Thursday, March 25, 2010

လူမိုက်၏သဘော ( ၈ ) ( ဟိတောပဒေသမှ )



ပညာရှိတို့ ၏အချိန်ကာလသည်ကဗျာကျန်းဂန်တို့ ကိုကြည့်ရှု့ ဖတ်ရွတ်ခြင်းဖြင့်ကုန်ဆုံးကျော်လွန်၏။ လူဖျင်းလူမိုက်တို့ ၏အချိန်ကာလသည်ဒုစရိုက်မူ့ ကိုကျူးလွန်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အိပ်ခြင်းဖြင့် လည်းကောင်း ၊ ခိုက်ရန်ဒေါသဖြစ်ခြင်းဖြင့်လည်းကောင်း ကုန်ဆုံးကျော်လွန်၍သွား၏။

သောကဖြစ်ကြောင်း ထောင်းပေါင်းများစွာတို့ သည်လည်းကောင်း၊ ဘေးဖြစ်ကြောင်းရာပေါင်းများစွာတို့ သည် လည်းကောင်၊ နေ့ စဉ်ရက်ဆက်လူမိုက်တို့ ထံသို့ ရောက်လာကုန်၏။ ပညာရှိထံသို့ ရောက်လာခြင်းမရှိပေ။

တရားကျမ်းဂန်နှင့် ဝေဒကျမ်းဂန်ကိုရွတ်ဖတ်ခြင်းသည်လူမိုက်အတွက်လူကောင်းဖြစ်ရန်
အကြောင်းရင်းမဟုတ်ပေ၊ နွားနို့ သည်ပင်ကိုယ်သဘာဝအားဖြင့်သာလျှင် ချိုမြိန်သကဲ့သို့ ပင်ကိုယ်သဘာဝသည်သာလျှင်အကြောင်းရင်းပဓာနဖြစ်သည်။

ကျမ်းကြီးကျမ်းခိုင်တို့ ကိုသင်ကြားတတ်မြောက်၍ ယုံမှားသံသယတို့ ကိုဖြေရှင်းနိုင်သည့်ဗဟုသုတရှိ ပညာရှင်တို့ သော်မှလောဘဖြင့်ဖုံးလွှမ်းနေလျှင် ဆင်းရဲဒုက္ခရောက်ကြရကုန်၏။ လောဘကြောင့် ဒေါသဖြစ်၏၊ လောဘကြောင့် ကာမတဏှာဖြစ်၏။ လောဘကြောင့်မောဟဖြစ်၏။ လောဘကြောင့်ပျက်စီးရ၏။ လောဘသည် မကောင်းမူ့ ၏အရင်းခံဖြစ်၏။

စက္ခုစသော က္ကနြေ္ဒတို့ ကို မစောင့်စည်းခြင်းသည် ဘေးရန်၏လမ်းကြောင်းဖြစ်၏ ။ စက္ခုစသော က္ကနြေ္ဒတို့  ကိုအောင်နိုင်ခြင်းသည် ချမ်းသာသုခ၏ လမ်းကြောင်းဖြစ်၏ ။

လူမိုက်နှင့်အတူတကွ ရန်လည်းမပြုသင့်ပေ၊ ချစ်ခင်ပေါင်းသင်းခြင်းလည်းမပြုသင့်ပေ ။
မီးကျည်ခဲသည် ပူခိုက်ဖြစ်မူ ကိုင်သောလက်ကိုလောင်တတ်သည်။ အေးခိုက်ဖြစ်မူ မည်းညစ်စွန်းပေတတ်သည်။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Thursday, March 18, 2010

လူမိုက်၏သဘော ( ၇ )



မြွေသတ္တ၀ါအားနို့ ရည်တိုက်ခြင်းသည် အဆိပ်ပွားစေရုံသက်သက်သာလျှင်ဖြစ်လေသည်။
ထိုနည်းအတူ လူမိုက်တို့ အား ပြောဆိုညွှန်ပြ ဆုံးမခြင်းသည် ထိုလူမိုက်အား
အမျက်ပွားစေရုံသက်သက်သာလျှင်ဖြစ်စေသည်။

စဉ်းလဲကောက်ကျစ်သူသည် မိမိကြီးပွားရေးအတွက် သူတပါးအားမကောင်းကြံတတ်လေ၏။
ထိုကဲ့သို့ သောသူယုတ်မာနှင့်နှင့်ပေါင်းသင်းဆက်ဆံခြင်းသည် ကိုယ်မှီခိုရာကို ကိုယ်လောင်ကျွမ်းတတ်သော
မီးကဲ့သို့ လောင်ကျွမ်း ပျက်စီးတတ်လေသည်။

မိုက်မဲ၍ဆင်ခြင်တုံတရားမရှိသော အုပ်ချုပ်သူမင်း၊
လောဘရမက်အလွန်ကြီးသော မင်းခစား၊
လင့်အလိုကိုမလိုက် ငြူစူဆဲဆိုတတ်သော မိန်းမ၊
ဂတိမတည် လိမ်လည်လှည့်စားတတ်သော မိတ်ဆွေ၊
အပျင်းကြီး၍ ဆင်ခြေဆင်လက်ထူသော ကျေးကျွန်၊
မေ့လျှော့ပေါ့ဆ မောက်မာတတ်သော အကြီးအကဲ၊
သူတပါး၏ကျေးဇူးကိုမသိတတ်သော လူမိုက်၊
ဤခုနှစ်ဦးကိုစွန့် ပြစ်ထိုက်သည်။

သူယုတ်မာပြုကျင့်သော မကောင်းမူ့ သည် အပြစ်ကင်းသူ
သူတော်ကောင်းသို့ လာရောက်အကျိုးပေးတတ်လေသည်။

သူယုတ်မာတို့ ၏ ပြုံးရွှင်စွာပြောဆိုသော ချစ်ခင်နှစ်သက်ဖွယ်စကားတို့ သည်
အတိတ်နမိတ်ပြသော အခါမဲ့ပန်းကဲ့သို့  အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Wednesday, March 17, 2010

လူမိုက်၏သဘော ( ၆ )




စိတ်သည် လိုရာအာရုံကိုလိုက်စားလျှက် အလိုရှိတိုင်းကောင်းနိုးရာရာ လှည့်လည်ကျက်စားလေ့ရှိ၏။ ထိုစိတ်ကိုဆင်ထိန်းသည်အမုန်ယစ်သောဆင်ကိုချွန်းဖြင့်နှိမ်သကဲ့သို့ သတိတရားဖြင့်နှိမ်ပေးအံ့။

ကုသိုလ်ကောင်းမူ့ တို့ ကိုမြန်မြန်ပြုရာ၏။ စိတ်ကိုမကောင်းမူ့ မှတားမြစ်ရာ၏။ ကုသိုလ်ကောင်းမူ့ အပြုနှေးသောသူ၏စိတ်သည် မကောင်းမူ့ ၌မွေ့ လျှော်တတ်၏။

သူတော်ကောင်းတို့ သည်မမေ့လျှော့သောသတိတရားထား၍ကိလေသာညွံအတွင်းမှ
မိမိကိုယ်ကိုနှုတ်ထုတ်ကြကုန်၏။
စိတ်ထားယုတ်မာသူတို့ သည် စိတ်၌တမျိုး၊ စကား၌တမျိုး၊ အလုပ်၌တမျိုးဖြစ်၏။ (ပါးစပ်ကဘုရားဘုရား၊ လက်ကကားယားကားယား)
စိတ်ထားမြင့်မြတ်သူတို့ သည်ကားစိတ်၌လည်းကောင်း၊ စကား၌လည်းကောင်း၊ အလုပ်၌လည်းကောင်း တသမတ်တည်း တစ်သဘောတည်းဖြစ်လေသည်။

အကြင်သူသည် လူမိုက်တို့ နှင့် ဆက်ဆံပေါင်းသင်းခြင်းကိုမပြု၊ ထိုသူသည် အသက်ရှည်ရှည်တည်နေရ၏။ အကြင်သူသည် သူယုတ်မာတို့ နှင့် ဆက်ဆံပေါင်းသင်းခြင်းကိုပြု၏။ ထိုသူသည် ဆင်းရဲတွင်းသို့ ကျဆင်းရလေသည်။

အကြင်သူသည် အကျိုးရှိမရှိကို ဆင်ခြင်တိုင်းထွာတတ်သည့်အသိဥဏ်မရှိ ဗဟုသုတခေါင်းပါး၏။ ၀မ်းဝရုံလောက်သာလျှင်သိ၏။ ထိုပညာခေါင်းပါးလူ့ ငနွားနှင့် တိရိစ္ဆာန်နွား ဘာထူးခြားချက်မှမရှိချေ။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Tuesday, March 16, 2010

လူမိုက်၏သဘော ( ၅ )


ကိလေသာစိတ်တို့ ဖြင့်သာအချိန်ကုန်၍ ပေါ့တန်ပျင်းရိလုံလမရှိသော သူ၏ အနှစ်တရာပတ်လုံးအသက်ရှည်ခြင်း ထက် ကိလေသာကင်းကြောင်းကောင်းစွာအားထုတ်သောသူ၏တစ်ရက်မျှအသက်ရှည်ခြင်းသည်သာ၍မြတ်၏။

ပစ္စုပန်၊ တမလွန်နှစ်တန်သော ဘ၀တို့ ၌အကြောင်းအကျိုးမသိ။ ပညာမရှိသောလူမိုက်တို့ သည်မေ့မေ့လျှော့လျှော့အချိန်ဖြုန်းကြ၏။
ပညာရှိသောသူသည်ကားမမေ့မလျှော့သောသတိတရားကိုမြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏

လူမိုက်တို့ သည်ဤလောက၌မိမိတို့ အမြဲမနေ၊ သေရဦးမည်ကိုမအောင့်မေ့မဆင်ခြင်ပဲ ခိုက်ရန်ပွားကုန်၏။
ပညာရှိတို့ သည် မိမိတို့ အမြဲမနေ၊ သေရဦးမည်ကို သိမြင်ဆင်ခြင်ကြ၍ လူမိုက်တို့ ကိုမတုပဲခိုက်ရန်ငြိမ်းအောင် ပြုကြ၏။

ငါ၏အနည်းငယ်မျှသော မကောင်းမူ့ သည်အကျိုးမပေးလတ္တံဟုမကောင်းမူ့ ကိုမထီမဲ့မြင်မမှတ်ရာ။ မိုးပေါက်ကျဖန်များသော် ရေအိုးကြီးပင်ပြည့်လေသကဲ့သို့  မကောင်းမူ့ ကိုအနည်းငယ် အနည်းငယ် ပြုဖန်များ သောသူမိုက်သည် မကောင်းမူ့ နှင့်ပြည့်လေ၏။

လေညာသို့ ပစ်လွှတ်လိုက်သော မြူမှုန်သည် ထိုပစ်လွှတ်လိုက်သောသူ၏ အပေါ်သို့ သာ ပြန်ကျသကဲ့သို့  မပြစ်မှားထိုက်သော အပြစ်စင်ကြယ်သော ကိလေသာကင်းသော ပုဂ္ဂိုလ်ကိုပြစ်မှားလျှင် ထိုသူမိုက်သာလျှင် မကောင်းကျိုးပေး၏။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Wednesday, March 3, 2010

လူမိုက်၏သဘော ( ၄ ) ( ဓမ္မပဒမှ )


*** အိပ်မပျော်သောသူ၏ ညသည်ရှည်၏။ ခရီးပမ်းသောသူ၏တယူဇနာခရီးသည်ရှည်၏။
သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်အတွက် သံသရာသည်ရှည်၏။

*** ယခုဘ၀၊ နောင်ဘ၀များ၏ ကျိုးကြောင်းမမြင် အဆင်အခြင် ဥာဏ်ပညာမရှိကြကုန်သော လူမိုက်တို့ သည်
မိမိကိုယ်ကိုမိမိ ရန်သူကဲ့သို့ပြုလုပ်၏ ။ ဆိုးရွားသောအကျိုးကိုပေးတတ်သည့် မကောင်းမူ့ ကိုပြုလျှက် လှည့်စားနေထိုင်ကြ၏ ။

*** လူမိုက်သည် မိမိပြုသော မကောင်းမူ့ အကျိုးမပေးသေးသမျှ ကာလပတ်လုံး မကောင်းမူ့ ကို နှစ်သက် ၀မ်းမြောက်စွာ ပျားသကာကဲ့သို့ ထင်မှတ်၏ ။ သူ၏မကောင်းမူ့ အကျိုးပေးသောအခါ ထိုလူမိုက်သည်
ဆင်းရဲဒုက္ခသို့ ရောက်ရလေ၏ ။


*** လူမိုက်မှာရှိသော အတတ်ပညာသည် ထိုလူမိုက်၏ အကျိုးမဲ့ပျက်စီးရန်အတွက်သာဖြစ်၏ ။
ဖြူစင်သောကောင်းမူ့ နှင့် ပညာတည်းဟူသော ဦးထိပ်ကိုပြတ်၍ကျစေတတ်၏ ။

*** လူမိုက်ပင်ဖြစ်သော်လည်း မိမိမိုက်ကြောင်း သိသောသူ သည် ဤကဲ့သို့  အမှန်သိတတ်သဖြင့် ပညာရှိ မည်၏ ။ လူမိုက်ဖြစ်၍ မိမိကိုယ်ကို ပညာရှိဟု မှတ်ထင်သောသူကို မိမိမိုက်ကြောင်းကိုမျှ မသိတတ်သဖြင့် တကယ့်ပညာမဲ့ လူမိုက်ဟုခေါ်၏ ။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )