Wednesday, October 26, 2011

*ရဲတိုက်နဲ့ သူ့ ရဲ့ကုသိုလ်ရဲတိုက်*

            
သူတော်ကောင်းတို့ နှင့်ပေါင်းဆုံခြင်းသည်တကြိမ်သာလျှင်ဖြစ်၏။
(၀ါ)တကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတကြိမ်မျှပေါင်းဆုံရ တွေ့ ရခြင်းသည်
သူတော်ကောင်းတို့ နှင့်ပေါင်းဆုံတွေ့ ရသောထိုသူကိုအကျိုးမဲ့ပယ်ရှား၊
အကျိုးများအောင်ဆောင်ရွက်စောင့်ရှောက်တတ်ချေ၏။
             သူယုတ်မာတို့ နှင့်အကြိမ်များစွာပေါင်းဆုံရခြင်းသည် 
(၀ါ) အကြိမ်များစွာပေါင်းဆုံရစေကာမူ
အကျိုးများအောင် မရွက်ဆောင်မစောင့်ရှောက်တတ်ချေ။
(မဟာသုတသောမဇတ်)

သူတော်ကောင်းတွေကတော့
သူတော်ကောင်းအလုပ်တွေလုပ်နေတာပါပဲလေ...။
ကုသိုလ်ရဲတိုက်ကြီးတည်ဆောက်နေလေရဲ့...။


                          သရုပ်ဆောင်ရဲတိုက် နဲ့ သူ့ရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားများရဲ့  
               မကွေးတိုင်း ဆိပ်ဖြူမြို့ ရေဘေးသင့်ဒေသ ကူညီရေး ခရီးစဉ်အကြောင်း                မှတ်တမ်းဓာတ်ပုံတွေ ဖြစ်ပါတယ်။
ရဲတိုက်ဖောင်ဒေးရှင်း Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံနဲ့ 
အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်
စစ်ကိုင်းတိုင်း မကွေးတိုင်း ဒေသ အများအပြားမှာ အောက်တိုဘာ ၁၉၊ ၂၀ ရက်နေ့ မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့ပါတယ်

ရဲတိုက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများသည်
ရေလွှမ်းမိုးမှု့ကိုဆိုးရွားစွာခံခဲ့ရသော ဆိပ်ဖြူမြို့နယ်မှ ကျေးရွာအချို့သို့
အောက်တိုဘာ ၂၂၊၂၃ရက်နေ့များက သွားရောက်ကာ
ရေဘေးသင့်ပြည်သူများလိုအပ်နေသော ဆန်၊ခေါက်ဆွဲခြောက်၊
ရေသန့်ဆေး၊ပဲကြော်၊ရေသန့်ဘူးစသည့် အစားအသောက်များကို
သွားရောက် လှူဒါန်းခဲ့ပါသည်။
ယောချောင်းနှင့်ချစ်ချောင်းစသည့် ချောင်းရေများလျှံကာ
အိုးအိမ်များဆုံးရှုံးခဲ့ရကာ ထိုဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၂၅ရွာမှာ
အကူအညီ များစွာလိုအပ်နေပါသေးသည်။
အလှူရှင်များနှင့် ပရိသတ်များ မျှဝေနိုင်ရန် အလှူခရီးစဉ်မှ
ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါသည်။
အကူအညီများ လိုအပ်နေသေးသော ဒေသခံများ အတွက် အကူအညီများ ၊
အိမ်သုံးပစည်းများ တတ်နိုင်သလောက် လှူဒါန်းပေးကြပါရန်
ရဲတိုက်ဖောင်ဒေးရှင်းက တိုက်တွန်းအပ်ပါသည်။

ရေဘေးသင့် ဆိပ်ဖြူမြို့နယ်၊ကပိုင်ကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများကို တစ်အိမ်ထောင်လျှင် ဆန်၂ပြည်နှုန်းနှင့် ခေါက်ဆွဲခြောက် ၆ထုပ်၊ပဲကြော် ၅ထုပ်တို့ကို ပေးလှူခဲ့သည်။

အရှေ့ကပိုင်ကျေးရွာသူကျေးရွာသားများနှင့်

ကန်တွင်းကျေးရွာသူ၊သားများနှင့် ရဲတိုက်

ဖောင်ဒေးရှင်း၏ရေဘေးကူညီရေးပထမနေ့ခရီးတွင် လှူဒါန်းမည့်ရွာများသို့ရောက်ရှိရန် ရဲတိုက်ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းများ ရွံတောထဲတွင် ခက်ခက်ခဲခဲသွားခဲ့ရသည်။
ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။

ရေဘေးသင့်ကျေးရွာများသို့ရောက်ရှိရန် သဲချောင်းကျယ်ကြီး ကို ဖြတ်သန်းရသည်။

ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။
ပြန်တော့မယ့် ရဲတိုက်ကို နှုတ်ဆက်နေတဲ့ ရေဘေးသင့် တောင်ရွာမကျေးရွာသူ၊ရွာသားများ
တောင်ရွာမရွာသည် ရေဘေးကြောင့် ရွာ၏၇၀ရာနှုန်း ပျက်စီးခဲ့ကာ တစ်ရွာလုံးနီးပါး နွံများဖုံးလွှမ်းခဲ့သည့် ကျေးရွာဖြစ်သည်။
ရဲတိုက်ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းများက ပစ္စည်းများဝေငှနိုင်ရန် ပြင်ဆင်နေကြစဉ်။
ရဲတိုက်ဖောင်ဒေးရှင်းကသွားရောက်လှူဒါန်းခဲ့သော 
ဆင်နီတောင်ကျေးရွာတွင် အိမ်ခေါင်ထိနစ်မြုပ်ခဲ့သော 
အိမ်တစ်လုံးကို ယခုလိုတွေ့ခဲ့သည်။


ရဲတိုက်ဖောင်ဒေးရှင်း၏ပထမနေ့အလှူခရီးတွင် 
ဆိပ်ဖြူမြို့နယ်မှရေဘေးသင့်ရွာများဖြစ်သော ဆင်နီတောင်
၊ဒေါင်းသာ၊ချင်းငယ်စသည့်ရွာများသို့သွားရာ လမ်းကြမ်းလွန်းသဖြင့် ကားဖြင့်မသွားနိုင်ဘဲ နွားလှည်းများငှားရမ်းကာ ပစ္စည်းများသယ်ဆောင်ရသည်။

ဧရာဝတီမှကူးယူမျှဝေသာဓုခေါ်မိပါတယ်...။



Thursday, October 20, 2011

*သူတော်ကောင်းစကားနေ့ တိုင်းကြားကစိတ်ထားဖွေးလက်သိဥာဏ်ထက်၏*

ကိုယ်လုပ်လိုက်တဲ့
အလုပ်ဟာ
ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ်
နောင်တ မရစေဘူးဆိုရင်
ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။ 
 
စေတနာဆိုးနှင့် ရင်ဆိုင်တိုးသော်လည်း  
မိမိဘက်က နှလုံးသွင်းကောင်းလျှင် ကုသိုလ်စိတ် ဖြစ်၏ ။  
စေတနာကောင်းနှင့် အကြောင်းဆုံသည့်တိုင်  
မိမိဘက်က နှလုံးသွင်းညံ့လျှင် အကုသိုလ်စိတ် ဖြစ်၏ ။ 
ကုသိုလ်-အကုသိုလ် ဟူသည် သူတစ်ပါး ပေးသည်မဟုတ် ။ 
မိမိကသာ ယူသူဖြစ်ပါ၏။ 

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။  
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။  
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။  
(ဓမ္မဘေရီ အရှင်ဝီရိယ)


လူ့ဘ၀၏ အဓိပ္ပါယ်ဟူသည်
ကောင်းကောင်းစား၍
ကောင်းကောင်းဝတ်ခြင်း မဟုတ်။
ငြိမ်းချမ်းစွာနေခြင်းသာ ဖြစ်၏။
သူတော်စင်တို့သည်
ဘ၀အဓိပ္ပါယ်ကို
ငြိမ်းချမ်းစွာနေခြင်းဖြင့်
သက်သေပြခဲ့ကြ၏။


သူတော်ကောင်းဆိုတာ
သူတော်လာအောင်
ကိုယ်ကကောင်းပေးရတာပဲ
သူတော်မှကိုယ်ကောင်းမယ်ဆိုရင်
ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင် ပါ့မလဲ
သူတော်တော်မတော်တော် ကိုယ်ကတော်ရမယ်၊
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်း အစစ်ဖြစ်နိုင်မယ်။


ကုသိုလ်၊ ပညာ၊ ဥစ္စာ၊
တန်ခိုး တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက်ဝမ်း နည်းဖွယ်။ 

ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။
  တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ 
  တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊  
တရား၌မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်း အားလုံးကို အောင်နိုင်၏၊ 
တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...

Sunday, October 16, 2011

The Leaves ( or ) I Love Autumn

Photobucket

The leaves had a wonderful frolic.
They danced to the wind's loud song.
They whirled, and they floated, and scampered.
They circled and flew along.
The moon saw the little leaves dancing.
Each looked like a small brown bird.
The man in the moon smiled and listened.
And this is the song he heard.
The North Wind is calling, is calling,
And we must whirl round and round,
And then, when our dancing is ended,
We'll make a warm quilt for the ground.
Anonymous



Autumn Leaf brown
If I were a leaf on a majestic tall tree,
And I had the choice, of which I could be,
I’d be a maple to turn orange yellow gold
When the cool autumn winds turned warm nights cold.

Autumn Leaf green
I’d want to be high as high could be,
So all of the world would be open to me.
I’d sway with the wind, spring, summer and fall
Up in the maple so big and so tall.

Autumn Leaf brown
Then one moonlit night in October’s cold air,
A beautiful frost would come paint me with care.
All leaves would turn color, as God would have done
To give the world beauty for short days to come.

Autumn Leaf green
Then if I could choose on which day I would fall
I pick late October when winds came to call.
I’d choose Sunday morning so bright and sunny,
As sun through the leaves flowed golden as honey.

Autumn Leaf brown
I’d pick the sweet moment, when the wind was just right
To let go of my limb and float nice and light
Drifting ever so calmly from the place of my birth,
Then gently lie down to my rest here on earth.


Saturday, October 1, 2011

*ကိုယ်နဲ့ ခိုကလေးတကောင်အကြောင်း*


ဆောင်းအကုန်မိုးအကူးရာသီရဲ့ညနေခင်းလေးတခုမှာ
ကိုယ်ဝယ်စရာလေးတခုရှိလို့ အပြင်ကိုထွက်လာခဲ့တယ်...။
ရာသီဥတုကအေးစိမ့်စိမ့်နဲ့  ရွာထားတဲ့မိုးရေအိုင်လေးတွေလမ်းပေါ်မှာ
ဟိုတကွက်ဒီတကွက်နဲ့ ကြည့်ရတာတမျိုးလေးကြည်နူးစရာကောင်းနေသလိုပါပဲ။
အခုလိုရာသီမှာ ညနေ ၆ နာရီအချိန်က နေ၀င်ရီတရောမှောင်စပြုနေပါပြီ...။
( ဒီမှာက နွေရာသီဆိုရင်တော့ည ၉ နာရီလောက်မှနေကွယ်ပါတယ် )

ကိုယ်ရှော့ပင်းစန်တာကိုရောက်လာတော့ကားရပ်ဖို့ နေရာရှာရင်းနဲ့ 
ဟိုးခပ်ဝေးဝေးတနေရာမှာခိုကလေးတွေ ကားရပ်တဲ့နေရာမှာရှိနေတာကိုတွေ့ လိုက်ပါတယ်။
(ကိုယ်ကဒီနေရာလေးမှာ မကြာခဏ ဆိုသလိုခိုလေးတွေကိုအစာလာကြွေးနေကျပါ...။
သူတို့ ကပေါင်မုန့် လေးတွေသိပ်ကြိုက်တယ်...။)
ဒီအချိန်ဆိုရင် သူတို့ အစာမရှာတော့ပါဘူး...အိပ်တန်းတက်နေလောက်ပါပြီ...
ဘာလို့ အခုအဲဒီနားမှာရှိနေတာလဲလို့ ကိုယ်အနားကိုသွားကြည့်တော့...
ကိုယ်မြင်တွေ့ လိုက်ရတဲ့မြင်ကွင်းက ကိုယ့်ကိုအရမ်းကြေကွဲသွားစေပါတယ်...။
ခိုကလေးနှစ်ကောင်က ကားတိုက်ခံရလို့ နေရာမှာတင်သေဆုံးနေပြီး
သူတို့ နဲ့ မလှမ်းမကမ်း ပလက်ဖောင်းနားမှာတော့ဒဏ်ရာနဲ့ ဘယ်မှမသွားနိုင်တော့တဲ့
ခိုလေးတကောင်က ရွာထားတဲ့မိုး ရေအိုင်နားမှာလဲနေပါတယ်...။
သူ့ ကိုကြည့်ရတာအရမ်းကြောက်နေသလိုပါပဲ...
ကိုယ်သူ့ ကိုဖြေးဖြေးလေးမယူလိုက်တော့ သူ့ ကိုယ်လေးတုန်နေတယ်...။
ကိုယ့်ရဲ့ကားအနောက်ခန်းမှာမျက်နှာသုတ်ပုဝါလေးနဲ့ သူ့ ကိုနွေးအောင်ပတ်ပြီးထားလိုက်ပါတယ်။
သေဆုံးနေတဲ့ခိုကလေးနှစ်ကောင်ကိုတော့ကိုယ် ဒီအတိုင်းမထားခဲ့ရက်တာနဲ့ 
ပလပ်စတစ်အိတ်လေးတခုထဲမှာသေချာထည့်ပြီးကိုယ့်ခြံထဲမှာကောင်းမွန်စွာနဲ့ 
မြှုပ်ပေးဖို့ ယူလာခဲ့ပါတယ်...။

ခိုကလေးလန့် ပြီးထပျံမှာစိုးလို့ ကားကိုဖြေးဖြေးလေးမောင်းပြီးကိုယ်အိမ်ကိုပြန်လာခဲ့ပါတယ်။
တလမ်းလုံးကိုယ်စဉ်းစားခဲ့မိတယ်...။ ဒီခိုကလေးတွေကိုကားနဲ့ တိုက်လိုက်တဲ့သူဟာ
သူတို့ ရင်ထဲမှာနှလုံးသားရောရှိရဲ့လားလို့ ....ကိုယ်တွေးမိတယ်။
ခိုကလေးရဲ့နေရာမှာဝင်ပြီးခံစားကြည့်ပါလား..သူတို့ ဘယ်လိုများနေမလဲ ကိုယ်သိချင်တယ်။
ကားတိုက်ခံရပြီးသေဆုံးနေတဲ့အဲဒီခိုကလေးနှစ်ကောင်ဟာ အသက်မသေပဲကျန်နေခဲ့တဲ့ခိုကလေးရဲ့
သိပ်ချစ်ရတဲ့ မိဘလည်းဖြစ်ချင်ဖြစ်မယ်...သူချစ်တဲ့သူလည်းဖြစ်ချင်ဖြစ်မယ်...သူ ခင်မင်ရတဲ့
သူနဲ့ အတူပျံသန်းနေတဲ့သူ့ ရဲ့မိတ်ဆွေတွေလည်းဖြစ်ချင်ဖြစ်မယ်...အဲဒီလိုသူချစ်ရတဲ့သူတွေ
သူ့ အရှေ့ မှာသေဆုံးသွားပြီး သူကိုယ်တိုင်ကျတော့ ဒဏ်ရာတွေနဲ့ လဲပြီးဘယ်မှမပျံနိုင်ပဲ
ကယ်သူမဲ့နေတဲ့အခါ သူ့ ရင်ထဲမှာဘယ်လောက်များကြေကွဲနေရှာမလဲ...
ဘယ်လောက်များဝမ်းနည်းအားငယ်ပြီးကြောက်ရွံနေရှာမလဲ...
သူ့ ခမြာသေဘေးနဲ့ ရင်ဆိုင်နေရတာမဟုတ်လား...။
ကိုယ်တွေးရင်းသူ့ ကိုအရမ်းသနားနေမိတယ်...။
ပြီးတော့စာနာစိတ်မရှိတဲ့လူတွေကိုလည်းကိုယ်အံ့သြမိပါရဲ့............။

အိမ်ရောက်တော့သူ့ ကိုရေနဲ့ အစာလေးကြွေးကြည့်တော့
သူမစားဘူး...ဒီအတိုင်းပဲကြည့်နေတယ်...။
သူအရမ်းဝမ်းနည်းနေမှာပေါ့လေ...ဘယ်စားနိုင်မှာလဲ။
သူ့ ကိုနွေးနွေးထွေးထွေးလေးလုပ်ပြီးကိုယ်စာဖတ်နေတဲ့အခန်းမှာပဲထားလိုက်ပါတယ်။
နောက်နေ့ မနက်ကျတော့သူ့ ကိုယ်မှာရှိတဲ့ဒဏ်ရာတွေကိုကိုယ်ကြည့်တော့
သူ့ ရဲ့ခြေထောက်လေးတဖက်ညိုမဲပြီးယောင်နေတယ်...သူ့ ရဲ့အမြီးတွေတခြမ်းလုံးမရှိတော့ဘူး။
သူ့ ကျောကုန်းမှာလဲညိုမဲပြီးသွေးစလေးတွေရှိနေတယ်...။ သူကခိုအမကလေးပေါ့...။
ကိုယ်လည်းတရိစ္ဆာန်ဆေးကုဆရာဝန်ဆီသူ့ ကိုခေါ်သွားပြီးပြကြည့်မယ်လို့ စဉ်းစားမိရင်း
ကိုယ့်အိမ်နဲ့ သိပ်မဝေးတဲ့ဆေးခန်းလေးတခုကိုသွားပြပါတယ်။
ဟိုရောက်တော့ဆရာဝန်ကဘာပြောလဲဆိုတော့ ဒီခိုတွေကအိမ်မွေးတရိစ္ဆာန်မဟုတ်တဲ့အတွက်
သူတို့ မှာကုသခွှင့်မရှိဘူးတဲ့... သူတို့ ကိုသဘာဝတရိစ္ဆာန်တွေစောင့်ရှောက်တဲ့ဋ္ဌာနကိုပို့ 
လိုက်ပါတဲ့...။ အဲဒီဋ္ဌာနကဒီခိုလေးကိုဘာလုပ်ပေးမလဲလို့ မေးကြည့်တော့...
ဆရာဝန်ကပြောတယ်...သူတို့ က ကုကြည့်လို့ ရရင်ကုပြီးပြန်လွှတ်ပေးမယ်တဲ့...
ကုကြည့်လို့ မရရင်တော့ ဆေးထိုးပြီးသတ်လိုက်သတဲ့....။
ကြားရတာစိတ်မချမ်းသာလိုက်တဲ့ဖြစ်ခြင်းပါပဲ...။
ကိုယ်စဉ်းစားမိတာကဆရာဝန်ပြောတဲ့ဋ္ဌာနကိုပို့ လိုက်လို့ ဒီခိုလေးကို
ဆေးမကုပေးပဲသတ်လိုက်ရင်ဘယ့်နှယ့်လုပ်မလဲ...
သူ့ ကိုကိုယ်ကသေမင်းလက်ထဲသွားအပ်ပေးလိုက်သလိုဖြစ်နေတော့မှာပေါ့...။

ဒါနဲ့ ကိုယ်ဆုံးဖြတ်လိုက်တယ်...ကိုယ့်ဟာကိုယ်ပဲကုမယ်လို့ ဆိုပြီးတော့
သူ့ ကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်...။ အိမ်ရောက်တော့သူ့ ခြေထောက်လေးကို
ဆေးထည့်ပြီးပတ်တီးစည်းထားပေးလိုက်ပါတယ်...။
ပြီးတော့သူ့ ကိုအစာလေးကြွေးပြီးရေတိုက်တော့ သူဆာနေတယ်ထင်တယ်
အစာလည်းစားတယ် ရေလည်းသောက်တယ်...။
ကိုယ်လည်းသူ့ ကိုကြည့်ပြီးအရမ်းပျော်သွားတယ်...။
ဒီလိုနဲ့ တပတ်လောက်ကြာတော့သူ့ ခြေထောက်လေးကိုသူပြန်ထောက်လာနိုင်တယ်။
ဟိုဟိုဒီဒီလမ်းလျှောက်ပြီးသူသွားနိုင်လာတယ်...။
ဒါပေမယ့်သူ့ အမြီးကတ၀က်ပဲရှိတော့သူမပျံနိုင်ဘူး...။
ကိုယ်ကသူဘယ်တော့မှပျံနိုင်မှာမဟုတ်တော့ဘူးလို့ ထင်နေတာပေါ့...။
အံ့သြစရာကောင်းတာက နှစ်ပတ်လောက်ကြာတော့သူ့ အမြီးလေးတွေ ပြန်ပေါက်လာတယ်။
နေပြန်ကောင်းလာတော့သူကအိမ်မှာဗိုလ်ကျနေတော့တယ်...။
သူကဆိုဖာပေါ်မှာပဲနေတယ်...တခြားဘယ်နေရာမှသူ့ ကိုထားလို့ မရဘူး။
သူမနေဘူး...။ နေ့ ရောညရောအဲဒီနေရာမှာပဲနေတယ်..။
သူစွန့် တဲ့အညစ်အကြေးတွေကိုကိုယ်ကဒိုင်ခံပြီးလိုက်သိမ်းပေါ့လေ...။ :)
ဒီလိုနဲ့ သူအိမ်ထဲမှာလိုက်ပျံပြီးသွားကြည့်တယ်...သူတော်တော်ပျံနိုင်လာတယ်။

ဒီနေ့ တော့ခိုကလေးနဲ့ ကိုယ်နှုတ်ဆက်ခွဲခွါရမယ့်နေ့ ပါပဲ...။
ကိုယ့်စိတ်ထဲမှာဝမ်းနည်းနေသလိုပါပဲ...။ အော်...သံယောဇဉ်....
သူ့ ကိုသူကျင်လည်ကျက်စားရာနေရာလေးကိုခေါ်လာတော့သူပျော်နေတဲ့ပုံပါပဲ...။
သူ့ အဖေါ်တွေဟိုးတိုက်ခေါင်မိုးပေါ်မှာရှိနေကြတယ်...။
ကိုယ်ဝယ်လာတဲ့ပေါင်မုန့် လေးတွေဖြန့် ကျဲလိုက်တော့သူတို့ လေးတွေပျံဆင်းလာကြတယ်။
အဲဒီအခါကျမှကိုယ့်ငှက်ကလေးကိုသူတို့ နဲ့ အတူပျံလိုက်သွားလို့ ရအောင်
သူတို့ အနားမှာလွှတ်ပေးလိုက်တယ်...။ အစာစားပြီးတော့ကိုယ့်ငှက်ကလေး
ဟိုးအဝေးကြီးကိုသူ့ အဖေါ်တွေနဲ့ အတူလိုက်ပျံသွားတော့တယ်...။
ပျော်ရွှင်ပါစေငှက်ကလေးရေ..............................။

ခိုကလေးတကောင်ကိုကယ်တင်ခွှင့်ရလိုက်တဲ့ကျန်ရစ်သူ
ကိုယ့်ရင်ထဲမှာတော့ဖေါ်မပြနိုင်တဲ့ကြည်နူးမူ့ တွေနဲ့ ပါပဲ...........။