Sunday, June 14, 2009

ဘုရားရှင်၏အဆုံးအမ




ရှေးဦးစွာမိမိကိုယ်တိုင်သင့်လျှော်ကောင်းမြတ်သောအကျင့်ကိုကျင့်ရာ၏၊
နောက်မှသူတပါးကိုဟောပြောဆုံးမရာ၏၊ ထိုသို့ ကျင့်သောပညာရှိသည် (သူတပါးကဲ့ရဲ့ ခြင်းဘေးမှကင်းလွတ်၍) စိတ်ပင်ပမ်းနွမ်းညစ်ခြင်းမဖြစ်ရာ။
သူတပါးကိုဆုံးမသကဲ့သို့ မိမိကိုယ်ကိုဆုံးမရာ၏(သူတပါးအားဟောသောတရားကိုမိမိကျင့်ရာ၏)
မိမိကိုယ်ကိုကောင်းစွာဆုံးမပြီးမှသူတပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကိုဆုံးမရန်ကားအလွန်ခဲယဉ်း၏
သူတပါးတို့ ၏အပြစ်ကိုမြင်လွယ်၏၊ မိမိ၏အပြစ်ကိုမြင်နိုင်ခဲ၏၊
သူတပါးတို့ ၏အပြစ်ကိုဖွဲလွင့်သကဲ့သို့ လျှင်ပြုတတ်၏ မိမိ၏အပြစ်ကိုကားဖုံးကွယ်တတ်၏။
(ဓမ္မပဒ)

Thursday, June 11, 2009

ဒုစရိုက် (၁၀) ပါး





ကာယဒုစရိုက် = ကာယကံ (၃) ပါး
ဝစီဒုစရိုက် = ၀စီကံ (၄) ပါး
မနောဒုစရိုက် = မနောကံ (၃) ပါး တို့ ဖြစ်ပါသည်။

*************************************************************************************

ကာယဒုစရိုက် = ကာယကံ (၃) ပါး
(၁) ပါဏာတိပါတ = သူတပါးအသက်ကိုသတ်ခြင်း၊
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှတ်တို့ ဖြင့် မပေးအပ်သောသူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = သူတပါးသားမယားတို့ အားမှားယွင်းစွာဖေါက်ပြန်ကျူးလွန်ခြင်း။

*************************************************************************************

ဝစီဒုစရိုက် = ၀စီကံ (၄) ပါး
(၁) မုသာဝါဒ = မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း၊
(၂) ပိသုဏ၀ါစာ = ချောပစ် ကုန်းတိုက်ခြင်း ၊ ချစ်သူနှစ်ဦး ကွဲသွားအောင်၊ သို့ မဟုတ်
မိမိအား ချစ်ခင်လာအောင်ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်နေသော
မိတ်ဆွေနှစ်ဦးတို့ ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း၊
(၃) ဖရုသ၀ါစာ = ကြမ်းတမ်းစွာဆဲရေးတိုင်းထွာပြောဆိုခြင်း၊
(၄) သမ္ဖပလာပ = မိမိသူတပါး နှစ်ဦးသားလုံးဝအကျိုးမရှိသောစကားပြောဆိုခြင်း၊

*************************************************************************************

မနောဒုစရိုက် = မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ = သူများစည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝနေသည်ကိုမြင်သောအခါ "ထိုစည်း
စိမ် ချမ်းသာများ ငါ၏ဥစ္စာဖြစ်လာပါမူ ကောင်းလေစွဟု" သူတပါး၏
စည်းစိမ်ချမ်းသာအပေါ် မကောင်းကြံစည်ခြင်း၊
(၂) ဗျာပါဒ = သူတပါးပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = လှူခြင်းသည် အကျိုးမရှိ ၊ မလှူခြင်းသည်အပြစ်မရှိ စသည်ဖြင့် မှားယွင်းစွာယူခြင်း၊

ဤ ဒုစရိုက် (၁၀) ပါးကို အကုသလကမ္မပထတရား (၁၀) ပါးဟုလည်းခေါ်၏၊
အကုသလ = [ အကုသိုလ် + ကမ္မ=ကံ + ပထ = အပါယ်ရောက်ကြောင်းလမ်း]

Saturday, June 6, 2009

*မဟာဗုဒ္ခ၀င်အကျဉ်း*



၁။ နိယတဗျာဒိတ်ပေးသောဘုရား~~~~~ ဒီပင်ကရာဘုရား

၂။ နိယတဗျာဒိတ်ပေးသောနေ့ ~~~~~ ကဆုန်လပြည့်နေ့ 


၃။ နိယတဗျာဒိတ်ရသောဘ၀~~~~~ သုမေဓာရှင်ရသေ့

၎။ ပါရမီဖြည့်ရသောကာလ~~~~~ လေးသင်္ချေနှင့်ကမ္ဘာတသိန်း

၅။ ပါရမီဖြည့်ဖက်~~~~~ သုမိတ္တာ (ယသော်ဓရာအလောင်းလျှာ)

၆။ ပါရမီတော်ခရီးနောက်ဆုံးဘ၀~~~~~ ဝေသန္တရာမင်း

၇။ သန္ခေတော်ယူမည့်ဘ၀~~~~~ သုတိသာနတ်ပြည်သေတကေတုနတ်သား

၈။ သန္ခေယူသောနေ့ ~~~~~ သက္ကရာဇ် ၆၇ ခုဝါဆိုလပြည့်ကြာသာပတေးနေ့ 

၉။ ဖွားမြင်တော်မူသောနေ့ ~~~~~ ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ 

၁၀။ ဖွားမြင်ရာဋ္ဋာန~~~~~ ကပ္ဖိလ၀တ်ပြည်နှင့်ဒေ၀ဒဟပြည်ကြားရှိလုမ္မနီအင်ကြင်းတော

၁၁။ ဖွားဖက်တော်ခုနှစ်ဦး~~~~~ ကာဠုဒါယီ ၊ ယသော်ဓရာ ၊ အာနန္ဒာ ၊ ဆန္ဒခဏ္ဍကမြင်း ၊ ရွှေအိုးကြီးလေးလုံး ၊ မဟာဗောဓိပင်

၁၂။ မြတ်စွာဘုရားရှင်၏နာမည်တော်~~~~~ သိဒ္ခတ္ထကုမာရ


၁၃။ ခမည်းတော်~~~~~ သီရိသုဒ္ခေါဒနမင်း

၁၄။ မယ်တော်~~~~~ သီရိမဟာမာယာဒေ၀ီ

၁၅။ မိထွေးတော် ~~~~~ မဟာဇာပတိ ဂေါတမီ

၁၆။ ကြင်ရာတော်~~~~~ ယသော်ဓရာ ( ဘဒ္ဒကဉ္စန)


၁၇။ သားတော် ~~~~~ ရာဟုလာ

၁၈။ တိုင်းပြည်တော် ~~~~~ သက္ကလတိုင်းကပ္ဖိလ၀တ်ပြည်

၁၉။ နန်းစံနှစ် ~~~~~ ၁၆ နှစ်မှ ၂၉ နှစ်ထိ (၁၃) နှစ်

၂၀။ နန်းမသုံးဆောင် ~~~~~ ၇မ္မ၊ သုဘ ၊ သုရမ္မ

၂၁။ နမိတ်ကြီးလေးပါး ~~~~~ သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း

၂၂။ တောထွက်တော်မူသောနေ့ ~~~~~ မဟာသက္ကရာဇ် ၉၇ ခုနှစ်ဝါဆိုလပြည့်တနင်္လာနေ

၂၃။ ဒုက္ခစရိယာကျင့်သောအချိန်ကာလ ~~~~~ ၉၇ ခုမှ ၁၀၃ အထိ ၆ နှစ်

၂၄။ ဒုက္ခစရိယာကျင့်ရာဌာန ~~~~~ ဥတုဝေလတော


၂၅။ ဘုရားဖြစ်တော်မူသောနေ့ ~~~ သက္ကရာဇ် ၁၀၃ ခုနှစ်ကဆုန်လပြည့် ဗုဒ္ခဟူးနေ့ နှင့်လပြည့်ကျော်တရက်
ကူးလုဆဲအာရုံတက်ချိန်


၂၆။ ဘုရားဖြစ်တော်မူသောနေရာ ~~~~~ ဗောဓိပင်ခြေရင်းအပ္ဖရာဇိတပလ္လင်တော်


၂၇။ ဓမ္မစင်္ကြာတရားဦးဟောသောနေ့  ~~~~~ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့်စနေနေ့ 

၂၈။ ဓမ္မစင်္ကြာဟောရာဌာန ~~~~~ ဗာရာနသီပြည်အနီးက္ကုသိပတနမိဂဒါဝုန်တော

၂၉။ တရားဟောသောနှစ်ပေါင်း ~~~~~ ၄၅ နှစ် နှင့် ၄၅ ၀ါ လုံး နေ့ စဉ်သတ္တ၀ါများအတွက်နာရီ ၂၀ ကျော်

၃၀။ နောက်ဆုံးသက်တော် ~~~~~ သက်တော် ( ၈၀ ) ၀ါတော် ( ၄၅ ) ၀ါ

၃၁။ ပရိနိဗ္မာန်စံယူတော်မူသောနေ့ ~~~~~ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့  အာရုန်တက်ချိန်

၃၂။ ပရိနိဗ္မာန်စံတော်မူရာဌာန ~~~~~ ကုသိန္နာရုံပြည်အင်ကြင်းဥယျာဉ်

၃၃။ တေဇောဓာတ်လောင်သောနေ့ ~~~~~ ၁၄၈ ခု ကဆုန်လပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့

၃၄။ ကြွင်းကျန်ခဲ့သောဓာတ်တော်များ ~~~~~ စွယ်တော် ( ၄ ) ဆူ၊ ညှပ်ရိုးတော် ( ၂ ) ဆူ ၊ သင်းကျစ်တော်

( ၁ ) ဆူ ၊ အသမ္ဘိန္နဓာတ်တော် ( ၇ ) ဆူ နှင့်အရိုးတော်တို့ သည် မုညှင်းစေ့ပမာဏ ဆန်ကြိုးပမာဏ စိတ်ကွဲပြီး ဓာတ်တော် မွေတော် ( ၈ ) စိတ် ( ၂ ) တင်း ခန့် ကို ကိသမ္ဘိန္နဓါတ်တော်ဟု ခေါ်သည်

Wednesday, June 3, 2009

မြတ်စွာဘုရားရှင်၏ပါရမီတော်ဆယ်ပါး




"မြတ်စွာဘုရားရှင်၏ပါရမီတော် (၁၀) ပါး
*************************************
(၁) ဒါနပါရမီ =ပေးကမ်းလှူဒါန်းစွန့် ကြဲမူ့ ကိုဖြည့်ကျင့်ခြင်း။

(၂) သီလပါရမီ = သီလစောင့်ထိန်းမူ့ ကိုဖြည့်ကျင့်ခြင်း။

(၃) နေက္ခမ္မပါရမီ = ကာမဂုဏ်မှထွက်မြောက်မူ့ ကိုဖြည့်ကျင့်ခြင်း။

(၄) ပညာပါရမီ = ဥာဏ်ပညာတိုးပွါးရင့်ကျက်မူ့ ကိုဖြည့်ကျင့်ခြင်း။

(၅) ၀ိရိယပါရမီ = ဇွဲလုံးလစွမ်းပကားကြီးမားစေရန်ဖြည့်ကျင့်ခြင်း။

(၆) ခန္တီပါရမီ = သည်းခံခွင့်လွှတ်မူ့ အငြိုးမထားမူ့ ကိုဖြည့်ကျင့်ခြင်း။

(ရ) သစ္စာပါရမီ = အမှန်အတိုင်းပြောဆို၍ပြောသည့်အတိုင်းလိုက်နာကျင့်သုံးခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ = စိတ်ဆုံးဖြတ်ထားသည့်အတိုင်းခိုင်မြဲစွာလိုက်နာကျင့်သုံးခြင်း။

(၉) မေတ္တာပါရမီ = သူတပါးအကျိုးစီးပွားအတွက်အစဉ်ထာဝရအားဖြင့်မေတ္တာရှေ့ထားဆောင်ရွက်ခြင်း။

(၁၀) ဥပေက္ခာပါရမီ = ချစ်ခြင်းမုန်းခြင်းမရှိကောင်းဆိုးနှစ်တန်ကိုခံနိုင်ရည်ရှိအောင်ဖြည့်ကျင့်ခြင်း။