်ရိုက် ဘုရားပင့်ပြီး ပူဇော်တာကတော့ ၀ိပဿနာ ပါတဲ့။ ဒါကတော့ အကောင်းဆုံး ပူဇော်ခြင်းပေါ့။ ဒီလို သုံးဆင့် ဘုရားပူဇော်တာကလည်း ကသစ်ဝိုင် ဆရာတော်ဘုရားကြီး အဆုံးအမလို့ ဆိုပါတယ်။ ဒါကတော့ ဘုရားဂုဏ်တော် အကြောင်းပြောရင်း ဆက်စပ်မိလို့ ကျွန်တော် ပြောဖြစ်သွားတာ။

ဒီနေရာမှာ ကျွန်ပေးမိတဲ့ ခေါင်းစဉ်က “အရဟံ ခြေလှမ်းများဖြင့်” ဆိုတော့.. ဒီခေါင်းစဉ်ကိုပဲ ကျွန်တော် ရှင်းရပါတော့မယ်..။ ခုန အရဟံရဲ့ အနက်အဓိပ္ပါယ် သုံးမျိုးကို အောက်ဆုံးကနေ တစ်ခုချင်း ကြည့်ကြည့်ရအောင်.။ ပထမဆုံး ခြေလှမ်းအနေနဲ့..

ပူဇော်အထူးကို ခံယူထိုက်တယ်

ဒီအဓိပ္ပါယ်ကို မြင်မှ သွားသတိရမိတာက ဆရာတော် ဦးသုမင်္ဂလရဲ့ ဘုရားအပေါ် ကြည်ညိုတဲ့ အဆုံးအမလေး..

“ပူဇော်ထိုက်သူတို့က ပူဇော်ရသော မြတ်စွာဘုရား” ဆိုတာ

လောကမှာတော့ ကျွန်တော်တို့အနေနဲ့ ပူဇော်ထိုက်တဲ့သူတွေက အများကြီးပါ.. မိဘ၊ ဆရာသမား၊ နောက် ကိုယ့်ထက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် မြင့်တဲ့သူတွေ စသဖြင့်.. ဒီလို ပူဇော်ထိုက်တဲ့ သူတွေကတောင်မှ မြတ်စွာဘုရားကို ပူဇော်ရတယ်ဆိုပြီး ဘုရားရှင်ကို ပူဇော်သမှုနဲ့ ဆရာတော်က ဂုဏ်မြှင့်လိုက်တာပါ။ တကယ်ပါ၊ ရွတ်ဆိုကြည့်ရတာ တအားကို အရသာရှိပါတယ်။

ထားပါတော့။ ဘုရားရှင်ကတော့ ကိုယ်ကိုယ်တိုင်ကိုက ပူဇော်စရာ လူပုဂ္ဂိုလ် မရှိအောင် ပြိုင်စံရှား မြင့်မြတ်တဲ့ လူသားတစ်ယောက်။ ကျွန်တော်တို့ကော ကိုယ့်ကိုယ်ကို ပူဇော်ထိုက်အောင် ဘယ်လိုတွေ လုပ်ကြမလဲ.. အရဟံကို ရွတ်တာကလည်း ရွတ်တာပေါ့၊ ပူဇော်ထိုက်သူ ဖြစ်အောင် တစ်ပါးသူက ကိုယ့်ကို မော်ကြည့်ပြီး လေးစား ရတဲ့သူဖြစ်အောင် ဘယ်လို လုပ်ကြမလဲ..။ ဒါနဲ့ ဆက်စပ်လို့ ဆရာမြသန်းစံရဲ့ “မသေမှီ မိမိကိုယ်ကို ကြည်ညိုသွားခဲ့ချင်သည်” ဆိုတဲ့ တရားအသံဖိုင်လေးကို ပြေးသတိရလိုက်တယ်။ နာယူချင်သူများ နာယူနိုင်အောင် ကျွန်တော် လင့်ခ်လေး ထည့်ပေးလိုက်ပါတယ်။

http://dhammadownload.com/MP3Library//MyaThanSan/MP3Disc02/012-MyaThanSan-OoPaDanErrYone-12.mp3

ဟုတ်လည်း ဟုတ်ပါတယ်။ လောကမှာ တစ်ပါးသူက ကိုယ့်ကို ကြည်ညိုဖို့ထက် ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ဖို့က အရေးကြီးဆုံးပဲ။ လုပ်နိုင်ဖို့လည်း တအားခက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းက ကိုယ်အသိဆုံးလေ။ တစ်ပါးသူကိုသာ ညာလို့ရမယ်၊ ကိုယ့်ကိုယ်ကို ကျတော့ ညာလို့က ဘယ်လိုမှမရ.. အဲဒီတော့ မကောင်းကွက်တွေက များတော့ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ဖို့က.. တော်တော့်ကို မလွယ်တဲ့ကိစ္စ..။ အဲ ဒီလို မလွယ် မလွယ် ပြောလို့.. ကြည်ညိုနိုင်အောင် မလုပ်တော့ဘူးလား..။ ဒုက္ခ.. ကျွန်တော်လည်း သူများကိုသာမေးတာ.. ကျွန်တော်ကိုယ်တိုင်ကကော ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်အောင် ဘာတွေများ လုပ်နေပါလိမ့်။ ကြည်ညိုခဲ့ဖူးတာတွေတော့ ရှိပါတယ်။ သင်္ကြန်တရားစခန်း ၀င်တုန်းက။

ကျွန်တော့် စကားတွေလည်း ဘယ်တွေ ရောက်လို့ ရောက်ကုန်တယ်မသိ..။ စိတ်ကူးတည့်ရာဆိုတော့..။ အကြံပေးချင်တာကတော့ ကိုယ့်ကိုယ်ကို ကြည်ညိုထိုက်တဲ့ သူဖြစ်အောင် တန်ဖိုးရှိတဲ့သူ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ အတွေးဝင်လိုက်တာနဲ့ ဘုရားရှေ့သွားပြီး သိက္ခာသုံးပါးသာ တည်အောင် လုပ်လိုက်ပါ။ ဒီနေရာမှာ သိက္ခာသုံးပါးဆိုတာကို တစ်ချို့ မသိတဲ့သူတွေ ရှိပါသေးတယ်။ သိက္ခာသုံးပါးက (သီလရယ်၊ သမာဓိရယ်၊ ပညာရယ်) ပါ။

ကိုယ့်ကိုယ်ကို ကြည်ညိုထိုက်အောင်၊ ပူဇော်နိုင်အောင်၊ တန်ဖိုးရှိအောင် သိက္ခာသုံးပါး တည်အောင်လုပ်နည်းကို အသေးစိတ် ဖတ်ချင်ရင်တော့ ဒီလင့်ခ်ကို သွားဖတ်ပေးပါနော။

http://www.vimuttisukha.com/2010/02/blog-post_23.html

ဖတ်ပြီးသွားပြီ ဆိုရင်တော့ နောက်တစ်ဆင့် ဒုတိယ ခြေလှမ်းကို လှမ်းကြည့်ရအောင်..

---------------------------------------------------------------------------------------

ဒုတိယ ခြေလှမ်းက..

ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူ

ဘုရားရှင်ကတော့ ကွယ်ရာမှာတောင် မကောင်းမှုကို တစ်စက်ကလေးမှ မတွေးမကြံ၊ မပြော၊ မလုပ်ဘူးတဲ့..။ ကျွန်တော်တို့ကကော..။ မလွယ်.. လူလစ်ရင် လစ်သလို မကောင်းတာကို လုပ်ချင်တဲ့ စိတ်တွေက နည်းတာမှ မဟုတ်။ ဘယ်လို လုပ်ရင်ကောင်းမလဲ..။

ပိုင်းလော့ဆရာတော် ဘုရားကတော့ ဆုံးမတယ်။

“တကယ်သိတဲ့ ဘုရား သားသမီးများသည် ကွယ်ရာမှာတောင် မဟုတ်တာ မတွေးရဲဘူး၊ ကိုယ်ရှုံးမှာ သိတာကိုး” တဲ့..။

ဒါပေါ့ဗျာ.. သွေးထွက်အောင် မှန်တယ်ပဲ ပြောရမလား.. မဟုတ်တာ တွေးပြီဆိုကတည်းက ကိုယ်ရှုံးနေပြီ..။ ဒါတောင် တွေးချင်နေသေးတယ် ဆိုတော့..။ ဒီနေရာမှာ ဆရာတော်က အခြေခံ ကျင့်နည်းကို ဆက်ဟောပါသေးတယ်။ ဒီလို မကောင်းတဲ့ အတွေးအကြံ၊ အလုပ်၊ အပြောတွေကို ဘယ်က စကျင့်ရင်း ပါးသထက်ပါးအောင် လုပ်ရမလဲဆိုတော့..

“ဘုရားက မကောင်းဘူးဆိုတဲ့ အလုပ်ကို ဘယ်လောက်ပဲ ကြိုက်ကြိုက် ပေသာရှောင်ပါ။” ပေရှောင်တာ များလာရင် စိတ်က တကယ့်ကို မကြိုက်ဘဲ ဖြစ်လာလိမ့်မယ်တဲ့။ နောက်

“ဘုရားက ကောင်းတယ်ဆိုတဲ့ အလုပ်ကို ဘယ်လောက်ပဲ မကြိုက်မကြိုက် ပေသာလုပ်ပါ။” ပေပြီး ကောင်းတာတွေ လုပ်တာများလာရင် အချိန်ကုန်လာတာနဲ့ အမျှ စိတ်မှာ အာသေ၀နသတ္တိထုံလို့ ကောင်းတာကို ကြိုက်ကို ကြိုက်လာပါလိမ့်မယ်၊ မလုပ်ရ မနေနိုင် ဖြစ်လာပါလိမ့်မယ်တဲ့။

ဒါကတော့ လူတိုင်းအတွက် အခြေခံ ကျင့်စဉ်ပါ။

အဲ ဒီကနေ တစ်ဆင့်မှ ခင့်မြင့်မြင့်လေး မကောင်းမှုကို ပယ်ချင်တယ် ဆိုရင်တော့.. သတိပဋ္ဌာန်ကို ဦးစားပေးတဲ့ ဒီတရားလေးကို နာယူရင်း နှလုံးသွင်းကြည့်ပါလို့ တိုက်တွန်းပါတယ်။ တရားတွေကတော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် နာဖြစ်တဲ့ထဲက ရွေးပြီး ပေးရတာဆိုတော့..။ ကြိုက်ရင်လည်းယူ၊ မကြိုက်လည်း ပယ်ပေါ့။ နာဖြစ်ရင်တော့ ကိုယ့်အတွက် အရှုံးတော့ မရှိပါဘူး။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားထားတာပါ။ တရားခေါင်းစဉ်က “တပ်ထွက် မိန့်ခွန်းပမာ”

http://www.dhammaransi.net/Audio/Dhamma/MahabodhimyaingSayadaw-DhammaTalk-1.mp3

--------------------------------------------------------------------

နောက်ဆုံးအဆင့် ခြေလှမ်းကတော့ တော်တော်လေး မြင့်သွားပြီ။

ကိလေသာကင်းစင်မှု

ကိလေသာကင်းစင်တာ.. ဘယ်လို လုပ်ရမလဲ.. တော်တော် မြင့်နေပြီ။ ဒီလို ခြေလှမ်းကို လှမ်းဖို့က..။ ဒါကို မဆိုနဲ့ဦး.. အနိမ့်ဆုံး သောတာပန်ဉာဏ် အဆင့်ကို ရဖို့တောင်မှာ အတော် အားထုတ်ရဦးမှာ.. ကျွန်တော့်ကိုယ် ကျွန်တော် ပြောတာပါ။ ဒီနေရာမှာ ကိလေသာကလည်း သုံးဆင့် ရှိသေးတယ်။ တော်တော်များများ သိပြီးသားပါပဲ။ အနုစားရယ်၊ အလတ်စားရယ်၊ အကြမ်းစားရယ် ဆိုပြီး။

ဒီနေရာမှာ အကြမ်းစားကို သီလနဲ့ ပယ်သတ်ရမယ်တဲ့။ အလတ်စားကိုတော့ သမာဓိနဲ့ပေါ့။ နောက်ဆုံးအဆင့် အနုစားကိုတော့ ၀ိပဿနာ ပညာဉာဏ်နဲ့ ဖြိုခွဲပစ်ရမယ်။ ခုန ဟိုးအပေါ်မှာ ပြောခဲ့သလို သိက္ခာ သုံးပါးပါပဲ။ ဒီနေရာမှာ သူ့အဆင့်နဲ့သူပါ။ အနုစားကို သီလနဲ့ သွားပယ်ဖို့ မလွယ်သလို၊ ကိလေသာ အကြမ်းစား ၀င်လာရင်လည်း သမာဓိနဲ့ ကာကွယ်နိုင်ဖို့က ခက်ပါတယ်။ မလုပ်သင့်တာမလုပ်ဘဲ ရှောင်ကြဉ် စောင့်စည်းတဲ့ သီလနဲ့သာ အကြမ်းစားကို ပယ်ဖို့အဆင်ပြေတာပါ။

နောက်တစ်ခု ကိလေသာကို အနိုင်တိုက်ထုတ်လိုသူတွေ သတိထားရမှာက မာရ်စစ်သည် ၁၀-ပါးပါ။ အပြင် မာရ်နတ် ရန်သူထက် ဒီ အတွင်း မာရ် ၁၀-ပါးက ပိုကြောက်ဖို့ ကောင်းပါတယ်။ ဒီ ၁၀-ပါးကို သမ္ဗုဒ္ဓေ မိုးညှင်း ဆရာတော် ဘုရားကြီးက ခုလို လင်္ကာလေး စီပေးထားပါတယ်။

“ကာမ, ပျင်းရိ၊ မွတ်သိပ်ဘိနှင့်၊ လိုရှိတဏှာ၊ အိပ်ငိုက်ကာဖြင့်၊ ဘယာဘီရု၊ ယုံမှုကိစ္ဆာ၊ ပယ်ခွါကျေးဇူး၊ ပျော်မြူးခြွေရံ၊ အတ္တုက္ကံသန၊ ဆယ်ပါးပြသည်၊ မှတ်ကြမာရ်စစ် ဆယ်ပါးတည်း။”

ဒီ ဆယ်ပါးကို ခုန ကိလေသာသုံးဆင့်နဲ့ ချိန်ထိုးရပါမယ်တဲ့..။ ဆိုလိုတာက အိပ်ငိုက်တယ်ဆိုရင် အကြမ်းစားလား၊ အနုစားလား၊ အလတ်စားလား.. ဒီလို ချိန်ထိုးပြီး ခုန သိက္ခာသုံးပါးနဲ့ ပြန်ယှဉ်လို့ သူ့အဆင့်နဲ့သူ ပယ်ရပါမယ်၊ ပယ်နိုင်အောင် ကြိုးစားရပါမယ်တဲ့။

ဒီ မာရ်စစ်သည် ဆယ်ပါးကို တွန်းလှန်နိုင်ဖို့အတွက် ကျွန်တော် မှတ်သားထားသလောက် နည်းနည်းလေး အကျယ်ချဲ့ကြည့်ရင်..

၁) ကာမ = အတွေးတွေ ချဲ့တာ (ဒီအတွေးတွေကို ၀င်လာရင် ၀င်လာမှန်းသိပါ။ မသိရင် သံသရာမှာ အဖန်ဖန် အသတ်ခံရတော့မယ်။ ဒီနေရာမှာ “မာရ်” ဆိုတာက သတ်တာ။)

၂) ပျင်းရိ = လုပ်သင့်မှန်းသိလျက်သားနဲ့ မလုပ်တာ ပျင်းတာ။ (ပျင်းတာ ပျင်းမှန်းသိပြီး ကောင်းတာတွေ ပေလုပ်ရတယ်။)

ရွှေကျင် သာသနာပိုင် ဆရာတော်ဘုရား အဆုံးအမ

“ဟဲ့.. ကောင်းတဲ့အလုပ်ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိက် ပေသာလုပ်။ လုပ်ရင်းနဲ့ သတ္တိကိန်းပြီး ကြာလာရင် အဲဒီအလုပ်မှာ ပျော်လာလိမ့်မယ်။”

  • ပျင်းမနေနဲ့ သေချင်လို့လား၊ သေရမယ့်လမ်း ရောက်လိမ့်မယ် ဆိုပြီး ပျင်းစိတ်ပေါ်လာရင် ကိုယ့်ကိုယ်ကို ဆုံးမပါ။

၃) မွတ်သိပ်ဘိ = ဆာလောင်မွတ်သိပ်တဲ့ အခါမှာလည်း ဒေါသပါတတ်တယ်။ သီလယူထားရင်တော့ ဒါကိုလည်း ငြိမ်ပြီး ရေနဲ့ဖြည့်.. သည်းခံရမယ်။

၎) လိုရှိတဏှာ = ဥပါဒါန်ပြင်းပြင်းနဲ့ စီမံတာ၊ ပုံစံချတာကို ပြောတာ။ ကိုယ့်ဥပါဒါန် ဘယ်လောက် ပြင်းလဲဆိုတာ သိရမယ်။ ဥပါဒါန် ပြင်းတာနဲ့ သေချင်လို့လား၊ သေမယ့်လမ်းပဲ ဆိုပြီး သံသရာကို ကြောက်ရမယ်။ သံသရာမှာ ပင်ပန်းခဲ့ပြီ။

၅) အိပ်ငိုက်ကာဖြင့် = မောဟများတာ။ (အိပ်ငိုက်တာကိုကျတော့ ရှောင်တိုက်ရမယ်။ အစားအစာကိုလည်း ချင့်ချိန်စား၊ အလုတ်ရေမှတ်ထား.. ၀မယ့်အတိုင်းအတာထက် သုံးလေးလုတ်လျှော့စားပြီး ရေနဲဖြည့်၊ ဒါဆို အိပ်ငိုက် သက်သာတယ်။)

၆) ဘယာဘီရု = ကြောက်စိတ်ပေါ်တာ (ဒေါသပဲ)

၇) ယုံမှုကိစ္ဆာ = လမ်းပျောက်တာ (အတွေးပေါ်တိုင်းမှာ အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း ခွဲတတ်ရင် ယုံမှုကိစ္ဆာကို ပယ်နိုင်။)

၈) ပယ်ခွါကျေးဇူး = အတင်းပြောတာ၊ ကျေးဇူးမမြင်တာ (တစ်ဘက်သားရဲ့ ကျေးဇူးပျောက်ပြီး မကောင်းမြင်တာ)

  • ကျေးဇူးပျောက်လျှင် မာနပေါ်သည်။ ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။

၉) ပျော်မြူးခြွေရံ = အပေါင်းအသင်းနဲ့ ၀ိုင်းဖွဲ့ စကားပြောခြင်း (သတိထားပါ) ပြောရင်လည်း အလိုနည်းကြောင်း၊ ရောင့်ရဲကြောင်း၊ တရားနဲ့ ပတ်သတ်တာပြော၊ မတရားတာ မပြောနဲ့။

၁၀) အတ္တုက္ကံသန = သူများနှိမ့်ချ၊ ကိုယ့်ကိုယ်ကို မြှင့်တင်တာ။ (ကိုယ်က တရားလေး နည်းနည်းလုပ်ပြီး သူများကို ကိုယ့်လို မလုပ်ပါဘူးဆိုပြီး နှိမ့်ချချင်တာ။ မြင်နိုင်ခဲတယ်။ ပြိုင်တဲ့စိတ်။ သူများကို ကြည့်ပြီး အထင်သေးတဲ့စိတ်)

  • ဖိုးသူတော် ငါးမျှားတာကို တီတူးတဲ့သူကမြင်ပြီး အပြစ်ပြောသလို..

ကျွန်တော်လည်း ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ တော်တော်များသွားပြီ။ အပေါ်က ကိလေသာ သုံးဆင့်နဲ့ မာရ်စစ်သည် ၁၀-ပါး အကြောင်းက ကျွန်တော် မှတ်သားထားသလောက် ရေးလိုက်တာပါ။ နောက်ပြီး စာဖတ်ရတာ အားရသူတွေအတွက် ရေးပေးတာပါ။ ဒါကိုမှ စာလည်းဖတ်ချင် တရားလည်း နာချင်သေးတယ် ဆိုရင်တော့.. ဒီလင့်ခ်ကို သွားပြီး ဒေါင်းပေးပါ။ ပိုင်းလော့ဆရာတော်ဘုရား ဟောကြားထားတဲ့ “ကိလေသာသုံးဆင့်” တရားဒေသနာပါ။

http://www.dhammaonline.net/tl_files/dhammaonline/tapes/Pilot-Sayardaw/02-Pilot-Sayardaw%28ki-lay-thar-thone-sint-2004.12.10%29.mp3

အညွှန်းတွေ များလို့တော့ စိတ်မညစ်ကြပါနဲ့.. ကိုယ့်အတွက် အမြတ်တွေချည်းပါပဲ။

ကဲ အစ်ကိုရေ ကျွန်တော်လည်း အကို့မွေးနေ့အတွက် မရေးမရေးဘူးနဲ့ ရေးလိုက်တော့လည်း အတော်များသွားသလိုပဲ..။ ဒီ အရဟံ ရဲ့ အဓိပ္ပါယ် သုံးမျိုးထဲက ညီ အကြိုက်ဆုံးကတော့ “ကိလေသာ ကင်းစင်ခြင်း” ဆိုတဲ့ စာသားပါ။ ကြိုက်တော့ကြိုက်တယ်၊ လုပ်ဖို့ခက်တယ်များ ဖြစ်နေမလားမသိဘူး။ ဘာပဲပြောပြော ညီ ဟိုတစ်ခါ ပြောခဲ့ဘူးသလို ဘုရားရှင် သက်တော် ၃၅-နှစ်ပြည့်မှာ ဘုရားဖြစ်ကြောင်း ကြွေးကြော်နိုင်သလို အစ်ကိုလည်း အစ်ကို့ရဲ့ အသက် ၃၅-နှစ်ပြည့်မှာ တစ်ခုခုတော့ ကြွေးကြော်နိုင်လိမ့်မယ်လို့ ညီမျှော်လင့်ပါတယ်။

ကိုဝိတစ်ယောက် ဆိတ်ကွယ်ရာ အရပ်မှာတောင် မကောင်းမှုတွေ ရှောင်ကြဉ်နိုင်ပါစေ။ မိမိကိုယ်ကို ပူဇော်နိုင်သူ ကြည်ညိုနိုင်သူလည်း ဖြစ်ပါစေ။ ကိလေသာကင်းတဲ့ ခြေလှမ်းများ (သို့တည်းမဟုတ်) အရဟံ ခြေလှမ်းများဖြင့်လည်း လျှောက်လှမ်းနိုင်စေကြောင်း ဆုတောင်းမေတ္တာပို့ရင်းးးးးးးးးးးး..

လေးစားခင်မင်စွာဖြင့်

ညီ

ပြည့်စုံအောင် (ဖိုးသား)

7/28/2011, THU:, 12:49:15 AM

--------------------------------------------------------------

ကိုဝိရဲ့ မွေးနေ့ ၃၁-ရက်နေ့မှာ ကျွန်တော်ဟာ အမိမြေကို ပြန်ရတော့မှာမို့ မွေးနေ့ဆောင်းပါးကို ကြိုတင် ရေးသား မျှဝေလိုက်ပါတယ်။ ကျွန်တော့်ကို သိသော၊ မသိသော မိတ်ဆွေများ အားလုံးကိုလည်း ဒီမွေးနေ့ ဆောင်းပါးနဲ့အတူ နှုတ်ဆက်လိုက်ပါရစေ။ အားလုံးပဲ ကိလေသာ ကင်းစင်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းနိုင်ကြပါစေ။ လျှောက်လှမ်းနိုင်အောင်လည်း ကြိုးစား အားထုတ်နိုင်ကြပါစေ။

Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe