Thursday, July 28, 2011

*ဆရာတော်ကြီးများ၏အဆုံးအမများ*


ပန်းနံ့ထက် သီလနံ့က ပိုမွှေး
အပ္ပမတ္တေ အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။ ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။ (ဓမ္မပဒပါဠိတော်)

တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာ မွှေး၏။
သီလရှိသူတို့၏ သတင်းအနံ့ သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။

Faint is the fragrance of tagara and sandal,
but excellent is the Fragrance of the virtuous, wafting even amongst the gods


***************************

မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်...။
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)

၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနဂုဏ်ရည်မှ)

***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ ဗုဒ္ဓမြတ်စွာ လျောင်းလျာတုန်းက၊
နောက်ဆုံးအထိ ပါရမီ။ လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊ ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊ ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

***************************


လူမိုက်ဆိုတာ မကောင်းမှုကို ပျားရည်လိုထင်
(ပါဠိ) မဓူဝ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။
(မြန်မာ) “ လူမိုက်သည် မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။ မကောင်းမှု အကျိုးပေးသောအခါ လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
မြတ်ဗုဒ္ဓ (ဓမ္မပဒပါဠိတော်)

***************************
ကိုယ့်လမ်းကို လျှောက် အများအကျိုး၊ ရွက်သည်ပိုးက။
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊
ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။
(ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)

***************************

လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊
လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊ လမ်းတွက် မဟုတ်ပေ။ ၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။ ၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊ သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။ (မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)

***************************

ဘုရားရှင်ကျေးဇူးတော်

၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။ ၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။ ၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
ပဋိပတ်နှစ်ဖြာ၊ သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊ လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။ (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


***************************
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ မနေရလို့၊ သေရသောခါ၊
ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။ ပစ္စည်းအစုစု၊ တစ်ခု မပါ၊ ကိုယ်ပြုထား၊ ကံများ သူတို့ပါ။ (တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)

***************************

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း

၁။
မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါိ ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါိ အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)

***************************
သေဘို့အချိန် ရှိရဲ့လား
အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။

ကွေ့ကြသူငှါ၊ ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။
သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။

တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။

ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။

အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။ အချိန်မရ၊ သင့်ဘ၀၊
သေမှ ဒုက္ခတွေ့လိမ့်မည်။
အချိန် မအား၊ စောင့်ရန်တား။
ဆိုင်းထားသေမင်း မရှိပြီ။

သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။ ။
(အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ )

***************************

ခန္ဓာ့အသွင် စိတ်ထားပြင် *
အသက်တွေကြီးလာပြီ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။ *
သွားတွေ ကျိုးနေပြီ၊ မာန်စွယ်တွေ မကျိုးကြသေးဘူးလား။ *
အရေတွေ တွန့်နေပြီ၊ မကောင်းမှု အကုသိုလ်တွေပြုရတာ မတွန့်ကြသေးဘူးလား။ *
ဆန်ပင်တွေ ဖြူနေပြီ၊ စိတ်ထားတွေ မဖြူကြသေးဘူးလား။ *
ခါးတွေ ကိုင်းနေပြီ၊ ကမ္မဋ္ဌာန်း ဘာဝနာဘက် မကိုင်းကြသေးဘူးလား။ *
မျက်စေ့တွေ မှုန်ဝါးနေပြီ၊ နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။ *
ဒီအခြေအနေရောက်တာတောင် မပြင်ရင် အပါယ်လေးခွင် သွားဖို့သာ ပြင်ကြပေတော့။ ။

***************************
အကုသိုလ်တား ကုသိုလ်ပွား *
အကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ
“လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။

လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင် အကုသိုလ်စိတ်မဖြစ်နိုင်။ * ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ “အလောဘ၊ အဒေါသ၊ အမောဟ” တို့ကြောင့်ဖြစ်ရ၏။
အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်အောင် ဆင်ချင် ပွားများ တိုးပွားနိုင်လျှင် ကုသိုလ်စိတ်များဖြစ်၏။ (အလောဘ=မလိုချင်မှု၊ အဒေါသ=မေတ္တာ၊ အမောဟ= ဉာဏ် ပညာ။)
လောဘ၊ဒေါသ၊မောဟ စိတ်ဖြင့် မပြုလုပ်ပါနဲ့ လောဘော အတ္ထံ န ဇာနာတိ။
(လောဘသည် အမှား-အမှန်ကို မသိ)
ဒေါသော အတ္ထံ န ဇာနာတိ။
(ဒေါသသည် အမှား-အမှန်ကို မသိ)
မောဟော အတ္ထံ န ဇာနာတိ။
(မောဟသည် အမှား-အမှန်ကို မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ ဉာဏ်ပညာမဖြစ်နိုင်၍
အမှား-အမှန်ကို ဆင်ချင်သိနိုင်စွမ်းမရှိ။ အကျိုးမဲ့အမှားများကိုသာ ပြုမိတတ်၏၊
ထို့ကြောင့် ယင်းစိတ်များဖြစ်ခိုက်မှာ ဘာမှမပြုမိပါစေနှင့်၊

ဘာမှ မဆုံးဖြတ်ပါလေနှင့်။ မြင့်မြတ်သူနှင့် ယုတ်ညံ့သူ စိတ်ဓါတ် မြင့်မြတ်သူတို့သည် ကုသိုလ်အဖြစ်များလေ့ရှိ၏။ စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည် အကုသိုလ် အဖြစ်များလေ့ရှိ၏၊ စိတ်ဓါတ် မြင့်မြတ်သူတို့သည် တစ်ပါးသူ၏ အကုသိုလ်မှုကို မတုန့်ပြန် သိခံနိုင်စွမ်းရှိ၏။
စိတ်ဓါတ်နှိမ့်ကျ ယုတ်ညံ့သူတို့သည် တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။
မကောင်းမှုကို ကတ်ကတ် လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း အဘိဇ္ဈာ ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။ စိတ်ပျော့သူထဲ ရန်ညိုစွဲ တစ်ပါးသူ စိတ်ဆိုးတိုင်း ကိုယ်ကပြန်စိတ်ဆိုးရင် ကိုယ့်စိတ် နုနေသေး၏။ မြေပျော့ရင် ခြေရာထင်သလို စိတ်ပျော့ရင် အငြိုးအတေး စွဲထင်၏။ အငြိုးကြီးတတ်၏။ ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ ထားခဲ့တဲ့ ရန်ငြိုးကြောင့် သံသရာတလျှောက်လုံး ဘုရားလောင်းအား ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊
အ၀ီစိငရဲသို့လဲ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။
သူတပါးအား ဖျက်ဆီးလိုသောရန်ငြိုးသည် မိမိကို ဖျက်ဆီး၏။

***************************
မကြာမီ ၀ဋ်လည်တတ်သည် *
မိဘအပေါ် ဆိုးသူသည် သားဆိုးသမီးဆိုး ရတတ်၏။ *
ယောက္ခမအပေါ် ဆိုးသူသည် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။ *
ဆရာသမားအပေါ် ဆိုးသူသည် တပည့်ဆိုးနှင့်တွေ့ရတတ်၏။ *
သူငယ်ချင်းအပေါ် ဆိုးသူသည် သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
ကိုယ်ဆိုးလျှင် ကိုယ့်ပတ်ဝန်းကျင်က ဆိုးလိမ့်မည်။
ကိုယ်ကောင်းလျှင် ကိုယ့်ပ၀တ်ဝန်းကျင်က ကောင်းလိမ့်မည်။

( သိပ်တန်ဘိုးရှိတဲ့အဆုံးအမတွေပါ...မိမိကဲ့သို့ ဆရာတော်များ၏ အဆုံးအမများကိုနာယူဖို့ လိုအပ်နေသေးသောဓမ္မမိတ်ဆွေများအတွက်...)
အရှင်တေဇနိယ ဓမ္မဆိုဒ်မှ ကူးယူဖေါ်ပြခြင်းပါ...။



Friday, July 22, 2011

မသူတော်နှင့်တွေ့ သောခါဝယ်


မသူတော်ကို မခံချင်စိတ်နဲ့ သတိလက်လွတ် တုန့် ပြန်လိုက်မိတဲ့ အကျိုးဆက်က အင်မတန်မှဆိုရွားလှပါတယ်။

မဆိုင်တဲ့သူတွေလည်း ကိုယ့်ကြောင့်နဲ့ စိတ်အနှောက်အယှက်ပေးသလိုဖြစ်သွားမိတယ်။

စိတ်မကောင်းလိုက်တာ…. သူတို့ ခမြာဘာမသိညာမသိနဲ့ အလည်ကြားကဓါးစာခံလိုဖြစ်လို့ ……

ကိုယ်ကတော့ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုမျိုးပေါ့လေ….

ဘာမှမဆိုင်တဲ့သူတွေကိုဆွဲထည့်ပြီး ထိကပါးရိကပါး လုပ်နေတာကို မခံချင်လို့ တုန့် ပြန်လိုက်တဲ့

အကြောင်းတရားက ကိုယ့်ကိုစိတ်ဒုက္ခပေးသွားတော့တာပါပဲ။

ပုထုစဉ်ပီပီ သူခိုးကလူပြန်ဟစ်သလိုမျိုး ခံစားလိုက်ရတော့ စိတ်ထဲမှာ သတိလက်လွတ်ဖြစ်သွားပါရောလား…..

ဆရာတော်တွေ သံဃာတော်တွေရဲ့ အဆုံးအမတွေကို ဒီလောက်ဖတ်ရှု့ ပြီး ကိုယ့်စိတ်ကိုဆုံးမနေတာတောင်မှပဲ

သတိကလွတ်သွားရသေးတယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးပါဘူး……။

အမှန်တကယ်တော့အဲဒီမသူတော်ကို ဥပေက္ခာပြုထားပြီးသားပါ…. ဒါပေမယ့် မရမက

လိုက်ပြီးနှောက်ယှက်နေတာကို

မခံနိုင်တဲ့အဆုံး တုံ့ ပြန်လိုက်မိတာပါပဲ……။

အဲဒီမသူတော်နဲ့ တွေ့ ပြီးမှ ၀င်လိုက်တဲ့အကုသိုလ်တွေ အပုံလိုက်ပါပဲ….။

အမှိုက်လိုလူတွေနဲ့ တွေ့ ရတဲ့အခါမှာ ကိုယ်လည်းအမှိုက်တွေကို မလိုချင်ပဲရလိုက်ပါတယ်…။

ဒီပုဂ္ဂိုလ်မှာဟီရိသြတပတရားဆိုတာလုံးဝ မသိ မရှိတဲ့အပြင် လောကကြီးမှာ အရှက်နဲ့ လူလုပ်တာမဟုတ်ပဲ

အသက်နဲ့ လူလုပ်နေတဲ့အင်မတန်မှယုတ်ညံ့တဲ့လူအမျိုးအစားပါပဲ…. ။

မျက်နှာကလည်းပြောင်လိုက်တာမှလွန်စွာပါပဲ….ဗြောင်လိမ်ဗြောင်စားနဲ့ လူတွေကြားထဲမှာ

သိုးရေခြုံထားတဲ့ဝံပုလွေလို

ခပ်တည်တည်နဲ့ သူတော်ကောင်းယောင်ဆောင်ပြီးသွားနေလိုက်တာများ

နေရာလွတ်တကွက်တောင်မရှိလောက်အောင်ပါပဲ….။

သြချ လောက်စရာကောင်းတဲ့သူယုတ်မာပါပေ…..။

ဒေ၀ဒတ်ကတော့ သူပြုတဲ့အကုသိုလ်တွေ များပြားလာပြီးအရှိန်အဟုန်နဲ့ အကျိုးပေးတဲ့အခါမှာတော့

အရှင်လတ်လတ် မြေမြိုခံလိုက်ရပြီး အ၀ီစိကိုရောက်သွားရတာပဲ….။

အခုလည်းအဲဒီပုဂ္ဂိုလ်ဟာ တို့ မီးရှို့ မီးလုပ်ပြီး

လူတကာကိုအနှောက်ယှက်လိုက်ပေးနေတာကြာပါပြီ...

လူပေါင်းများစွာဟာလည်းအဲဒီမသူတော်ရဲ့

ကောက်ကျစ်စဉ်းလဲလိမ်လည်လှည့်စားမူ့ တွေကို

ဘာမှမသိပဲခံနေကြရရှာတာပါ...

လူတွေတင်မက ရဟန်းသံဃာတော်တွေပါမကျန်

ယုတ်ယုတ်မာမာဟန်ဆောင်လိမ်ညာတာပါ..... ဒီပုဂ္ဂိုလ်ရဲ့အကုသိုလ်ကတော့

အင်မတန်မှကြောက်စရာကောင်းပါတယ်….။ ထိုသူယုတ်မာကို လောကကြီးက

ဒဏ်ခတ်တဲ့တနေ့ တော့ မရူ့ မလှခံရမှာပါ...

အခုနေတော့ ဒီအကုသိုလ်တွေ အကျိုးပေးချိန်မတန်သေးသ၍

သူလုပ်သမျှဟုတ်လှပြီလို့ အထင်ကြီးပြီး ယုတ်မာချင်သလိုယုတ်မာလိုက်ဦးပေါ့......

မိမိလုပ်တဲ့အကုသိုလ် မိမိဆီကိုပြန်ရောက်လာ ရင်တော့လောက သဘာဝအတိုင်းခံစားရမှာပါ…။

သူတော်ကောင်းတွေဆိုတာကတော့ ဘယ်သူယုတ်မာ ဘယ်လို ဒုက္ခပေးပေး တွေ့ စဉ် ခဏပဲ ခံစားရတာပါ…။

ပြီးရင်တော့ ဓမ္မတရားရဲ့ အရိပ်အောက်မှာ နှလုံးစိတ်ဝမ်းငြိမ်းချမ်းနေတာပါပဲလေ……။


"မသူတော်နှင့်တွေ့ သောခါဝယ်"

နှလုံးစိတ်ဝမ်း

ညစ်နွမ်းခြင်းဖြင့်

ငြိုးနွမ်းပင်ပမ်း

လောင်ကျွမ်းအကုသိုလ်

ငါ၏ကိုယ်အား

နေအစင်းစင်းပူပြင်းစေခဲ့….


ထိုသို့ ခံစား

လောင်ကျွမ်းသော်ငြား

ငါ၏စိတ်ထား

ယုတ်ညံ့သွားသည်

မရှိလေခဲ့….


သူတော်သူမြတ်

အားကိုးရာဟု

ဗုဒ္ဓစကားရှိသောခါဝယ်

နှလုံးစိတ်ဝမ်း

ငြိမ်းချမ်းခြင်းဖြင့်

ပိန်းကြာရွက်ပေါ်

ရေမတင်သို့ 

ထိုအကုသိုလ်

အစုစုတို့ 

ငါ့အားမတရား

နှိပ်စက်ခြင်းငှာ

မစွမ်းသာသည်

ဖြစ်ရလေ၏…


ဤကား

မမှိတ်မသုံ

ငါယုံကြည်သော

ဓမ္မတရား၏တန်ခိုးတည်း…။



ဖတ်မိသမျှဓမ္မတရားများကောက်နှုတ်ချက်


ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။

မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။

( ထွန်းထွန်းလှိုင်ရေးသားသော လောကီ၊ လောက္ကုတ်နှစ်ဖြာ ချမ်းသာကြီးပွားကြောင်းတရားများမှ…)


ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။

“အကြင်သူသည် သဒ္ဓါသော စိတ်ဖြင့် (အင်မတန်ထက်သန်သော သဒ္ဓါတရားဖြင့်)ပေးလှူတယ်။ ထိုသူ၏ အကျိုးကတော့ ယခုဘဝမှာရော တမလွန်ဘဝမှာပါ အစဉ်တစိုက် လိုက်ပါလေတယ်။ ဒါကြောင့် “ဝန်တိုခြင်းကို ဖျောက်ပြီး အလှူကိုပေးတတ်ကြကုန်၏။ ကုသိုလ်ပုည ဟူသမျှသည် တမလွန်လောကမှာ သတ္တဝါတို့၏ မှီရာ တည်ရာ အားထားရာ ဖြစ်၏”လို့ဟောတော်မူပါတယ်။


( အရှင်ဝိမလ ( မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရေးသားသော ဒါန( ၃ ) မျိုး မှ…… )

မသေချာတာတွေနဲ့ ဝေ့မနေဘဲ သေချာတာကိုပဲ လုပ်ရမှာပါ။ သွားလေသူ နည်းတူပဲ ကျန်ရစ်သူတွေလည်း တစ်နေ့ သေလမ်းရောက်ကြရမှာပါ။ သွားမည့်သူတွေပေါ့။ အဲဒီလို ဘဝကူးတဲ့အခါ ကျန်ခဲ့တဲ့ သားမြေးတွေက မိမိတို့အတွက် ရည်စူးပြီး ကုသိုလ်ပြုကြပါလိမ့်ဦးမယ်။ အဲဒါကို မိမိတို့ သာဓုခေါ်ခွင့် ရကြပါ့မလား။ မသေချာပါဘူး။ ပုထုဇဉ်တို့ သဘာဝအတိုင်း သံသရာမှာ ပရမ်းပတာ ကျင်လည်ရရင် သားမြေးတွေရဲ့ အမျှဝေသံဆိုတာ ကိုယ်နဲ့မဆိုင်သလောက် ပါပဲ။ ဘဝကူးပြီးမှ သူများဆီက ကုသိုလ်အမျှကို လက်ဝေခံလုပ်ရတာ မသေချာပါဘူး။ ဒီတော့ မသေခင် ကတည်းက ကိုယ်ပိုင်ကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ထားရပါမယ်။ ကိုယ့်ရိက္ခာ ကိုယ်စုထားရပါမယ်။ ဒါမှသာ ဂတိကောင်းမယ်။ သံသရာ အတွက်စိတ်အေးရမယ် မဟုတ်ပါလား။


( အရှင်အာစာရ ( MR MRT ) ရေးသားသော Provision- ရိက္ခာမှ……)

Tuesday, July 19, 2011

Gandhism



( 1 ) You must be the change you want to see in the world.

( 2 ) Freedom is not worth having if it does not include the freedom to make mistakes.

( 3 ) Happiness is when what you think, what you say, and what you do are in harmony.

( 4 ) The weak can never forgive. Forgiveness is the attribute of the strong.

( 5 ) Whatever you do will be insignificant, but it is very important that you do it.

( 6 ) You must not lose faith in humanity. Humanity is an ocean; if a few drops of the ocean are dirty, the ocean does not become dirty.

( 7 ) An eye for an eye makes the whole world blind.

( 8 ) Nobody can hurt me without my permission.

( 9 ) Whenever you are confronted with an opponent. Conquer him with love.

( 10 ) God has no religion.


( 11 ) Earth provides enough to satisfy every man’s need, but not every man’s greed.

( 12 ) You can chain me, you can torture me, you can even destroy this body, but you will never imprison my mind.

( 13 ) Men often become what they believe themselves to be. If I believe I cannot do something, it makes me incapable of doing it. But when I believe I can, then I acquire the ability to do it even if I didn’t have it in the beginning.

( 14 ) An error does not become truth by reason of multiplied propagation, nor does truth become error because nobody sees it.

( 15 ) You may never know what results come of your action, but if you do nothing there will be no result.

( 16 )The only tyrant I accept in this world is the still voice within.

( 17 ) There is more to life than simply increasing its speed.

( 18 ) Suffering cheerfully endured, ceases to be suffering and is transmuted into an ineffable joy.

( 19 ) Live as if you were to die tomorrow. Learn as if you were to live forever.

( 20 ) To believe in something, and not to live it, is dishonest.


Many people,especially ignorant people, want to punish you for speaking the truth,

for being correct, for being you.

Never apologize for being correct, or for being years ahead of your time.

If you are right and you know it, speak your mind.
Even if you are minority of one, the truth is still the TRUTH.

It has always been a mystery to me how men can feel themselves honored by
the humiliation of their fellow beings.






Unlike physical beauty,
a beautiful mind can be developed.

One can easily practise random acts of kindness,
forgiveness and do something for others ,
give as much as they can
and
soon would be able to build
a beautiful character
with a beautiful mind.

Though it takes a life time to practise
having a beautiful mind,

its worthwhile because one gets rewarded
with the most special gifts life has to offer.
Peace of mind, unlimited smiles,
blessings,
love and most of all an untarnished mind

that can't think of anything bad for others .

A mind that revels and rejoices in others
triumphs
without looking for a share of it ….in all a mind
that is unclouded by hate.


“A man is but the product of his thoughts what he thinks, he becomes.”-

( Mahatma Gandhi )






Monday, July 18, 2011

ကျွန်ုပ်၏တပိုင်းတစ ဒဿနများ ( 3 )


ကျွန်ုပ်သည်

သူတော်ကောင်းအား

ချစ်ခင်၏

နှစ်သက်၏

မြတ်နိုး၏

ယုံကြည်၏

လေးစား၏

ကြည်ညို၏

ကိုးကွယ်၏

ဆည်းကပ်၏

ပူဇော်၏ …။


ကျွန်ုပ်သည်

ထိုသူတော်ကောင်းအား အသက်ပေး၍

ကာကွယ်စောင့်ရှောက်ရမည်ဟုဆိုသော်

လောကကောင်းကျိုးအတွက်

ကျွန်ုပ်၏အသက်အားပေးဆပ်၍

ကာကွယ်စောင့်ရှောက်ပါရစေ…


ကျွန်ုပ်သည်

သူယုတ်မာအား

မချစ်ခင်

မနှစ်သက်

မယုံကြည်

မလေးစား

မကြည်ညို

မကိုးကွယ်

မဆည်းကပ်

မပူဇော်…။


ကျွန်ုပ်သည်

ထိုသူယုတ်မာအား အသက်ပေး၍

ဖယ်ရှားရမည်ဟုဆိုသော်

လောကကောင်းကျိုးအတွက်

ကျွန်ုပ်၏အသက်အားပေးဆပ်၍

ဖယ်ရှားပါရစေ…


သူတော်ကောင်းသည်

ကျွန်ုပ်၏ ဘဝ

ကျွန်ုပ်၏ လမ်းပြ

ကျွန်ုပ်၏ အလင်းရောင်


သူယုတ်မာသည်

ကျွန်ုပ်၏ ဆူးညှောင့်

ကျွန်ုပ်၏ အန္တရာယ်

ကျွန်ုပ်၏ အပါယ်တံခါး


ထိုသူယုတ်မာတို့ 

မရဏမင်း၏

အ၀ီစိတွင်းဝသို့ မရောက်ခင်

လောကကြီးကိုလောင်ကျွမ်းစေခဲ့သောအကုသိုလ်မီးတို့ အား

မြတ်သော ဓမ္မတရားဖြင့် ငြိမ်းနိုင်စေသား……။



Saturday, July 9, 2011

Give Me Strength


This is my prayer to thee, my lord---strike,

strike at the root of penury in my heart.

Give me the strength lightly to bear my joys and sorrows.

Give me the strength to make my love fruitful in service.

Give me the strength never to disown the poor or

bend my knees before insolent might.

Give me the strength to raise my mind high above daily trifles.

And give me the strength to surrender my strength to thy will with love.


Rabindranath Tagore